ဂွာဒီယိုလာက သူ့အနေနဲ့ ချန်ပီယံလိဂ်ပွဲအပေါ် အာရုံစိုက်နေခဲ့တယ်လို့ ရည်ရွယ်ပြောဆိုခဲ့ပြီး တနင်္ဂနွေနေ့ရဲ့ ပွဲကြီးပွဲကောင်းကို လက်လွှတ်ခံခဲ့တယ်လို့ ပြောဆိုသွားခဲ့ပါတယ်။
မန်စီးတီးအသင်းနည်းပြဂွာဒီယိုလာက မန်ချက်စတာယူနိုက်တက် နဲ့ လီဗာပူးလ်အသင်းပွဲစဉ်ကို သူမကြည့်ရှုခဲ့ဘူးလို့ ပြောဆိုလိုက်ပါတယ်။ အဆိုပါပွဲကတော့ တစ်ဖက်တစ်ဂိုးစီနဲ့ သရေပွဲဖြစ်ခဲ့ပြီး လီဗာပူးလ်နဲ့ မန်စီးတီးကြားမှာ ရမှတ် ၈ မှတ်ကွာဟခဲ့ရာကနေ ၆ မှတ်သာ ကွာဟခဲ့ပြီး မန်စီးတီးအတွက်တော့ သတင်းကောင်းဖြစ်စေခဲ့တဲ့ ပွဲဖြစ်ခဲ့ပါတယ်။
မန်စီးတီးအနေနဲ့ ပရီးမီးယားလိဂ်ဖလားကို ၃ နှစ်ဆက်တိုက်ရယူနိုင်ဖို့ ပစ်မှတ်ထားနေတဲ့အသင်းဖြစ်ပါတယ်။ ဒါပေမယ့် ဒီရာသီမှာ လီဗာပူးလ်ရဲ့ ခြိမ်းခြောက်မှုကို ခံနေခဲ့ရပြီး ရာသီအစမှာပဲ အမှတ်ကွာဟချက်များပြားနေခဲ့တာဖြစ်ပါတယ်။ ဂွာဒီယိုလာက သူ့အနေနဲ့ ချန်ပီယံလိဂ်ပွဲကို အာရုံစိုက်နေတယ်လို့လည်း ပြောဆိုခဲ့တယ်လို့ Talk Sport က ဖော်ပြခဲ့ပါတယ်။
"အိုးထရက်ဖို့ဒ်ပွဲကို ကျွန်တော်မကြည့်ဖြစ်ခဲ့ပါဘူး၊ အတ္တလန္တာနဲ့ပွဲကလည်း ရှိနေပါတယ်" လို့ ဂွာဒီယိုလာက ချန်ပီယံလိဂ်ပွဲကြိုသတင်းစာရှင်းလင်းပွဲမှာ ပြောဆိုသွားခဲ့ပါတယ်။ ဂွာဒီယိုလာက သူ့အနေနဲ့ အသင်းအပေါ် ယုံကြည်မှုအပြည့်အဝရှိနေပြီး ချန်ပီယံလိဂ်မှာလည်း စိန်ခေါ်မှုတွေကို ကောင်းကောင်းရင်ဆိုင်နိုင်မယ်လို့ ပြောခဲ့ပါသေးတယ်။
"ကျွန်တော့်မှာ ယုံကြည်မှုအပြည့်အဝရှိပါတယ်၊ အသင်းအပေါ်ကို အပြည့်အဝယုံကြည်ထားပါတယ်၊ ဒါပေမယ့် ချန်ပီယံလိဂ်မှာတော့ အသင်းကောင်းတွေက အများကြီးရှိနေပါတယ်၊ ချန်ပီယံလိဂ်မှာ အမှားအယွင်းတွေကို ကျွန်တော်တို့ ကျူးလွန်လို့မရပါဘူး၊ ဥပမာပြောရရင် ပဲေ့လစ်နဲ့ပွဲမှာ ကျွန်တော်တို့ အခွင့်အရေးတွေအများကြီးရရှိခဲ့ပေမယ့် ဂိုးနည်းနည်းပဲသွင်းနိုင်ခဲ့ပါတယ်၊ ဒါက သေချာစဉ်းစားရမယ့်အချက်ပါ" လို့ ဂွာဒီယိုလာက ပြောသွားခဲ့ပါတယ်။