အသက် ၂၃ နှစ်အရွယ် MrBeast ဟာ ပိုက်ဆံအကုန်အကျခံ စတန့်တွေ လုပ်ပြပြီး YouTube မှာ နာမည်ကျော်တဲ့သူတစ်ဦး ဖြစ်ပါတယ်။

၂၀၂၁ အတွက် YouTube Rich List ၁၀ ဦးစာရင်းမှာ အသက် ၇ နှစ်နဲ့ ၁၀ နှစ်အရွယ် ကလေးငယ်နှစ်ဦးလည်း ပါဝင်နေပါတယ်။

Google ပိုင် ကမ္ဘာကျော် အွန်လိုင်းဗွီဒီယို Sharing ပလက်ဖောင်းရဲ့ တစ်နှစ်တာ ဝင်ငွေအမြင့်ဆုံး Content Creator ၁၀ ဦးစာရင်းကို Forbes မဂ္ဂဇင်းက ထုတ်ပြန်လိုက်ရာမှာ MrBeast လို့ ခေါ်တဲ့ YouTuber က နံပါတ်တစ်ဝင်ငွေအမြင့်ဆုံးလို့ ဖော်ပြထားပါတယ်။ နာမည်အရင်း ဂျင်မီ ဒိုနယ်လ်ဆင်ကို YouTube ပလက်ဖောင်းပေါ်မှာ MrBeast လို့ လူသိများပါတယ်။ 



Photo: bigworldtale


အသက် ၂၃ နှစ်အရွယ် MrBeast ဟာ ပိုက်ဆံအကုန်အကျခံ စတန့်တွေ လုပ်ပြပြီး YouTube မှာ နာမည်ကျော်တဲ့သူတစ်ဦး ဖြစ်ပါတယ်။ ပြီးခဲ့တဲ့နှစ်ထဲမှာ သူဟာ မြေတွေ ထည့်ထားတဲ့ ရေချိုးကန်ထဲ ထိုင်နိုင်သူကို ပေါင် ၇၃၀၀ ပေးတာ ၊ ကိုယ်ပိုင်ဗားရှင်း Squid Games ပုံစံ ဖန်တီးတာမျိုးတွေ လုပ်ခဲ့ပါတယ်။သူ့ရဲ့ YouTube ချန်နယ်ကို subscribe လုပ်ထားသူ ၈၈.၃ သန်းကျော် ရှိထားပြီး Video Views ၁၄.၄ ဘီလျံကျော် ရထားပါတယ်။ ၂၀၂၁ ခုနှစ်အတွက် သူ့ရဲ့ YouTube ဝင်ငွေဟာ ဒေါ်လာ ၅၄ သန်း (ပေါင် ၃၉ သန်း) ရှိတယ်လို့ Forbes က ဆိုပါတယ်။ 

MrBeast ဟာ သူ့နာမည်နဲ့ ဘာဂါတစ်မျိုးပါ ထုတ်ထားပြီး အမေရိကန်က ဆိုင်ပေါင်း ၁၆၀၀ ကျော်မှာ မှာစားနိုင်အောင် လုပ်ထားပါတယ်။ ၂၀၂၁ အတွက် MrBeast ရဲ့ ဝင်ငွေဟာ ၂၀၂၀ YouTube Rich List နံပါတ်တစ်ဖြစ်ခဲ့တဲ့ အသက်၁၀ နှစ်အရွယ် ရွိင်ယန်ခါချ်ထက် နှစ်ဆနီးပါး များခဲ့တာပါ။ အသက် ၁၀ နှစ်အရွယ် ရွိုင်ယန်လေးဟာ ၂၀၂၁ မှာ ဝင်ငွေ ဒေါ်လာ ၂၇ သန်းနဲ့ သတ္တမနေရာကို ရောက်သွားခဲ့ပြီ ဖြစ်ပါတယ်။



YouTube Rich List 2021 ဒုတိယနေရာမှာ လက်ဝှေ့ဖိုက်တာ ဂျိတ်ခ်ပေါလ်က ‌ဒေါ်လာ ၄၅ သန်းနဲ့ ရပ်တည်နေပါတယ်။ ၂၀၂၁ ထဲမှာ သူဟာ ဘန်အက်ခ်ရန် နဲ့ တစ်ပွဲ ၊ တိုင်ရွန် ဝူးဒ်လေနဲ့ နှစ်ပွဲ စုစုပေါင်း သုံးပွဲထိုးခဲ့ပြီး သုံးပွဲလုံး နိုင်ခဲ့ပါတယ်။ နာမည်ကျော် လိုဂန်ပေါလ်နဲ့ ညီအစ်ကိုတော်တဲ့ ဂျိတ်ခ်ပေါလ်ဟာ ၂၀၁၈ ကတည်းက YouTube ဝင်ငွေအကြမ်းဆုံး ၁၀ ဦးစာရင်းဝင်သူလည်း ဖြစ်ပါတယ်။ 

၂၀၂၁ အတွက် ဝင်ငွေအမြင့်ဆုံး YouTuber ၁၀ ဦးရဲ့ ဝင်ငွေစုစုပေါင်းဟာ ဒေါ်လာသန်း ၃၀၀ အထိ ရှိနေပါတယ်။ 



ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က