ဖရန်ကီဒီဂျောင်ကို ဘာစီလိုနာက လစာအပြည့်ပေးချေနိုင်ခြင်းမရှိပါဘူး။

ယူနိုက်တက်ကစားသမားဟောင်း ဂယ်ရီနဗီးလ်က ဖရန်ကီဒီဂျောင်အနေနဲ့ ဘာစီလိုနာရဲ့လုပ်ရပ်တွေအပေါ်မှာ တရားဥပဒေကြောင်းအရ ပြန်လည်ရင်ဆိုင်ဖို့ တိုက်တွန်းလိုက်ပါတယ်။ ဒီဂျောင်ဟာ ယူနိုက်တက်ရဲ့ ပစ်မှတ်ကစားသမားဖြစ်နေပြီး ဘာစီလိုနာနဲ့ ယူနိုက်တက်အကြားမှာလည်း ပြောင်းရွှေ့ကြေးအတွက် သဘောတူညီထားပါတယ်။



ဒါပေမယ့် ကစားသမားအနေနဲ့ အသင်းဆီက လစာအကြွေး ပေါင် (၁၇) သန်းဝန်းကျင်ပြန်ရဖို့ ကျန်ရှိနေပါတယ်။ ဒီဂျောင်က ဒီအကြွေးမရဘဲ ဘာစီလိုနာကနေ ထွက်ဖို့ ငြင်းဆန်ထားပါတယ်။ အဲ့ဒါကြောင့်လည်း ဘာစီလိုနာက ကစားသမားကို အသင်းမှာဆက်နေဖို့အတွက် လစာ (၅၀) ရာခိုင်နှုန်းလျှော့ယူဖို့ ထပ်မံကမ်းလှမ်းခဲ့ပါတယ်။

ဘာစီလိုနာဟာ လက်ရှိနွေရာသီအပြောင်းအရွှေ့မှာ ခရစ္စတန်ဆန်၊ ကက်ဆီ၊ ရာဖင်ဟာ နဲ့ လီဝန်ဒေါစကီးတို့ကို ခေါ်ယူထားပါတယ်။ ဒီလိုမျိုး ကစားသမားသစ်တွေ ခေါ်ယူထားသည့်တိုင် အသင်းမှာရှိတဲ့ ကစားသမားတွေကို လစာအပြည့်မပေးတဲ့အပေါ် ဂယ်ရီနဗီးလ်က မခံမရပ်နိုင်ဖြစ်နေတာပါ။ ဂယ်ရီနဗီးလ်က “ဖရန်ကီဒီဂျောင်အနေနဲ့ ဘာစီလိုနာကို ဥပဒေကြောင်းအရ ရင်ဆိုင်တရားစွဲသင့်ပါတယ်”

“နောက်ပြီး ကစားသမားအားလုံးကလည်း ဒီဂျောင်ဘက်က ရပ်တည်ပေးသင့်ပါတယ်။ အသင်းမှာရှိတဲ့ ကစားသမားတွေကို လစာအပြည့်မပေးဘဲ ကစားသမားသစ်တွေခေါ်ဖို့ ငွေသုံးနေတာက အကျင့်ပျက်ယုတ်ညံ့ပြီး စည်းကမ်းဖောက်ဖျက်မှုတခုပါ။ ဒီလိုအနိုင်ကျင့်တဲ့လုပ်ရပ်အပေါ် FIFPRO အနေနဲ့လည်း ကျော်လွန်နိုင်သင့်ပြီး ရပ်တန့်ပေးရပါမယ်” လို့ ပြောကြားသွားခဲ့ပါတယ်။

ဘာစီလိုနည်းပြဇာဗီကလည်း ဒီဂျောင်ကို ဗဟိုနောက်ခံလူနေရာ ထားကစားဖို့ စကားလမ်းကြောင်းပေးထားပြီး ဒီလုပ်ရပ်က ဒီဂျောင်ကို ဘာစီလိုနာကနေ မထွက်,ထွက်အောင် တမင်တကာ လုပ်ဆောင်တာဖြစ်တယ်လို့ ဝေဖန်နေကြပါတယ်။ 

Share

Loading Next Article...
က္က