လေယာဉ်ပျက်တဲ့နေ့က အရမ်းကိုကြောက်နေခဲ့တာပါတဲ့။

ခင်လေးနွယ်တစ်ယောက် ယုသန္တာတင်နဲ့အတူ သွားခဲ့တဲ့ မန္တလေးခရီးစဉ်ကတော့ သူမအတွက် တန်ဖိုးမဖြတ်နိုင်တဲ့ ခရီးစဉ်တစ်ခု ဖြစ်ခဲ့ပါတယ်တဲ့။ ဒီခရီးကိုလည်း ယုသန္တာတင်က ခင်လေးနွယ်ကို အတင်းခေါ်ခဲ့တာပါတဲ့။

ယုသန္တာတင်နဲ့ ခင်လေးနွယ်တို့ သူငယ်ချင်းနှစ်ယောက် အတူတူ ခရီးထွက်တဲ့အချိန်မှာပဲ လေယာဉ်ပျက်တဲ့ အခြေအနေနဲ့ ကြုံတွေ့ခဲ့တဲ့အကြောင်း ယုသန္တာတင်က အမှတ်တရ ပြောပြလာပါတယ်။

‘’ဒီတစ်ခေါက်သွားတဲ့ ခရီးဆိုရင် သူမလိုက်ချင်ဘူး။ အဲဒါနဲ့ သူ့ကို ကိုယ်တစ်ယောက်တည်းသွားရမှာမို့လို့ပါ။ လိုက်ခဲ့ပေးပါ ဆိုပြီး မသွားခင်တစ်ရက်အလိုမှာ အတင်းခေါ်လို့ ပါလာတာ။ ဟိုလည်းရောက်ရော အားလုံး ငြိမ်းချမ်းသွားမှပါ။ အဲဒါနင့်ကြောင့်တဲ့ နင်ခေါ်လို့ လိုက်လာတာဆိုပြီးတော့ ပြောရော’’ ဆိုပြီးတော့ လေယာဉ်မှူးကြီး ဦးမျိုးမြင့်ကို ဂုဏ်ပြုတဲ့ပွဲမှာ ဖြေဆိုခဲ့တာပါ။

Photo: Nay Min

ခင်လေးနွယ်ကတော့ လေယာဉ်ပျက်တဲ့အချိန်မှာ ယုသန္တာတင်ကို အပြစ်တွေတင်ရင်း ကြောက်နေခဲ့တာပါ။ ဒါပေမယ့်လည်း အန္တရာယ်ကြားမှာ နှစ်ယောက်အတူရှိခဲ့လို့ မမေ့နိုင်စရာ အမှတ်တရဖြစ်ခဲ့တယ်လို့ ခင်လေးနွယ်က ပြောပါတယ်။

‘’ဒါပေမယ့်လည်း ဒီနှစ်ယောက်က ကံတော်တော်စပ်တယ်လို့ ပြောလို့ရတာပေါ့နော်။ ဒီလိုမျိုး သေရေးရှင်ရေးမှာ ကြုံခဲ့ရတယ်၊ ဒီလို ကြုံပြီးတော့မှ အသက်ဘေးကနေ လွတ်သွားရတယ်ပေါ့။ ဒါကြောင့် အရမ်းတန်ဖိုးထားတယ်။ ဒါကြောင့် ဒီနှစ်ယောက်က ဘာပဲရှိရှိ စိတ်ထဲမှာ မထားနဲ့ တစ်ခါတည်းပြောပေါ့။ တစ်သက်လုံး ဒီလိုလေး သွားချင်တယ်’’ လို့ ဆိုပါတယ်။

Photo: Nay Min

ယုသန္တာတင်နဲ့ ခင်လေးနွယ်တို့ဟာ မေလ ၁၂ ရက်နေ့က မန္တလေးကိုသွားခဲ့တဲ့ ခရီးစဉ်မှာ သူတို့ လိုက်ပါ စီးနင်းခဲ့တဲ့ Myanmar National Airline လေယာဉ်ဟာ လေဆိပ်ကို ရောက်ခါနီးမှာပဲ စက်ချို့ယွင်းခဲ့တာ တွေ့ရပါတယ်။ ဒီဖြစ်စဉ်ကိုတော့ သရုပ်ဆောင်နေမင်းက ဗီဒီယိုနဲ့ရော၊ ဓာတ်ပုံနဲ့ပါ မှတ်တမ်းတင် ရိုက်ကူးခဲ့တာဖြစ်ပါတယ်။ ဒါပေမယ့် လေယာဉ်ပေါ်က ခရီးသည်တွေအားလုံး ထိခိုက်ဒဏ်ရာ မရှိခဲ့ကြပါဘူး။

Photo: A Linn Young

မန္တလေးခရီးစဉ်မှာတော့ သရုပ်ဆောင် နေမင်း၊ စည်သူမောင်၊ ယုသန္တာတင်၊ ခင်လေးနွယ်၊ မုဏ်းတို့လည်း ပါဝင်ခဲ့တာကို တွေ့ရပါတယ်။ ခရီးသည်တွေ အန္တရာယ်မဖြစ်အောင် ကြိုးစားမောင်းနှင်ခဲ့တဲ့ လေယာဉ်မှူးကြီးကိုလည်း ဂုဏ်ပြု မှတ်တမ်းတွေ ပေးခဲ့ကြပါတယ်။ အဲဒီနောက် ကျေးဇူးတင်စကားတွေလည်း ပြောထားကြပါသေးတယ်။

Share

Loading Next Article...
က္က