ဇာတ်လမ်းတွဲတွေကနေ ပရိသတ်တွေရဲ့ အားပေးမှု ရရှိထားတဲ့ ခေးဆက်သွင်က ကောလာဟလထွက်နေတဲ့ သတင်းတွေနဲ့ ပတ်သက်ပြီး ဖြေရှင်းထားတာတွေ့ရပါတယ်။
Photo : ခေးဆက်သွင်
ခေးဆက်သွင်က ကောလာဟလသတင်းတွေနဲ့ ပတ်သက်ပြီး သူ့ရဲ့ ခံစားချက်တွေကို ပြောပြလာတာတွေ့ရပါတယ်။ သူမအနေနဲ့ ဘယ်တုန်းကမှ စပွန်ဆာမထားခဲ့သလို ဘယ်အိမ်ထောင်ရှင်ယောကျ်ားနဲ့မှ မပြစ်မှားခဲ့ဖူးပါဘူးလို့ ဆိုပါတယ်။
“တစ်သက်လုံး သေတဲ့အထိ မှတ်ကြပါ ခေးဆက်သွင်က ဘယ်တုန်းကမှ Sponsor မထားခဲ့ပါဘူး ဘယ် အိမ်ထောင်ရှိယောကျာ်းကိုမှ မပြစ်မှားခဲ့ပါဘူး။ ဘယ်သူ့ဆီကမှ ထောက်ပံ့ကြေးနဲ့နေခဲ့ စားခဲ့တာ မရှိပါဘူး။ ရလိုစိတ်နဲ့ဘယ်တုန်းကမှ မတောင်းခဲ့ပါဘူး ဒီအနုပညာလမ်းကိုလျှောက်ဖို့
တစ်နေ့ထမင်းနှစ်နပ်စားရဖို့ ဂုဏ်တုဂုဏ်ပြိုင်လုပ်ဖို့အတွက် ခန္ဓာကိုယ်ရင်းတဲ့အလုပ် သေသည်အထိ မလုပ်ပါဘူး” ဆိုပြီး သူမရဲ့ ဖေ့စ်ဘွတ်မှာ မတ်လ(၃၀) ရက်နေ့က ရေးသားထားတာတွေ့ရပါတယ်။
Photo : ခေးဆက်သွင်
သူမအနေနဲ့ ကောလာဟလသတင်းတွေနဲ့ ပတ်သက်ပြီး ဖြေရှင်းလေ့ မရှိပေမယ့်လည်း မရှင်းတာကြာရင် စိတ်ဓာတ်အဆင့်အတန်းနိမ့်ကျတဲ့သူတွေရဲ့ စကားဝိုင်းမှာ အမှန်တရားဖြစ်သွားမှာစိုးလို့ ဖြေရှင်းခဲ့တာလို့ ဆိုပါတယ်။
သူမရဲ့ ပရိသတ်တွေကလည်း သူ့မကို စိတ်ဓာတ်မကျဖို့အတွက် အားပေးစကးတွေ ပြောထားတာတွေ့ရပါတယ်။
Photo : ခေးဆက်သွင်
ခေးဆက်သွင်ကိုတော့ MRTV-4 ရုပ်သံလိုင်းက ထုတ်လွှင့်တဲ့ ရုပ်သံဇာတ်လမ်းတွဲတွေကနေတဆင့် ပရိသတ်တွေအားပေးခဲ့ ကြတာ ဖြစ်ပါတယ်။ သူ့ အနေနဲ့ဝါရင့်စီနီယာကြီးတွေနဲ့အတူ တွဲဖက်သရုပ်ဆောင်လာရတဲ့ တစ်လျှောက် အနုပညာအရည်အသွေးတွေလည်း ပိုတိုးတက်လာလို့ အခုဆိုရင် ပရိသတ်တွေရဲ့ အားပေးချစ်ခင်မှုကို အရင်ကထက် ပိုင်ဆိုင်နေရပါပြီ။သူ့ကိုတော့ ဇာတ်လမ်းတွဲ မင်းသမီးတစ်ယောက်လို့တောင် ပရိသတ်တွေက တင်စားခေါ်ဝေါ်ထားကြပါတယ်။ တက်သစ်စအနုပညာရှင်တစ် ယောက်ဖြစ်ပေမယ့် ပေးလာတဲ့ ကာရိုက်တာတိုင်းအပေါ် ကြိုးကြိုးစားစား သရုပ်ဆောင်နိုင်ခဲ့လို့ ပရိသတ်ချစ် အနုပညာရှင် တစ်ယောက် ဖြစ်လို့လာပါပြီ။