ဒီကနေ့မှာပိုးတွေ့လူနာသစ်ထပ်တိုးခဲ့ခြင်းမရှိပါဘူး။

ကလေးမြို့က ပိုးတွေ့ လူနာ (၃)ဦး နဲ့ ပန်းဘဲတန်းမြို့နယ်က သေဆုံးလူနာ အသက် ၈၅ နှစ်အရွယ် လူနာအမှတ် ၃၉ ကတစ်ဆင့်ကူးစက်ခံရသူ လူနာ (၂)ဦး စုစုပေါင်း လူနာ (၅) ဦးမှာ ရောဂါပိုးကင်းစင်သွားပြီလို့ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနက ဒီကနေ့ မေလ ၁၅ ရက် ည ၈ နာရီထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။

ကလေးမြို့က လူနာ (၃) ဦးမှာ လူနာအမှတ် ၁၁၅၊ ၁၁၆ နဲ့ ၁၁၇ တို့ဖြစ်ပြီး လူနာအမှတ် ၃၉ ကကူးစက်ခံရသူ လူနာ (၂) ဦးမှာ လူနာအမှတ် ၆၅ နဲ့ ၆၇ တို့ဟာ နှစ်ကြိမ်ဆက် Negative ပြသွားပြီလည်းဖြစ်ပါတယ်။ ဒီကနေ့ ည ထုတ်ပြန်ချက်အရတော့ လူနာသစ်ထပ်တိုးခဲ့ခြင်းမရှိဘဲ နှစ်ကြိမ်ဆက်ပိုးမတွေ့လူနာ ၅ ဦးတိုးလာတာကြောင့် ပိုးကင်းစင်သူ ၈၉ ဦးအထိ ရှိလာပြီလည်းဖြစ်ပါတယ်။



ပိုးကင်းစင်သူ ၈၉ ဦးရှိတဲ့အနက် ၇၄ ဦးကိုတော့ ဆေးရုံကဆင်းခွင့်ပြုထားပြီး သတ်မှတ်နေရာတွေမှာ အသွားအလာကန့်သတ်စောင့်ကြည့်နေတယ်လို့လည်းသိရပါတယ်။ လက်ရှိအချိန်ထိ မြန်မာနိုင်ငံမှာ အတည်ပြုလူနာ ၁၈၁ ဦးရှိပြီး ပိုးကင်းစင်သူ ၈၉ ဦးနဲ့ သေဆုံးသူ ၆ ဦးရှိနေတယ်လို့ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနက ထုတ်ပြန်ထားပါတယ်။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က