Daily Mail နဲ့ အင်တာဗျူးမှာ ပြောခဲ့တာပါ။

ဖယ်လိုင်နီကတော့ ယူနိုက်တက်အသင်းအနေနဲ့ နည်းပြ မော်ရင်ဟိုကို ထုတ်ပယ်တာ အရမ်းစောလွန်းသလို အခြားနည်းပြတွေကိုလည်း အချိန်မပေးခဲ့ဘူးလို့ ပြစ်တင်ဝေဖန်လိုက်တာပါ။

Daily Mail နဲ့ ပြုလုပ်ခဲ့တဲ့ အင်တာဗျူးတစ်ခုမှာ ယူနိုက်တက်ကစားသမားဟောင်း ဖယ်လိုင်နီက ယူနိုက်တက် ဘုတ်အဖွဲ့ဝင်တွေကို ပြစ်တင်ပြောဆိုခဲ့ပါတယ်။



ဖယ်လိုင်နီရဲ့ ပြောဆိုမှုကတော့ ယူနိုက်တက်အနေနဲ့ ဒေးဗစ်မိုယက်ကို အချိန်မပေးခဲ့ဘူး၊အဲ့နောက် ဗန်ဂါးလ်ကို လည်း ၂ နှစ်သာ အချိန်ပေးခဲ့ပြီး ရှုံးထွက်ဖလားပဲရလို့ ထပ်ထုတ်လိုက်ပြန်တယ်။အကြောင်းကတော့ သူတို့က နိုင်ပွဲတွေဒီ့ထက်မြန်မြန်လိုချင်နေတယ်။ဒါက အဓိက ပြဿနာပါပဲ။သူတို့က နည်းစနစ်ပိုင်း ကြွယ်ဝပြီး အတွေ့အကြုံရင့် နည်းပြကို ထုတ်ပယ်ပြီး အဖြေရှာနေခဲ့တာပါ။” လို့ ဖယ်လိုင်နီက ပြောခဲ့ပါတယ်။

အဲ့ဒီနောက် ယူနိုက်တက်က ကမ္ဘာ့အကောင်းဆုံး နည်းပြတွေထဲက တစ်ဦးလို့ သတ်မှတ်ထားခြင်း ခံရတဲ့ မော်ရင်ဟိုကို ခန့်အပ်လိုက်ပြန်ပါတယ်။

မော်ရင်ဟိုအနေနဲ့လည်း အသင်းကို တည်ဆောက်ဖို့ လုပ်နေတုန်းမှာပဲ အသင်းက ထုတ်ပယ်ခံရပြန်တယ်လို့ ဖယ်လိုင်က ဆက်လက်ပြောခဲ့ပါတယ်။

“ကျွန်တော့်အမြင်ရ မော်ရင်ဟိုကို ထုတ်တာလည်း အရမ်းမြန်တယ်လို့ ခံစားရပါတယ်။သူ့ရဲ့ နည်းစနစ်နဲ့ အံဝင်မယ့် ကစားမယ့်ကိုသူ အချိန်ယူရှာဖွေစောင့်ကြည့်ဖို့ လိုပါတယ်။ အချိန်တစ်ခုမှာအသင်းတစ်သင်းကို တည်ဆောက်ရတာ မလွယ်ပါဘူး။အနည်းဆုံး ၂ နှစ်နဲ့အထက် လိုပါတယ်။” လို့ ဖယ်လိုင်နီက ဆက်လက်ပြော ပါတယ်။



လက်ရှိမှာ ယူနိုက်တက်က နည်းပြ ဆိုးလ်ရှားနဲ့ ဆက်လက်လှုပ်ရှားနေပြီး ဒီအပေါ်မှာတော့ ဖယ်လိုင်နီက ဘာလုပ်လို့လုပ်နေမှန်း မသိဘူးလို့ပဲ ဆက်ပြောပါတယ်။

“ ဆိုးလ်ရှားနဲ့ ဘာလုပ်ချင်နေတာလဲ?အခုလိုချင်တဲ့ နည်းပြသစ်နဲ့လိုချင်တဲ့လူငယ်ကစားမားတွေ ရနေပြီနော်၊အခု ဘာဖြစ်နေလဲ? ဘောလုံးမှာတော့ အတက်အကျဆိုတာ ရှိစမြဲပါ။"လို့ ဖယ်လိုင်နီက  ပြောခဲ့ပါတယ်။

ဖယ်လိုင်နီက ၂၀၁၄ ခုနှစ်တုန်းက နည်းပြ ဒေးဗစ်မိုယက်စ်ရဲ့ ပထမဆုံး ကစားသမား ခေါ်ယူမှုအဖြစ် ယူနိုက်တက်ကို ခေါ်ဆောင်လာသူပါ။

အဲ့နောက် ၂၀၁၉ ခုနှစ်အထိ ယူနိုက်တက်မှာကစားခဲ့ပြီး နည်းပြ ၄ ဦးနဲ့ လက်တွဲခဲ့ပြီးနောက် တရုတ်စူပါလိဂ် ကလပ် ရှန်ဒန်းလူနင်အသင်းကို ပြောင်းရွှေ့ ကစားလျက်ရှိပါတယ်။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က