အစ္စရေးက အံ့အားသင့်စရာတွေကို လုပ်ပြနေတာပါ။

ဖီဖာယူ-၂၀ ကမ္ဘာ့ဖလားပြိုင်ပွဲကတော့ ကွာတားဖိုင်နယ်အဆင့်ကို ရောက်ရှိနေပါပြီ။ ဒီနေ့မှာ တောင်ကိုရီးယား-နိုင်ဂျီးရီးယား၊ အမေရိကန်-ဥရုဂွေးတို့ရဲ့ ကွာတားဖိုင်နယ်ပွဲတွေကို ကစားမှာဖြစ်ပြီး မနေ့က ကစားခဲ့တဲ့ ပွဲစဉ် နှစ်ပွဲမှာတော့ အစ္စရေးက နာမည်ကျော်ဘရာဇီးလ်ကို ၃-၂ နဲ့ အနိုင်ယူကာ ဆီမီးဖိုင်နယ်တက်ခဲ့​ပြီး အီတလီကလည်း ကိုလံဘီယာကို ၃-၁ နဲ့ အနိုင်ယူခဲ့ပါတယ်။

အစ္စရေးလူငယ်အသင်းရဲ့ စွမ်းဆောင်ရည်ကတော့ တကယ်ကို အံ့အားသင့်စရာကောင်းခဲ့ပါတယ်။ ဘရာဇီးလ်က ဦးဆောင်ဂိုးတွေ အကြိမ်ကြိမ်ရခဲ့ပေမယ့် အစ္စရေးက လိုက်လံချေပခဲ့ကာ အဖိုးတန်အနိုင်ဂိုးကိုပါ သွင်းယူနိုင်ခဲ့ပါတယ်။ ပုံမှန်ပွဲကစားချိန်အတွင်း ၁-၁ ဖြစ်နေခဲ့ပြီး အချိန်ပိုမှာ ဘရာဇီးလ်က ထပ်ဦးဆောင်ခဲ့ပေမယ့် အစ္စရေးက ချေပဂိုးနဲ့ အနိုင်ဂိုးတွေ သွင်းယူခဲ့ကာ ဗိုလ်စွဲဖို့ ရေပန်းစားနေတဲ့ ဘရာဇီးလ်ကို ကွာတားအဆင့်ကနေ ဖြုတ်ချနိုင်ခဲ့ပါတယ်။ 

အစ္စရေးဟာ အုပ်စုအဖွင့်ပွဲမှာ အရေးနိမ်ခဲ့သလို ဒုတိယပွဲမှာလည်း သရေကျခဲ့လို့ အုပ်စုကတက်ဖို့တောင် ရုန်းကန်ခဲ့ရတာပါ။ နောက်ဆုံးပွဲမှာ ဂျပန်ကို အနိုင်ရခဲ့လို့ ၁၆ သင်းအဆင့်ကို ရောက်ခဲ့ပြီး ဥဇဘက်ကို ထပ်မံအနိုင်ရကာ နာမည်ကျော်ဘရာဇီးလ်ကိုလည်း မထင်မှတ်ဘဲ အနိုင်ယူသွားခဲ့တာဖြစ်ပါတယ်။ 

အစ္စရေးကတော့ အမေရိကန်နဲ့ ဥရုဂွေးပွဲစဉ်က အနိုင်ရတဲ့ အသင်းနဲ့ ဆီမီးဖိုင်နယ်မှာ ရင်ဆိုင်ရမှာပါ။ တဖက်မှာတော့ အီတလီက တောင်ကိုရီးယား-နိုင်ဂျီးရီးယားပွဲရဲ့ အနိုင်ရအသင်းနဲ့ ရင်ဆိုင်ရမှာဖြစ်ပါတယ်။ အိမ်ရှင်အာဂျင်တီးနား၊ နာမည်ကျော်ဘရာဇီးလ်တို့ကတော့ ပြိုင်ပွဲကနေ စောစောစီးစီး လက်ပြနှုတ်ဆက်ခဲ့ရပါပြီ။ 

Share

Loading Next Article...
က္က