လူကာကူက ဘယ်သူမှမထင်မှတ်တဲ့ ကစားသမားကို ရွေးချယ်ခဲ့ပါတယ်။

မန်ချက်စတာယူနိုက်တက်အသင်းရဲ့ တိုက်စစ်မှူး ရိုမီလူလူကာကူက ယူနိုက်တက်ရဲ့ တစ်နှစ်တာအကောင်းဆုံးကစားသမားက ဘယ်သူလဲဆိုတာကို ထုတ်ဖော်ပြောကြားမှု ပြုလုပ်လိုက်ပါတယ်။ လူကာကူက အသင်းဖော်တွေထဲက ခြေစွမ်းပြနေတဲ့ ကစားသမားကို ရွေးချယ်ပြောကြားသွားခဲ့တာ ဖြစ်ပြီး ချီးကျူးစကားလည်း ဆိုခဲ့ပါတယ်။

ပြီးခဲ့တဲ့ လီဗာပူးလ်အသင်းနဲ့ပွဲစဉ်မှာ ယူနိုက်တက်ဂိုးသမား ဒီဂီယာက ယူနိုက်တက်ကစားသမားဘဝမှာ ပေးဂိုးမရှိပွဲပေါင်း (၁၀၀) ပြည့်မြောက်ခဲ့ပါတယ်။ ဒီဂီယာကတော့ အခုနောက်ပိုင်းနှစ်တွေမှာ ယူနိုက်တက်ရဲ့ တစ်နှစ်တာအကောင်းဆုံးကစားသမားဆုကို ဆက်တိုက်ဆိုသလို ဆွတ်ခူးပြီးတော့ လွှမ်းမိုးထားတဲ့ ကစားသမားလည်း ဖြစ်ပါတယ်။

ဒါပေမယ့်လည်း ဒီနှစ်အတွက် တစ်နှစ်တာအကောင်းဆုံးကစားသမားဆုကို ဆွတ်ခူးမယ့်သူအဖြစ် လူကာကူက အသင်းဖော်နောက်ခံလူ လုခ်ရှောကို ညွှန်းဆိုသွားခဲ့ပါတယ်။ ဒီဂီယာက ဒီဆုကို (၃)နှစ်ဆက်တိုက် ဆွတ်ခူးထားနိုင်ခဲ့ပြီး သူ့ရဲ့ လက်စွမ်းပြမှုတွေကြောင့် ထိုက်ထိုက် တန်တန် ရရှိခဲ့ပေမယ့် ဒီနှစ်အတွက်တော့ လူကာကူက လုခ်ရှောကို ရွေးချယ်သွားခဲ့ပါတယ်။

"လုခ်ရှောက ကျွန်တော့်အတွက်တော့ ဒီရာသီမှာအကောင်းဆုံးကစားသမားပါပဲ၊ သူက ရာသီအစမှာကတည်းက အကောင်းဆုံးပုံစံနဲ့ ကစားနိုင်ခဲ့ပါတယ်၊ အသင်းအတွက် ပထမဆုံးသွင်းဂိုးကိုလည်း လက်စတာနဲ့ပွဲမှာ သွင်းယူခဲ့ပြီး သူက ဘယ်တော့မှ နောက်ကိုပြန်လှည့်ကြည့်တတ်တဲ့ကစားသမားမဟုတ်ပါဘူး" လို့ လူကာကူက အသင်းရဲ့ ဝက်ဘ်ဆိုက်ကတဆင့် ပြောဆိုခဲ့တယ်လို့ Sportbible က ဖော်ပြခဲ့ပါတယ်။

အသက် (၂၃)နှစ်အရွယ် နောက်ခံလူ လုခ်ရှောဟာ လီဗာပူးလ်နဲ့ပွဲမှာလည်း လီဗာပူးလ်တိုက်စစ်မှူး ဆာလာကို အကောင်းဆုံးထိန်းချုပ်ကစားသွားနိုင်ခဲ့လို့ ချီးကျူးခံနေရသူဖြစ်ပါတယ်။ သူ့ရဲ့ ခြေစွမ်းပြသမှုတွေကြောင့်လည်း အသင်းက သူ့ကို (၅)နှစ်သက်တမ်းရှိတဲ့ စာချုုပ်သစ်ကို ချုပ်ဆိုခဲ့ပြီး အိုးထရက်ဖို့ဒ်မှာ ကာလရှည်ကစားဖို့ စည်းရုံးနိုင်ခဲ့ပါတယ်။

"သူက ကမ္ဘာ့အကောင်ဆ့ုး ဘယ်အစွန်နောက်ခံလူ ဖြစ်လာနိုင်တဲ့ အရည်အသွေးရှိပါတယ်၊ ဆောက်သမ်တန်မှာ သူ ကစားနေခဲ့တုန်းက သူနဲ့ ရင်ဆိုင်ရကတည်းက သူ့ရဲ့ အရည်အသွေးကို ကျွန်တော်သိခဲ့ပါတယ်၊ ဒဏ်ရာတွေနဲ့ ရုန်းကန်ခဲ့ရပေမယ့် အခုဆိုရင် သူက ပုံမှန်ကစားပေးနေနိုင်ပါပြီ၊ သူ့အတွက် ကျွန်တော် တကယ်ပျော်ရွှင်ပါတယ်၊ လက်ရှိပုံစံကို သူ ဆက်ထိန်းထားနိုင်မယ်လို့လည်း ကျွန်တော် မျှော်လင့်ပါတယ်" လို့ လူကာကူက ထပ်ပြောသွားခဲ့ပါတယ်။

Share

Loading Next Article...
က္က