လီဗာပူးနဲ့မန်စီးတီးတို့ဟာ ဒီကနေ့ညမှာ ယှဉ်ပြိုင်ကြမှာပါ။

ပွဲစဉ်-၁၂ရဲ့အကောင်းဆုံးပွဲစဉ်တစ်ပွဲဖြစ်တဲ့အပြင် ဂုဏ်သိက္ခာပိုင်းအရရော ချန်ပီယံဆုအတွက်ပါအရေးပါတဲ့ပွဲစဉ်အဖြစ် လီဗာပူးနဲ့မန်စီးတီးတို့ အားပြိုင်ကြမှာပါ။ လက်ရှိမှာ လီဗာပူးက အမှ တ် ပေးဇယားကို ဦးဆောင်နေတဲ့အ သင်းပီပီပွဲစဉ်တိုင်း အမှားအယွင်းမရှိသေးပါဘူး။ မန်စီးတီးအတွက်ကတော့ ဒီပွဲကအသက်တမျှအရေးပါတဲ့ပွဲစဉ် တစ်ပွဲလို့ ဆိုနိုင်လို့ ခြေချော်ခဲ့မယ်ဆိုရင် လည်း စနေညကနိုင်ပွဲကိုယ်စီရထားတဲ့လက်စတာ၊ချဲလ်ဆီးတို့ရဲ့ ကျော်တက်ခြင်းကိုခံရမယ့်အပြင် အဆင့်-၄နေရာအထိဆင်းပေးရဖို့ရှိနေပါတယ်။ နှစ်သင်းလုံးအတွက်အရေးပါဆုံးဖြစ် လာ မယ့် ပွဲစဉ်မှာ ဘယ်အသင်းက ရလဒ်ကောင်းသွားမလဲဆိုတာကတော့ . . .။

လီဗာပူး Vs မန်စီးတီး ( ၁၀-၁၁-၂၀၁၉၊ ည ၁၁းဝ၀)

ထိပ်တိုက်တွေ့ဆုံမှု

လီဗာပူး ၁-၁ မန်စီးတီး

မန်စီးတီး ၂-၁ လီဗာပူး

လီဗာပူး ၀-၀ မန်စီးတီး

မန်စီးတီး ၁-၂ လီဗာပူး

မန်စီးတီး ၁-၂ လီဗာပူး


လီဗာပူးအသင်းရဲ့ ပရီးမီးယားလိဂ်နောက်ဆုံး ၃ပွဲရလဒ်

အက်စတွန်ဗီလာ ၁-၂ လီဗာပူး

လီဗာပူး ၂-၁ စပါး

မန်ယူနိုက်တက် ၁-၁ လီဗာပူး


မန်စီးတီးအသင်းရဲ့ ပရီးမီးယားလိဂ်နောက်ဆုံး ၃ပွဲရလဒ်

မန်စီးတီး ၂-၁ ဆောက်သမ်တန်

မန်စီးတီး ၃-၀ အက်စတွန်ဗီလာ

ခရစ္စတယ်ပဲလေ့စ် ၀-၂ မန်စီးတီး



နှစ်ဖက်အသင်းသတင်းများ

•   လီဗာပူးအသင်းရဲ့ အဓိက,ကစားသမားအများစု ဒဏ်ရာပြဿနာကင်းနေပြီး ကြံ့ခိုင်မှုပိုင်းလိုအပ်ချက် ရှိနေတဲ့ အသင်းခေါင်းဆောင်ဟန်ဒါဆင်ရဲ့နေရာမှာ မီလ်နာပွဲထွက်လာဖို့ရှိနေ။

•   ဒဏ်ရာပြဿနာရှိနေတဲ့ ဂိုးသမားအီဒါဆင်ရဲ့နေရာမှာ ၀ါရင့်ဂိုးသမားဘရာဗိုပွဲထွက်လာမှာဖြစ်လို့ အဂူ ရို၊ စတာလင်းတို့ကို ပွဲထွက်လူစာရင်းမှာ အသုံးပြုလာနိုင်။

