၆ ပတ်လောက်အနားယူနေခဲ့ရသူပါ။

စပါးနဲ့ ကစားခဲ့တဲ့ ဒီဇင်ဘာ ၁၉ ရက်နေ့က ပွဲမှာ ခြေဖဝါးဒဏ်ရာရပြီး အနားယူနေခဲ့ရတာ ဖြစ်ပါတယ်။

၆ ပတ်လောက် အနားယူနေခဲ့ရတဲ့ အမ်ခီတာယန်းကတော့ ယူ-၂၃ အသင်းနဲ့ ပထမဆုံး ပြန်လည်စမ်းသပ်မှု ခံယူနိုင်ခဲ့ပြီလို့ The Sun သတင်းဌာနက ဖော်ပြလာပါတယ်။ ဒီဇင်ဘာ ၁၉က စပါးနဲ့ ကစားခဲ့တဲ့ပွဲမှာ ခြေဖဝါးဒဏ်ရာရရှိပြီး အနားယူနေခဲ့ရတာ ဖြစ်ပြီး အခုအခါမှာတော့ ပြန်လည် သက်သာလာခဲ့တာ ဖြစ်ပါတယ်။ အမ်ခီတာယန်းအနေနဲ့ အာဆင်နယ် ယူ-၂၃ နဲ့ ဝက်စ်ဟမ်း ယူ-၂၃ အသင်းတို့ ကစားခဲ့ကြတဲ့ ပွဲစဉ်မှာ ပွဲထွက် ပါဝင်ခဲ့တာလည်း ဖြစ်ပါတယ်။

ဒါကြောင့် အသင်းကြီး နည်းပြ အူနိုင်းအမ်မရီကတော့ ဟတ်ဒါဖီးလ်အသင်းနဲ့ ကစားရမယ့် လာမယ့် ပရီးမီးယားလိဂ်ပွဲမှာ အမ်ခီတာယန်းကို ပြန်လည်ခေါ်ယူတော့မယ်လို့လည်း သတင်းတွေ ထွက်ပေါ်လာပါတယ်။

အာဆင်နယ်အသင်းမှာ ကစားသမားအများစု ဒဏ်ရာပြဿနာနဲ့ ကြုံတွေ့နေရချိန် အမ်ခီတာယန်းရဲ့ ပြန်လည် သက်သာလာတဲ့ သတင်းကတော့ အူနိုင်းအတွက် စိတ်သက်သာရာရခဲ့ပြီလို့ဆိုရမှာပါ။

အာဆင်နယ်အသင်းကတော့ ပြီးခဲ့တဲ့အပတ်က မန်စီးတီးကို ၃-၁ ဂိုးနဲ့ရှုံးလို့ အဆင့် ၆ နေရာအထိ ဆင်းသက် ပေးခဲ့ရပြီး ချန်ပီယံလိဂ်ဝင်ခွင့်အတွက် လက်ကျန်ပွဲတွေမှာ အမှတ်တွေ များများ ထပ်မံ ဆုံးရှုံးလို့ အဆင်မပြေတော့မယ့် အခြေအနေနဲ့ ရင်ဆိုင်နေရပါပြီ။

Share

Loading Next Article...
က္က