"စားကောင်း" ဆိုင်မှာတော့ ယိုးဒယားအရသာ ကွေ့တီယို၊ အထောင်းနဲ့ မွန်ရိုးရာ အစားအစာတွေနဲ့ အခြား အထောင်းတွေကိုလည်း အစုံရနိုင်ပါတယ်။ စားကောင်း ဆိုင်လေးမှာ အဓိက ရောင်းချတာကတော့ ယိုးဒယားအထောင်းအစုံအလင်ရနိုင်သလိုလူကြိုက်များတဲ့ ကွေ့တီယို၊မော်လမြိုင်မှာ မွန်လူမျိုးတွေ စားတတ်ကြတဲ့ မွန်လက်ရာအထောင်းတွေ နဲ့ သစ်သီးအစုံအချဉ်ပေါင်းတွေ ကိုပါစားနိုင်မှာပဲ ဖြစ်ပါတယ်။
လမ်းဘေးအချဉ်ပေါင်းလှည်းလေး
စားကောင်း ဆိုင်က အရင်က "စပ်ပြဲလန်" ဆိုတဲ့နာမည်နဲ့ လှည်းလေးနဲ့ စပြီး ဖွင့်ရောင်းဖြစ်ခဲ့တာ ဖြစ်ပြီးတော့ "စပ်ပြဲလန်"နာမည်လေးကနေ "စားကောင်း" လို့ နာမည်ပြောင်းလဲကာ ဖွင့်လှစ်ခဲ့တာဖြစ်ပါတယ်။ လှည်းလေးနဲ့ စဖွင့်ခဲ့ပေမယ့်လည်းပဲ လက်ရှိမှာဆိုရင် ဆိုင်ခန်း ငှားကာ ကြည့်မြင်တိုင် ညဈေးထဲက မုန့်စားတန်းထဲမှာ ဖွင့်လှစ် ရောင်းချနေပြီ ဖြစ်ပါတယ်။ ကွေ့တီယိုနဲ့မွန်လက်ရာ ရိုးရာ အစားအစာတွေနဲ့ အချဉ်ပေါင်းတွေကိုလည်း အစုံအလင်ရောင်းချပေးနေတာလို့သိရပါတယ်။ လူကြိုက်အများဆုံး ကတော့ လက်ဖက်ကြက်ဥပေါင်းသုံးပြီး ချက်ထားတဲ့ ယိုးဒယားကွေ့တီယိုနဲ့ ပင်လယ်စာအထောင်း ဖြစ်ပါတယ်။အရသာ ကောင်းပြီး ဈေးနှုန်းလည်းသင့်တင့် တာမို့ လူကြိုက်များတာလည်း ဖြစ်ပါတယ်။။
မွန်ရိုးရာ သင်္ဘောသီးထောင်း
မွန်လက်ရာ သင်္ဘောသီးထောင်း ဆိုတာ က ပုံမှန်စားနေကျ အရသာမျိုးနဲ့မတူဘဲ အရသာက ကွဲပြားပါတယ်။ မော်လမြိုင်ကမှာတဲ့ မရမ်းပြားကို သုံးထားပြီး ကြက်သွန်စိမ်းနဲ့ ငပိကိုသုံးပြီး ထောင်းတာဖြစ်လို့ အရသာက တမူထူးခြားစားကောင်းတာမျိုးပါ။ ရန်ကုန်မှာ ရောင်းချသူနည်းပါးတဲ့ မွန်ရိုးရာ အစားအစာ တစ် မျိူး ဖြစ်တဲ့ သစ်တိုသီးအချဉ်ပေါင်းကိုလည်း ဒီဆိုင်မှာ စားနိုင်မှာဖြစ်ပါတယ်။
ဈေးနှုန်းသင့်တင့်
ပင်လယ်စာ အထောင်းတစ်ပွဲမှာ အမယ်(၄)မျိုးပါဝင်ပြီး ဈေးနှုန်းအနေနဲ့လည်း သင့်တင့်တဲ့ဈေးနဲ့ရောင်းချပေးပါတယ်။ပါ၀င်ပစ္စည်းတွေကို မော်လမြိုင်က နေ ယူပြီး သုံးထားပြီး စားသုံးသူကို စေတနာ ထား ရောင်းပေးတဲ့ဆိုင်လေးတစ်ဆိုင်ပါ။
ဆိုင်လိပ်စာ
စားကောင်းဆိုင်မှာ မော်လမြိုင်မှာ စားကြတဲ့ အစားအစာလေးတွေရတာကြောင့် စားကောင်း မော်လမြိုင် ဆိုင် ဆိုပြီး လည်း လူသိများကြပါတယ်။ဆိုင်လိပ်စာကတော့ ကြည့်မြင်တိုင်လေဟာပြင်ညဈေး၊ မုန့်စားတန်း၊ (ဇ)ဈေးရုံအတွင်းမှာရှိပြီး ဈေးပိတ်တဲ့နေ့တွေဆို ဆိုင်ပိတ်ပါတယ်။