၂ပွဲပါဝင်ကစားပြီးချိန်မှာ အသင်းအတွက် ၃ ဂိုးသွင်းပေးထားနိုင်ပြီ ဖြစ်ပါတယ်။
ဒါဘီကို ၃-၀ နဲ့ အဝေးကွင်းမှာ အနိုင်ရခဲ့တဲ့ အက်ဖ်အေဖလား ပဥ္စမအဆင့်ပွဲစဥ်မှာအသင်းအတွက် တစ်ဦးတည်း ၂ဂိုးသွင်းယူပေးနိုင်ခဲ့တဲ့ နိုင်ဂျီးရီးယားတိုက်စစ်မှူး အီဂါလိုက ဘယ်သူဘာပြောပြောဂရုမစိုက်ဘူးလို့ ထုတ်ဖော် ပြောလာတဲ့အကြောင်းBBC SPORT သတင်းဌာနကဖော်ပြလာပါတယ်။
အသက် ၃၀အရွယ် အီဂါလိုကို ယူနိုက်တက်က ရာသီကုန်အထိ အငှားစာချုပ်နဲ့ ခေါ်ယူခဲ့တာဖြစ်ပြီး ခေါ်ယူစဥ်မှာ ခြေစွမ်းပိုင်းနဲ့ ပတ်သက်ပြီး ဝေဖန်မှုအချို့ရှိခဲ့ပါတယ်။
ဒါပေမယ့်လည်း ပါဝင်ကစားထားတဲ့ ၂ပွဲမှာ သွင်းဂိုး ၃ ဂိုးအထိသွင်းယူထားပြီး သူဟာ ထိပ်တန်းအဆင့်ရှိကြောင်း သက်သေပြထားနိုင်ပါတယ်။
“ကျွန်တော့်ကစားဖော်တွေ၊နည်းပြတွေနဲ့ ပရိသတ်တွေ ယုံကြည်မှုပေးနေသ၍ ကျွန်တော် ကျန်တာဘာမှ ဂရုစိုက်ပါဘူး။လုပ်စရာရှိတာ လုပ်ဆောင်ဖို့သာလိုပြီး ဒီရာသီမှာ အကောင်းဆုံး ဖြစ်အောင် ကြိုစားပါမယ်။”လို့ အီဂါလိုက ပြောလာတာပါ။
အီဂါလိုကိုတော့ ယူနိုက်တက် နည်းပြ ဆိုးလ်ရှားက အသင်းမှာ အဓိက တိုက်စစ်မှူး ရက်ရှ်ဖို့ဒ် ဒဏ်ရာကြောင့် အနားယူနေရချိန် အသင်းအတွက် အထောာက်အပံ့ဖြစ်စေဖို့ ခေါ်ယူခဲ့တာပါ။