ရော်နယ်ဒိုရဲ့ လှုပ်ရှားပုံတွေကို အသေးစိတ် လေ့လာထားတာပါ။

မန်စီးတီးတိုက်စစ်မှူး ဟာလန်းက ရော်နယ်ဒိုရဲ့ ကစားပုံတွေကို YouTube ကတစ်ဆင့် လေ့လာလေ့ရှိကြောင်း ဖွင့်ဟပြောကြားလာပါတယ်။ ဟာလန်းဟာ အနာဂတ် ဘောလုံးလောကကို ဦးဆောင်မယ့် တိုက်စစ်ကစားသမားအဖြစ် သတ်မှတ်ခံထားရသူပါ။



ပြီးခဲ့တဲ့ရာသီမှာ မန်စီးတီးအတွက် ပြိုင်ပွဲစုံ​သွင်းဂိုး (၅၂) ဂိုးအထိ သွင်းယူပြီး ခြေစွမ်းပြနိုင်ခဲ့ပါသေးတယ်။ ဒါ့အပြင် ဟာလန်းက အသင်းနဲ့ ပထမဆုံးရာသီမှာ ပရီးမီးယားလိဂ်၊ အက်ဖ်အေနဲ့ ချန်ပီယံလိဂ်ဖလားတို့ကို သမိုင်းဝင် ဆွတ်ခူးနိုင်ခဲ့သူပါ။
ဒီလိုမျိုး ဟာလန်းက “ကျွန်တော် ရော်နယ်ဒိုရဲ့ ပင်နယ်တီဧရိယာအတွင်း လှုပ်ရှားပုံတွေကို YouTube ကတစ်ဆင့် အမြဲတမ်း လေ့လာခဲ့တာကို မှတ်မိပါတယ်။ သူက နေရာလွတ်ထဲကို မဝင်ခင် နှစ်ကြိမ်၊ သုံးကြိမ်လောက် အရွေ့ပြပြီး ပြိုင်ဘက်ဗဟိုနောက်ခံလူတွေနဲ့ ရင်ဆိုင်တိုင်း ဒါမျိုး လုပ်လေ့ရှိပါတယ်”
“ဒါကို ပြီးပြည့်စုံအောင်လုပ်ဖို့ ချိန်သားကိုက်မှုက အရေးကြီးပါတယ်။ အဲ့ဒါဆိုရင် သေချာပေါက် ကောင်းသွားပါပြီ။ ဒါပေမယ့် ခင်ဗျားက ကောင်းမွန်တဲ့ ဖြတ်တင်ပေးပို့မှု မရဘူးဆိုရင် ခေါင်းတိုက်ဂိုးသွင်းနိုင်ဖို့ မဖြစ်နိုင်ပါဘူး။ သူ ယူနိုက်တက်နဲ့ ရီးရဲလ်မက်ဒရစ် ကစားသမားဘဝ အစောပိုင်းနှစ်တွေမှာ ကစားခဲ့တဲ့ပုံစံကို သတိရပါတယ်”
“အဲ့ဒီအချိန်တွေမှာ သူက ရီးရဲလ်မက်ဒရစ်အတွက် တိုက်စစ်မှူး ပိုဆန်လာခဲ့ပါတယ်။ သူ့လုပ်ပုံကိုင်ပုံတွေက တကယ်ကို အံ့အားသင့်ဖို့ ကောင်းပြီး ဂိုးသွင်းတာတွေရောပေါ့။ သေးငယ်တဲ့ လှုပ်ရှားမှုပဲဖြစ်ရင်တောင် ဒါက နောက်ခံလူတွေကို ဒုက္ခပေးနိုင်ပါတယ်” လို့ ပြောကြားသွားခဲ့ပါတယ်။

Share

Loading Next Article...
က္က