အနည်းဆုံး (၂)ပတ်ကနေ (၃)ပတ်အထိ အနားယူရမယ်လို့ ဆိုးလ်ရှားက ပြောဆိုခဲ့ပေမယ့်လည်း နောက်ဆုံးထွက်ပေါ်ထားတဲ့ သတင်းတွေအရ အမြန်ဆုံးသက်သာလာဖွယ်ရှိနေတာပါ။
ပီအက်စ်ဂျီအသင်းနဲ့ပွဲစဉ်မှာ ဒဏ်ရာရရှိခဲ့တဲ့ အန်သိုနီမာရှယ် နဲ့ ဂျက်ဆီလင်ဂတ်တို့ဟာ ထင်မှတ်ထားတာထက် စောပြီး ဒဏ်ရာကနေ ပြန်လည်သက်သာလာဖွယ် ရှိတယ်လို့ Mirror က ဖော်ပြသွားခဲ့ပါတယ်။
ပီအက်စ်ဂျီနဲ့ ကစားခဲ့တဲ့ ချန်ပီယံလိဂ်ပွဲမှာ မာရှယ်က ပေါင်ခြံဒဏ်ရာ ရရှိခဲ့ပြီး လင်ဂတ်က တံကောက်ကြောဒဏ်ရာ ရရှိခဲ့တာလည်း ဖြစ်ပါတယ်။ ဒီအတွက် မာရှယ်နဲ့လင်ဂတ်တို့ဟာ ချယ်လ်ဆီးနဲ့ ဒီနေ့မှာ ကစားရမယ့် အက်ဖ်အေဖလားပွဲကို လွဲချော်မှာဖြစ်ပြီး နောက်အပတ်မှာ ကစားရမယ့် လီဗာပူးလ်နဲ့ ပရီးမီးယားလိဂ်ပွဲကိုပါ လွဲချော်ဖွယ်ရှိတယ်လို့ ခန့်မှန်းရပါတယ်။
အသင်းရဲ့ အဓိကကစားသမားနှစ်ဦး တစ်ပြိုင်နက်တည်း ဒဏ်ရာရရှိခဲ့လို့ ဆိုးလ်ရှားအတွက် အခက်ကြုံခဲ့ရပြီး အသင်းကို လူစာရင်းပိုင်း အပြောင်းအလဲ ပြုလုပ်ရတော့မှာလည်းဖြစ်ပါတယ်။ ဒါပေမယ့်လည်း နောက်ဆုံးထွက်ပေါ်လာခဲ့တဲ့ သတင်းများအရ မာရှယ် နဲ့ လင်ဂတ်တို့ဟာ
လီဗာပူးလ်နဲ့ပွဲကို ပါဝင်ကစားပေးနိုင်ဖွယ်ရှိတယ်လို့ သိရှိရတာ ဖြစ်ပါတယ်။
ပရီးမီးယားလိဂ်မဟာပြိုင်ဘက် လီဗာပူးလ်နဲ့ပွဲဟာ ယူနိုက်တက်အတွက်လည်း အရေးပါနေတဲ့ ပွဲဖြစ်ပြီး ချန်ပီယံလိဂ်ဝင်ခွင့်တစ်နေရာအတွက် မဖြစ်မနေအနိုင်ကစားရမှာလည်း ဖြစ်ပါတယ်။ ဒီအတွက် မာရှယ် နဲ့ လင်ဂတ်တို့ ဒဏ်ရာကနေ ပြန်လည်သက်သာလာနိုင်တယ်ဆိုတဲ့ သတင်းက ဆိုးလ်ရှားအတွက်လည်း သတင်းကောင်း ဖြစ်လာခဲ့ပါတယ်။
အလက်ဆစ်ဆန်းချက်ဇ်ကလည်း ဒဏ်ရာကြောင့် ကြံ့ခိုင်မှုပြည့်ဝဖို့ ရုန်းကန်နေရပြီး အခြားတိုက်စစ်မှူးတစ်ဦးဖြစ်တဲ့ လူကာကူကလည်း ခြေစွမ်းကျဆင်းနေတာကြောင့် ယူနိုက်တက်တိုက်စစ်ပိုင်းမှာ အားထားရမယ့်ကစားသမားအဖြစ် ရက်ရှ်ဖို့ဒ်တစ်ဦးတည်းသာ ရှိနေတာလည်း
ြဖစ်ပါတယ်။ တကယ်လို့သာ သတင်းများထွက်ပေါ်လာခဲ့သလို မာရှယ်နဲ့လင်ဂတ်တို့ ပြန်လည်သက်သာလာမယ်ဆိုရင်တော့ လီဗာပူးလ်နဲ့ပွဲမှာ ယူနိုက်တက်အနေနဲ့ အင်အားအပြည့်နဲ့ ကစားနိုင်တော့မှာလည်း ဖြစ်ပါတယ်။