ဘဏ်ဝန်ထမ်းများတွင်တော့ ကိုဗစ်၁၉ရောဂါပိုး မတွေရှိရပါဘူး

ယနေ့မနက်က ကျန်းမာရေးဝန်ကြီးဌာရဲ့ ထုတ်ပြန်ချက်အရ ကိုဗစ်၁၉ ပိုးတွေ့လူနာ ဆယ်ဦးရှိခဲ့ပြီး စစ်တွေမြို့မှ ကိုးဦး နှင့် မြောက်ဦးမြို့မှ တစ်ဦးဖြစ်ကြောင်း သိရပါတယ်။

ယနေ့မနက် ထပ်မံတွေ့ရှိတဲ့ ကိုဗစ် ၁၉ ပိုးတွေ့လူနာ ၁၀ ဦးတွင် အတည်ပြုလူနာအမှတ် ၃၇၅ ဘဏ်ဝန်ထမ်းနဲ့ ဆက်စပ်တဲ့ ဘဏ်ဝန်ထမ်းလေးဦးရဲ့မိသားစုဝင်် ကိုးဦးပါဝင်တယ်လို့ ဆိုပါတယ်။



ဓာတ်ပုံ-နိရဉ္စရာ

“ ဘဏ်ဝန်ထမ်းနဲ့ဆက်စပ်တာ ဟုတ်တယ် ။ ရဲနွယ်စုရပ်ကွက်က တစ်ဦး ၊ မကျည်းမြိုင်ရပ်ကွက်က ငါးဦး ၊ မင်းဘာကြီးလမ်းက တစ်ဦး ၊ ကမ်းနားလမ်း ငွေနဒီတိုက်ခန်းက နှစ်ဦးစုစုပေါင်းကိုးယောက်။ မြောက်ဦးကတစ်ယောက်ကတော့ သပ်သပ်ပေါ့ သူက မြောက်ဦးဆေးရုံက ” လို့ စစ်တွေမြို့နယ် ၊ ပြည်သူ့ကျန်းမာရေးဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး ဒေါက်တာစိုးဝင်းပိုင်က ပြောပါတယ်။

ရခိုင်ပြည်နယ် ၊ စစ်တွေမြို့တွင် သြဂုတ်လ ၁၆ရက်နေ့က အတည်ပြုလူနာအမှတ် ၃၇၅ ကိုတွေ့ရှိခဲ့ပြီးနောက် သူနဲ့ဆက်စပ်တဲ့ ပတ်ဝန်းကျင်က လူ ၉ ဦး ၊ ဘဏ်ဝန်ထမ်း ၂၉ ဦး နှင့် မိသားစုဝင်တွေကို စောင့်ကြည့်မှု လုပ်ဆောင်ခဲ့တာ ဖြစ်ပါတယ်။

ဓာတ်ပုံ-နိရဉ္စရာ

အတည်ပြုလူနာအမှတ် ၃၇၅ နှင့်ဆက်စပ်သည့် ဘဏ်ဝန်ထမ်းများတွင် ကိုဗစ်၁၉ရောဂါပိုး မတွေ့ရှိရဘဲ ယင်းဝန်ထမ်းများရဲ့ မိသားစုဝင်များတွင်သာ secondary contact အနေနဲ့ စုစုပေါင်း ၁၁ ဦးတွေ့ရှိိထားပါတယ်။ တစ်လကြာ ပြည်တွင်းကူးစက်မှု မရှိတော့တဲ့ ရခိုင်ပြည်နယ်မှာ သြဂုတ်လ ၁၆ ရက်နေ့ကမှစပြီး ပြည်တွင်းကူးစက်လူနာများ တွေ့ရှိခဲ့ရာ ယနေ့ (သြဂုတ်လ ၂၁ ရက်) မနက်အထိ စုစုပေါင်း ၁၉ ဦး တွေ့ရှိိိထားပြီ ဖြစ်ပါတယ်။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က