မြန်မာနိုင်ငံက နာမည်ကျော်အနုပညာရှင်တွေနဲ့ ယိုးဒယားက အနုပညာရှင်တွေ ပူးပေါင်းပြီး ရိုက်ကူးမယ့် ရုပ်ရှင်ဇာတ်ကားကြီး ကို Bo Bo Entertainment က ထုတ်လုပ်ပြီး ဒါရိုက်တာကိုပေါက်က စက်တင်ဘာလ အတွင်းမှာ ရိုက်ကူးသွားမှာဖြစ်ပါတယ်။ ထူးခြားတဲ့ရုပ်ရှင်ဇာတ်ကား ဖြစ်ဖို့အတွက် အခုကတည်းက သေသေချာချာ ပြင်ဆင်နေပါတယ်တဲ့။
ဒါရိုက်တာ ကိုပေါက်ဟာ စက်တင်ဘာလ အတွင်းမှာတော့ Bo Bo Entertainment က ရိုက်ကူးမယ့် ရုပ်ရှင်ဇာတ်ကား ကြီး အတွက် ပြင်ဆင်မှု တွေ လုပ်ဆောင်နေပြီဖြစ်ပါတယ်။ ဒီဇာတ်ကားကိုတော့ ထိုင်းနိုင်ငံ ဘန်ကောက်မြို့မှာ ရက် ၂၀ ကြာအောင် သွားရောက် ရိုက်ကူးမယ် လို့ ကြွေ ရုပ်ရှင်အထူးပြသပွဲကိုတက်ရောက်ရင်း Duwun Media ရဲ့ အင်တာဗျူးမှာဖြေဆိုခဲ့တာပါ။
'' ၉ လပိုင်းမှာ ဘိုဘိုအင်တာတိန့်မန့်ကနေ ဘန်ကောက်မှာ သွားရိုက်မယ့် ဇာတ်ကားလေးအတွက် ကျွန်တော် pre production အပိုင်း ကိုသေချာလေး ပြင်ဆင်နေပါတယ်။ ဇာတ်ကားနာမည်ကိုတော့ ကျွန်တော်စိတ်ကြိုက်မရွေးရသေးတဲ့အတွက် သေချာတော့ Confim မဖြစ်သေးပါဘူး'' လို့ ဆိုပါတယ်။
ဘန်ကောက်မှာ ရိုက်ကူးသွားမယ့် ရုပ်ရှင်ဇာတ်ကားကြီးထဲမှာ မြန်မာနိုင်ငံမှာရှိတဲ့ နာမည်ကျော်သရုပ်ဆောင်တွေ နဲ့ အတူ ယိုးဒယားက အနုပညာရှင်တွေလည်း ပါဝင်သရုပ်ဆောင်ကြမှာဖြစ်ပြီး ဇာတ်ကားအစအဆုံးကို ဘန်ကောက်မှာပဲ ရိုက်ကူးမယ်လို့ ကိုပေါက်က ဆက်လက် ပြောပြခဲ့ပါတယ်။
'' ပါဝင်မယ့် သရုပ်ဆောင်တွေက ပြေတီဦး၊ ကျော်ကျော်ဗို၊ အိချောပို၊ ပြီးတော့ ကိုခင်လှိုင်လည်း ပါမယ်၊ ပြီးတော့ ယိုးဒယားက မင်းသားတွေ၊ မင်းသမီးတွေလည်းပါမယ်။ ပရိသတ်တွေအတွက် ထူးထူးခြားခြားဖြစ်အောင်လို့လည်း Pre Production အပိုင်းမှာ သေသေချာချာလေး ပြင်ဆင်ထားတယ်'' လို့ သူကဆိုပါတယ်။
ဟာသကိုရိုးရိုးလေးပေးသွားမယ့် ဂျင်းကောင်အကြောင်းပြောလာတဲ့ ကိုပေါက်
ကိုပေါက်ရဲ့ လက်ရှိအနုပညာလှုပ်ရှားမှု အနေနဲ့ သက်ငယ်မုဒိန်းမှုကို ပညာပေးအဖြစ်ရိုက်ကူးလျှက်ရှိတဲ့ ဟစ်တိုင်ရုပ်ရှင်ဇာတ်ကား ကြီး ထဲမှာ ဗီလိန်ဇာတ်ရုပ် အဖြစ်ပါဝင်သရုပ်ဆောင်ထားတာဖြစ်ပါတယ်။ သရုပ်ဆောင် သန်းသန်းစိုးရဲ့ ခင်ပွန်းတစ်ယောက်အဖြစ် ပါဝင် သရုပ်ဆောင် ထားပြီး ဇာတ်လမ်းကောင်းလေးတစ်ခုဖြစ်တာကြောင့် လက်ခံရိုက်ကူးဖြစ်တဲ့အကြောင်းကို Duwun Media ကနေပြောပြခဲ့ ပါတယ်။
ကိုပေါက်ရဲ့ ကိုယ်ပိုင်ရုပ်ရှင်ထုတ်လုပ်ရေးဖြစ်တဲ့ သော်ဝန်းကြာဖြူ ရုပ်ရှင်ထုတ်လုပ်ရေးကနေ '' အသည်းလေးတွေ ပေးပါ'' ဆိုတဲ့ ရုပ်ရှင် ဇာတ်ကားကြီး ရိုက်ကူးထားတယ်လို့ သိရပါတယ်။ ဒီဇာတ်ကားကို ဆင်ဆာကြဖို့အတွက် စောင့်နေတယ်လို့ ပြောပါတယ်။ ၂၀၁၈ ခုနှစ် အတွင်းမှာလည်း ရုံတင်ဖြစ် မတင်ဖြစ်ကလည်း ရုံရှင်တွေပေါ်မှာ မူတည်တယ်လို့ ဆက်လက်ပြောပြခဲ့ပါတယ်။