•   ၄-၃-၂-၁ အခြေခံလာမယ့် လီဗာပူးရဲ့ ပွဲထွက်မှာ ဝစ်ဂျ်နယ်ဒန်၊ ဖာဘင်ဟိုကွင်းလယ်ပိုင်းကအတည်ငြိ မ်ဆုံးဖြစ်နေ။

•   ၄-၃-၃ ကစားကွက်မှာ အဂူရိုဦးဆောင်လာနိုင်သလို ဗဟိုခံစစ်မှူးတွေဒဏ်ရာပြဿနာရှိနေလို့ ဖာနန်ဒ င်ဟိုတို့ အဓိကနောက်ခံလူအဖြစ် မန်စီးတီးအသုံးပြုလာနိုင်။


ပွဲကြိုအချက်အလက်

•   လီဗာပူးအနေနဲ့ ပြိုင်ပွဲစုံနောက်ဆုံး ၆ပွဲတွင်၅ပွဲနိုင်၁ပွဲသရေရလဒ်ရရှိထားပြီးတိုက်စစ်က၁၆ဂိုးသွင်းပြီး ၁ဝဂိုးပြန်ပေးထားရ။

•   အစဉ်အလာအရ နောက်ဆုံး ၁၆၆ကြိမ်ထိပ်တိုက်တွေ့ဆုံမှုမှာ လီဗာပူးက ၇၉ကြိမ်နိုင် ၄၂ကြိမ်သရေကျ ထားပြီး မန်စီးတီးက ၄၅ကြိမ်ပြန်နိုင်ထား။

•   ပြိုင်ပွဲစုံနောက်ဆုံး ၆ပွဲကစားထားရာတွင် မန်စီးတီးအနေနဲ့ ၅ပွဲနိုင် ၁ပွဲသရေ ရလဒ်ရရှိထားခြင်းနဲ့အတူ ၁၆ဂိုးသွင်း ၄ဂိုးသာ ပြန်ပေးထားခဲ့။

•   မန်စီးတီးအနေနဲ့ လီဗာပူးအသင်းရဲ့ အိမ်ကွင်းမှာ သွားကစားတဲ့နောက်ဆုံး ၁၆ပွဲမှာ ရလဒ်ကောင်းရရှိဖို့ ရုန်းကန်ခဲ့ရပြီး နိုင်ပွဲမရှိခဲ့။


ဖြစ်နိုင်ဖွယ်လူစာရင်း

ဒဏ်ရာရ/ပွဲပယ်

လီဗာပူး   - ကလိုင်း၊ ရှာကွီရီ၊ မာတစ်ပ်၊ ဟန်ဒါဆန်(ကြံ့ခိုင်မှုမပြည့်ဝ)။

မန်စီးတီး   - ဆာနေးလ်၊ လာပေါ့ပ်၊ ရိုဒရီဂို၊ ဇီချန်ကို၊ ဒေးဗစ်ဆေးဗားလ်၊ အီဒါဆန်။

မာ့ခ်လော်ရန်ဆန်ရဲ့ သုံးသပ်မှု

လီဗာပူးအနေနဲ့ ချန်ပီယံဆုကိုရယူနိုင်ဖို့အကောင်းဆုံးအခြေအနေဖြစ်နေခဲ့ပါပြီ။ မန်စီးတီးကလည်း လက်ရှိချန်ပီ ယံဘွဲ့ကို ကာကွယ်ဖို့အတောင့်တင်းဆုံးအသင်းတစ်သင်းပါ။ မန်စီးတီးတည်ငြိမ်နေပေမယ့် ရလဒ်ပိုင်းမှာတော့လို အပ်ချက်ရှိနေပါတယ်။

ခန့်မှန်းရလဒ်

လီဗာပူး ၂-၀ မန်စီးတီး

Share

က္က