အောက်တိုဘာလအတွင်းမှာတော့ ဒေါ်လာစျေးက တဖြေးဖြေးကျဆင်းလာတာဖြစ်ပါတယ်။

ပြီးခဲ့တဲ့ စက်တင်ဘာလအထိ တရိပ်ရိပ်မြင့်တက်လာခဲ့တဲ့ ဒေါ်လာစျေးနဲ့ရွှေစျေးဟာ ယခု အောက်တိုဘာလအတွင်းမှာတော့ ဆက်တိုက်ကျဆင်းလာပါတယ်။

ဒေါ်လာစျေးဟာ စက်တင်ဘာလကုန်မှာ တစ်ဒေါ်လာ (၂၇၀၀)(၂၉၀၀)ကျော်ထိပေါက်စျေးရှိခဲ့ရာကနေ တဖြေးဖြေးကျဆင်လာခဲ့ရာမှာ ဒီကနေ့ အောက်တိုဘာလ (၂၇)ရက်နေ့မှာတော့ တစ်ဒေါ်လာကို (၁၈၀၀) ကျော်သာ ပေါက်စျေးရှိတော့တာပဲဖြစ်ပါတယ်။



photo - AFP

တစ်လနီးပါး ဆက်တိုက်ကျဆင်းလာတဲ့ ဒေါ်လာစျေးဟာ နောက်ရက်တွေမှာလည်း ဖြေးဖြေး ကျဆင်းလာနိုင်တယ်လို့ သိရပါတယ်။ 

“ ဒီနေ့ဆို (၁၈၂၇)ပဲပေါက်တယ်။ တဖြေးဖြေးကျလာတာပေါ့။ ဒီရက်ပိုင်းတော့ စျေးက အကျဘက်များနေတော့ အရောင်းအဝယ်ကို သတိထားပြီးလုပ်နေရတယ်။ အရင်လောက်လည်း အရောင်းအဝယ်မသွက်တော့ဘူး။ ဒေါ်လာစျေးကတော့ ဒီပုံစံတိုင်းဆို တဖြည်းဖြည်းနဲ့ပဲ တစ်ရက်တစ်ရက် ကျလာနိုင်တယ်လို့မြင်တယ်”လို့ ဒေါ်လာအရောင်းအဝယ်လုပ်ကိုင်သူတစ်ဦးက ပြောပါတယ်။ 

ဒေါ်လာစျေး ဟာ (၂၉၀၀)၊ (၃၀၀၀)ထိ အမြင့်ဆုံးရောက်ရှိခဲ့ရာကနေ တစ်လအတွင်းမှာ ၁၀၀၀ ‌ကျော် ပြန်လည်ကျဆင်းသွားခဲ့သလိုပဲ ပြည်တွင်းရွှေးစျေးကလည်း အောက်တိုဘာလအတွင်းမှာဘဲပြန်လည်ကျဆင်းခဲ့ပါတယ်။

ဒေါ်လာစျေးကတော့ နေ့စဉ် အပြောင်းအလဲရှိနေပေမယ့်လည်း ပြည်တွင်းရွှေစျေးနှုန်းကတော့ နိုဝင်ဘာလအတွင်းမှာ (၂၂)သိန်းကျော်အထိပေါက်စျေးရှိခဲ့ရာကနေ လွန်ခဲ့တဲ့ နှစ်ပတ်ကစလို့ ယနေ့အထိ ၁ကျပ်သား (၁၈)သိန်းကျော်နဲ့သာ စျေးငြိမ်နေတာလည်းဖြစ်ပါတယ်။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က