ကလေးသရုပ်ဆောင် ဘဝကတည်းက အတူတူသရုပ်ဆောင်ခဲ့ရတဲ့ ရုပ်ရှင်နဲ့ ဗီဒီယို သရုပ်ဆောင် ဒေါ်စံပယ်ဆီသို့ အိစိကွေးတစ်ယောက် သွားရောက်သတင်းမေးမြန်းခဲ့ပါတယ်။
ကလေးသရုပ်ဆောင် ဘဝကတည်းက အတူတူသရုပ်ဆောင်ခဲ့ရတဲ့ ရုပ်ရှင်နဲ့ ဗီဒီယို သရုပ်ဆောင် ဒေါ်စံပယ်ဆီသို့ အိစိကွေးတစ်ယောက် သွားရောက်သတင်းမေးမြန်းခဲ့ပါတယ်။ အိစိကွေးဟာ လူနာသတင်းသွားမေးရင်းနဲ့ ဒေါ်စံပယ်အတွက် ဆေးဖိုးအလှူငွေတချို့နဲ့ ဒေါ်စံပယ်အား ရှိစေဖို့ဆိုတဲ့ စိတ်လေးနဲ့ မြူစွမ်ပြုတ်လေးကိုလည်း သွားပို့ခဲ့တယ်လို့ သိရပါတယ်။
"ဒီနေ့ အိစိ ငယ်ငယ်တည်းကအတူတူ သရုပ်ဆောင်လာတဲ့အန်တီ စံပယ် ကို အလှူငွေနဲ့ အားရှိအောင် မြူစွမ်ပြုတ်လေး သွားပို့ပေးခဲ့ပါတယ်" ဆိုပြီး အိစိကွေးရဲ့ ဖေ့စ်ဘွတ်မှာ စက်တင်ဘာ(၁၂) ရက်နေ့က ရေးသားထားတာတွေ့ရပါတယ်။
ရုပ်ရှင်နဲ့ ဗီဒီယို သရုပ်ဆောင် ဒေါ်စံပယ်ဆီရဲ့ ကျန်းမာရေး အခြေအနေဟာ အရမ်းကို ဆိုးဝါးနေတာကြောင့် အလှူငွေတွေလည်း အများကြီး လိုအပ်ကြောင်းကိုလည်း သူ့ရဲ့ ဖေ့စ်ဘွတ်ကတစ်ဆင့် ပြောထားတာလည်း တွေ့ရပါတယ်။ အကယ်၍ ဒေါ်စံပယ်အတွက် လှူဒါန်းလိုတဲ့ မိတ်ဆွေများ ရှိရင်လည်း အိစိကွေးကို ဆက်သွယ်နိုင်ကြောင်း ဆက်လက်ပြောထားပါသေးတယ်။
နှလုံးရောဂါ ခံစားနေရတဲ့ ဒေါ်စံပယ်ဟာ လက်ရှိမှာ ကျောက်ကပ်ပါ ဖြစ်နေတဲ့အတွက် ခြေတွေလက်တွေ ဖောရောင်တာ ဖြစ်ပြီ ခန္ဓာကိုယ်မှာ သွေးလုံးဝမရှိတဲ့ အခြေအနေ ဖြစ်နေတယ်လို့ စက်တင်ဘာ(၁၀)ရက်နေ့က Duwun Media က သွားရောက်သတင်းမေးမြန်းရာမှာ သားဖြစ်သူက မိခင်ရဲ့ အခြေအနေကို ပြောပြခဲ့ တာလည်း ဖြစ်ပါတယ်။
"လက်ရှိကျန်းမာရေးက မောတယ်။ နှလုံးက အရမ်းမောတယ်။ အခုမှ သွေးတွေလုံးဝမရှိတော့ဘူး။ သွေးကြောတွေ အကုန်ပိတ်ကုန်တယ်။ မအိပ်ရဘူး အော်နေရတယ်။ လှဲအိပ်လို့မရဘူး။ ပိုက်ဆံလည်း မရှိဘူး။ အိမ်မှာဆို သေလောက်မယ်။ သက်သာတယ်လောက်ပဲ ရှိတာ။ သွေးတွေလည်း သွင်းနေရတာ။ " လို့ ဒေါ်စံပယ်က ခံစားနေရတဲ့ ရောဂါနဲ့ ပတ်သက်ပြီး ပြောပြခဲ့ပါတယ်။
အသက် ၄ နှစ်ခွဲအရွယ်ကတည်းက သရုပ်ဆောင်အလုပ် လုပ်လာတဲ့ အိစိကွေးကိုတော့ အခုချိန်ထိ ပရိသတ်တွေက အရမ်းကိုချစ်ခင် အားပေး လျှက်ရှိကြပါတယ်။ သူ့အနေနဲ့ အခုအရွယ်မှာ မော်ဒယ်လ်မင်းသားတွေလို အရပ်အမောင်း၊ ခန္ဓာကိုယ်အချိုးအစားတွေ မရှိပေမယ့် အိစိကွေး ကိုအားပေးကြတဲ့ ပရိသတ်တွေဟာ သရုပ်ဆောင်အရည်အချင်းကိုသာ အားပေးကြတာဖြစ်တယ်လို့ သိရပါတယ်။ ပရိသတ်တွေ အားပေးရ ကျိုးနပ်အောင်လည်း ထပ်ကြိုးစားသွားဦးမယ်လို့ သိရပါတယ်။ ကျောင်းပညာရေးကို ဦးစားပေးနေရတဲ့ သူ့အနေနဲ့ အနုပညာအလုပ်တွေကို တဖြည်းဖြည်းနဲ့ ဆက်လုပ်နေဖြစ်တယ်လို့ သိရပါတယ်။