အက်ရှ်လေကိုးလ်က ပထမပိုင်းမှာတင် အနီကတ်ထိခဲ့တာပါ။

မနေ့ညက ကစားခဲ့တဲ့ အင်္ဂလန်ယူ-၂၁ နဲ့ စပိန်ယူ-၂၁ တို့ရဲ့ ယူရို ယူ-၂၁ ချန်ပီယံရှစ် ဗိုလ်လုပွဲမှာ အင်္ဂလန်ယူ-၂၁ က ပါးလ်မားရဲ့ တစ်လုံးတည်းသော ဖရီးကစ်သွင်းဂိုးနဲ့ အနိုင်ရရှိခဲ့ပါတယ်။ ဒီဂိုးကို အင်္ဂလန်တို့ သွင်းယူပြီးခဲ့တဲ့နောက်မှာတော့ နှစ်ဖက်အသင်းကစားသမားတွေ၊ နည်းပြအဖွဲ့ဝင်တွေအကြားမှာ ပြဿနာ အကြီးအကျယ်ဖြစ်ပွားခဲ့ပါတယ်။



ပါးလ်မားက သူ့ရဲ့သွင်းဂိုးအတွက် အကြီးအကျယ် အောင်ပွဲခံရာကစလို့ ပြဿနာဖြစ်ပွားခဲ့ပြီး နှစ်သင်းကြား ပြဿနာတက်ခဲ့ပြီး အင်္ဂလန်နည်းပြအဖွဲ့ဝင်တစ်ယောက်ဖြစ်တဲ့ အက်ရှ်လေကိုးလ်နဲ့အတူ စပိန်နည်းပြအဖွဲ့ဝင်တစ်ယောက်လည်း အထုတ်ခံခဲ့ရပါတယ်။ သတင်းတွေရဲ့ဖော်ပြချက်အရ သူတို့နှစ်ယောက်ဟာ အဝတ်လဲခန်းထဲ သွားရာ ဥမင်လိုဏ်ခေါင်းထဲမှာတောင် ပြဿနာတက်ခဲ့သေးကြောင်း သိရှိရပါတယ်။

ဒါ့အပြင် ကစားသမားထဲက အင်္ဂလန်ကစားသမား ကိုလ်ဝဲလ်နဲ့ စပိန်ကစားသမား အိုဟန်ဆန်ဆက်တို့လည်း အဝါကတ် အသီးသီး ပြသခံခဲ့ရပါတယ်။ ဒီပွဲမှာ အသက် (၄၂) နှစ်အရွယ် အက်ရှ်လေကိုးလ် အနီကတ်ထိခဲ့တဲ့အပေါ် ပရိသတ်တွေက မယုံကြည်နိုင်ဖြစ်နေပြီး ဆိုရှယ်မီဒီယာပေါ်မှာ နောက်ပြောင်နေကြပါတယ်။

အက်ရှ်လေကိုးလ်ဟာ အင်္ဂလန်လက်ရွေးစင်ဟောင်းတစ်ယောက်ဖြစ်ပြီး အင်္ဂလန်အသင်းအတွက် ကစားပေးနေချိန်မှာ အနီကတ်မထိခဲ့ဖူးပေမယ့် အခု နည်းပြအဖွဲ့ဝင်ထဲ ရောက်လာမှပဲ အနီကတ်ထိခဲ့တာဖြစ်ပါတယ်။ အဲ့ဒါကြောင့်လည်း ပရိသတ်တွေက “အက်ရှ်လေကိုးလ်က (၂၀၂၃) ခုနှစ်မှာ အနီကတ်ပြခံနေရပါတယ်။ ဒါမျိုးကို မြင်ရ၊ ရေးရလိမ့်မယ်လို့ ကျွန်တော် မထင်ခဲ့ပါဘူး”

“အက်ရှ်လေကိုးလ်တစ်ယောက် ယူ-၂၁ ဗိုလ်လုပွဲမှာ အထုတ်ခံရတယ်လို့ ခင်ဗျားသွားပြောရင် လူတွေက ခင်ဗျားကို ရူးနေတယ်ထင်ကြမှာ” အက်ရှ်လေကိုးလ်က ယူရို ယူ-၂၁ ချန်ပီယံရှစ်ဗိုလ်လုပွဲမှာ အထုတ်ခံရတယ်တဲ့။ နောက်ပြီး ဒါက (၂၀၂၃) ခုနှစ်မှာ ဖြစ်ခဲ့တာပါ” လို့ အသီးသီး မှတ်ချက်ပေးခဲ့ကြပါတယ်။ 


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က