ရန်ကုန်က (၁)ဦး၊ ရှမ်းပြည်နယ်က (၁)ဦးဖြစ်ပါတယ်။

ဒီကနေ့ည (၈)နာရီထုတ်ပြန်ချက်အရ COVID - 19 အတည်ပြုလူနာ နှစ်ဦးထပ်တိုးခဲ့ပြီး နှစ်ဦးစလုံးက ယူအေအီးနိုင်ငံကနေ ကယ်ဆယ်ရေးလေယာဉ်နဲ့ ပြန်လည်ခေါ်ဆောင်လာတဲ့သူတွေ ဖြစ်တယ်လို့ သိရပါတယ်။ 

ထပ်တိုးလူနာ နှစ်ဦးစလုံးက အမျိုးသမီးတွေဖြစ်ပြီး အသက် (၃၄)နှစ်အရွယ် လူနာနံပါတ် (၁၉၂)က ရှမ်းပြည်နယ်တောင်ကြီးမြို့ကဖြစ်ကာ အသက်(၆၀)နှစ်အရွယ် လူနာနံပါတ် (၁၉၃)ကတော့ ရန်ကုန်တိုင်းဒေသကြီးတောင်ဥက္ကလာပမြို့နယ်ကဖြစ်ပါတယ်။ 



" အခုနောက်ပိုင်း ပြည်ပကပြန်လည်ဝင်ရောက်တဲ့သူတွေက ကယ်ဆယ်ရေးလေယာဉ်နဲ့ ပြန်လည်ခေါ်ဆောင်လာတဲ့သူတွေပါပဲ။ အခုလူနာ နှစ်ဦးကလည်း ယူအေအီးကနေပြန်ခေါ်လာတဲ့သူတွေဆိုတော့ သူတို့နဲ့အတူ ဘယ်နှစ်ဦးပါလာလဲဆိုတာတော့ ခုချိန်မှာမသိရသေးပါဘူး" လို့ သင်္ကန်းကျွန်းမြို့နယ် လွှတ်တော်ကိုယ်စားလှယ် ဦးနေဘုန်းလတ်က Duwun ကိုပြောပါတယ်။

လူနာနှစ်ဦးလုံးက မြန်မာနိုင်ငံကို ပြန်လည်ရောက်လာတဲ့နေ့မှာပဲ Quarantine တန်းဝင်ရတာဖြစ်ပြီး အသွားအလာကန့်သတ်စောင့်ကြည့်ခဲ့တာဖြစ်ပါတယ်။ ရန်ကုန်တိုင်း တောင်ဥက္ကလာပမြို့နယ်က လူနာကတော့ တောင်ဥက္ကလာပမြို့နယ် (၉)ရပ်ကွက်၊ ကျော်သူလမ်း(၂၀)ကဖြစ်တယ်လို့ သိရပါတယ်။

" အခုလူနာက မြန်မာနိုင်ငံကို ပြန်ရောက်ရောက်ချင်း Quarantine တန်းဝင်ရတာဆိုတော့ တောင်ဥက္ကလာပမြို့နယ်ထဲကို မရောက်လာတဲ့အတွက် သူနဲ့ ထိတွေ့ထားသူတွေမရှိပါဘူး။ ထိတွေ့ထားသူတွေမရှိပေမယ့်လည်း သူ့ရဲ့နေအိမ်ကို lock Down လုပ်၊ မလုပ်ဆိုတာကိုတော့ တာဝန်ရှိသူတွေရဲ့ ညွှန်ကြားချက်အတိုင်းလုပ်ဆောင်မှာပါလို့ တောင်ဥက္ကလာပမြို့နယ် လွှတ်တော်ကိုယ်စားလှယ် ဒေါ်သစ်သစ်မြင့်က Duwunကိုပြောပါတယ်။

ယခုရက်ပိုင်းအတွင်း ပိုးတွေ့လူနာတွေအားလုံးက ပြည်တွင်းကူးစက်မှုမဟုတ်ဘဲ ပြည်ပကပြန်လည်ဝင်ရောက်လာသူတွေဖြစ်ပါတယ်။ 

လက်ရှိအချိန်ထိ ပြည်ပကပြန်လည်ဝင်ရောက်လာသူတွေကို စိစစ်လက်ခံလျှက်ရှိနေပြီး သက်ဆိုင်ရာဒေသအလိုက် Quarantine ထားတာပဲဖြစ်ပါတယ်။ 

မြန်မာနိုင်ငံအတွင်း COVID 19 ကင်းစင်နယ်မြေက ကယားပြည်နယ်တစ်ခုသာကျန်ရှိနေပြီး ကယားပြည်နယ်မှာ ပြည်ပကပြန်လည်ဝင်လာရောက်လာသူ (၁၀)ဦးကို Quarantine ထားရှိထားတယ်လို့သိရပါတယ်။ ဒီကနေ့ည (၈)နာရီထုတ်ပြန်ချက်အထိ မြန်မာနိုင်ငံမှာ COVID 19 အတည်ပြု လူနာ (၁၉၃)ဦးရှိပြီး ရောဂါကင်းစင်သူ (၁၀၄)ဦးမှာ ဆေးရုံကဆင်းခွင့်ရသူ (၉၁)ဦးရှိပါတယ်။





ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က