ပြည်သူတွေ အားပေးမှု တခဲနက် ရရှိထားတဲ့ အကယ်ဒမီ မင်းသမီး အိန္ဒြာကျော်ဇင်က ဆိုရှယ် မီဒီယာတွေဖြစ်တဲ့ facebook, instagram အကောင့်တွေကို ယခုအချိန်ထိ အသုံးပြုခြင်းမရှိပဲ လက်ရှိ အိန္ဒြာကျော်ဇင်နာမည်နဲ့ စာမျက်နှာ အတုများစွာ ပေါ်ပေါက် နေကြောင်း အိန္ဒြာကျော်ဇင် Fan Page ဖြစ်တဲ့ Pathy Pathy Eaindra Kyaw Zin Crazy Pageမှာ ေမလ ၃၁ က တင်ထားတာကို တွေ့ရပါတယ်။
"အစ်မနာမည်နဲ့Page တွေအရမ်းများလာလို့ အခုလိုတင်လိုက်တာပါ။ မသိရင်အစ်မသုံးနေသလိုလိုတွေဖြစ်နေလို့ သတိချပ်စေချင်လို့ တင်ပေးလိုက်တာပါ။ အစ်မနာမည်နဲ့ Page တွေကအတုတွေလို့ပြောချင်ပါတယ်။ အစ်မသုံးနေတာမဟုတ်ပါဘူး။ ထင်ယောင်ထင်မှားတွေဖြစ်မှာစိုးတဲ့အတွက် တင်လိုက်တာပါ"လို့ အိန္ဒြာကျော်ဇင် Fan Page ဖြစ်တဲ့ Pathy Pathy Eaindra Kyaw Zin Crazy Pageမှတင်ထားပါတယ္။
Photo- Eaindra Kyaw Zin Fan Page
ထပ်မံပြီးတော့ ပြည်သူချစ်မင်းသမီးတစ်ယောက်ရဲ့ ပုံရိပ်ကိုထင်ယောင်ထင်မှားဖြစ်စေတဲ့ Page အတုတွေကို Share တွေ Like တွေမလုပ်ဖို့လည်း ပြောထားပါတယ်။
"အစ်မကိုချစ်လို့ဖွင့်တယ်ဆိုရင်တောင် Fan Pageအနေနဲ့ သုံးစေချင်ပါတယ်။ Page Adminတွေကိုလည်း နာမည်ချိန်းပေးဖို့ မေတ္တာရပ်ခံပါတယ်" လို့ ရေးထားခဲ့ပါတယ်။
Photo-Eaindra Kyaw Zin Fan Page
Pathy Pathy Eaindra Kyaw Zin Crazy Page Admin က တော့ သရုပ်ဆောင် အိန္ဒြာကျော်ဇင်ရဲ့ Fan စစ်စစ်ဖြစ်ပြီး Page က နေလည်းမင်းသမီးရဲ့ လှုပ်ရှားမှု၊ သတင်းတွေ နဲ့ ပတ်သက်လို့ တင်ပေးဖြစ်နေတဲ့ Page တစ်ခုလည်းဖြစ်ပါတယ်။ မအူဝဲရဲ့့အမာခံ ပရိသတ်တစ်ဦးအဖြစ် မအူဝဲနဲ့လည်း ရင်းနှီးသူဖြစ်ပါတယ္။ အခုလို သတင်းထုတ်ပြန်လိုက်ရတာကလည်း Page အတုတွေ အ နေနဲ့ မင်းသမီး ကိုယ်တိုင် အသုံးပြုနေသကဲ့သို့ ဓာတ်ပုံနှင့် စာသားများတင်နေတာက မင်းသမီးအူဝဲရဲ့ ပုံရိပ်ကို ထိခိုက်စေတာကြောင့် သတင်းထုတ်ပြန်လိုက်ရခြင်းဖြစ်တယ်လို့ ဆိုပါတယ်။
အကယ်ဒမီ မင်းသမီးအိန္ဒြာကျော်ဇင်ကတော့ မတ်လထဲမှာ ၅၀၅(က)အမှု နဲ့ ကင်းလွတ်ခွင့်ရရှိခဲ့ပြီးဖြစ်ပြီး လတ်တလောမှာတော့ မည်သည့်လှုပ်ရှားမှုမျိုးကိုမှ လုပ်နေခြင်းမရှိတာကိုတွေ့ရပါတယ်။
အကယ်ဒမီ အိန္ဒြာကျော်ဇင်ကတော့ အနုပညာသက်နှစ် (၃၀)ကိုရောက်ရှိခဲ့ပြီးဖြစ်ပြီး အကယ်ဒမီ၂ဆုကိုပိုင်ဆိုင်ထားတဲ့မင်းသမီးတစ်လက်ပဲဖြစ်ပါတယ်။ ၂၀၀၄ခု နှစ်မှာ "မျက်နှာများတဲ့ကောင်းကင်" ၊ ၂၀၁ရခု နှစ်မှာ "ရင်ဘတ်ထဲကဓား"တို့နဲ့အကောင်းဆုံး အမျိုးသမီးဇာတ်ဆောင်ဆုတို့ကိုရရှိခဲ့သူဖြစ်ပါတယ်။