ပရိသတ်တွေဟာ လူမှုကွန်ရက်ပေါ်က ပို့စ်ထဲမှာ ရော်နယ်လ်ဒိုက ၎င်းရဲ့ ခြေသည်းတွေကို ခြေသည်းနီဆိုးထားတာကို သတိပြုမိခဲ့ကြပြီး အဲဒီလို လုပ်ရတဲ့နောက်ကွယ်မှာ အလွန်ကောင်းမွန်တဲ့ အကြောင်းအရင်းရှိနေပါတယ်။
ဘလွန်ဒေါ ၅ ဆုရှင်ဟာ ဆော်ဒီ အာရေဗျက ချွေးထုတ်ခန်း တစ်ခုမှာ အနားယူနေတဲ့ပုံကို မျှဝေခဲ့တာဖြစ်ပြီး ရော်နယ်လ်ဒိုဟာ ၎င်းရဲ့ ထူးခြားတဲ့ ကိုယ်ခန္ဓာကြံ့ခိုင်မှုကို ပြသခဲ့တာဖြစ်ပေမယ့်လည်း ပရိသတ်တွေက ပုံမှန်မဟုတ်တဲ့အရာတစ်ခုကို သတိပြုမိခဲ့တာဖြစ်ပါတယ်။
ပရိသတ်တွေဟာ ရော်နယ်လ်ဒိုရဲ့ ခြေသည်းမှာ အနက်ရောင် ခြေသည်းနီဆိုးထားတာကို အာရုံစိုက်မိခဲ့ကြတာဖြစ်ပြီး ပရိသတ်တစ်ဦးက “ငါပဲ တစ်ခုခု သတိမထားမိတာလား ဒါမှမဟုတ် တခြားလူတွေအားလုံးပဲ သတိမထားမိတာလား။ ရော်နယ်လ်ဒိုက သူ့ခြေသည်းမှာ ခြေသည်းနီဆိုးထာတာလား”လို့ ရေးသားခဲ့ပြီး နောက်ထပ်ပရိသတ်တစ်ဦးကတော့ “ကျွန်တော်သိတာကတော့ အမ်အမ်အေကစားတဲ့ အားကစားသမားတွေကတော့ သူတို့ရဲ့ ခြေသည်းအပေါ်ယံအလွှာကို အကာအကွယ်အနေနဲ့ ခြေသည်းနီ ဆိုးလေ့ရှိတယ်လို့ ပြောတာပဲ”လို့ မှတ်ချက်ပေးခဲ့ပါတယ်။
အသက် ၃၈ နှစ်အရွယ် တိုက်စစ်မှူးအနေနဲ့ ၎င်းရဲ့ ခြေသည်းတွေကို ခြေသည်းနီဆိုးထားရတဲ့ အကြောင်းအရင်းက ၎င်းရဲ့ ခြေသည်းအပေါ်ယံအလွှာကို ကာကွယ်ဖို့ ဖြစ်ပြီး Bild ရဲ့ ဖော်ပြချက်အရ အားကစားသမားတွေဟာ လေလုံတဲ့ ဖိနပ်တွေကို အစီးများတာကြောင့် အစိုဓာတ်ကြောင့် ခြေသည်းပေါ်မှာ မှိုနဲ့ ဘက်တီးရီးတီးယားတွေ မဖြစ်အောင် ကာကွယ်တဲ့အနေနဲ့ အပေါ်ယံအလွှာကို ခြေသည်းနီ ဆိုးကြတယ်လို့ သိရပါတယ်။