မန်စီးတီးကစားသမားဟောင်းက ချီးကျူးခဲ့တာပါ။

အိုလီဂန်နာဆိုးလ်ရှားရဲ့ အသင်းမှာ ပေါ့ဂ်ဘာ၊ ရက်ရှ်ဖို့ဒ်၊မာရှယ်တို့လို ကစားသမားတွေက ထင်ပေါ်နေခဲ့ပေမယ့် ဒစ်ကော့ဗ်က ဟာရဲရားကို ချီးကျူးသွားခဲ့တာ ဖြစ်ပါတယ်။

မန်စီးတီးအသင်းရဲ့ ကစားသမားဟောင်းတစ်ဦးဖြစ်တဲ့ ဒစ်ကော့ဗ်က ယူနိုက်တက်ကွင်းလယ်ကစားသမား အန်ဒါဟာရဲရားဟာ ယူနိုက်တက်အတွက်တော့ အသံတိတ်သူရဲကောင်းတစ်ဦး (သို့) နောက်ကွယ်ကသူရဲကောင်းတစ်ဦး ဖြစ်တယ်လို့ ချီးကျူးပြောဆိုလိုက်ပါတယ်။ အိုလီဂန်နာဆိုးလ်ရှားရဲ့ အသင်းမှာ ပေါ့ဂ်ဘာ၊ ရက်ရှ်ဖို့ဒ်၊ မာရှယ်တို့လို ကစားသမားတွေက ထင်ပေါ်နေခဲ့ပေမယ့် ဒစ်ကော့ဗ်က ဟာရဲရားကို ချီးကျူးသွားခဲ့တာ ဖြစ်ပါတယ်။

ဟာရဲရားကို ယူနိုက်တက်ရဲ့ ဖာနန်ဒင်ဟိုလို့ ဒစ်ကော့ဗ်က တင်စားခဲ့ပါတယ်။ အန်ဒါဟာရဲရားကတော့ ယူနိုက်တက်ကွင်းလယ်မှာ အထူးခြေစွမ်းပြသနေတဲ့ ကစားသမားတစ်ဦးဖြစ်ပြီး ပရိသတ်အချစ်တော် ကစားသမားအဖြစ် ဆက်လက်ရှိနေခဲ့ပါတယ်။ ချယ်လ်ဆီးနဲ့ ကစားခဲ့တဲ့

အက်ဖ်အေဖလားပွဲမှာလည်း ဟာရဲရားက ခြေစွမ်းပြနိုင်ခဲ့ပြီး အသင်းအတွက် အဖွင့်ဂိုးကိုလည်း သွင်းယူခဲ့ပါတယ်။

"ယူနိုက်တက်ကို ဆိုးလ်ရှား ရောက်လာပြီးနောက်ပိုင်းမှာ သူက အသင်းနဲ့ တစ်သားတည်းဖြစ်နေခဲ့တဲ့သူပါ၊ အသင်းအတွက် အဓိကကစားသမားဖြစ်ပြီးတော့ အသံတိတ်သူရဲကောင်း၊ လူမသိတဲ့ သူရဲကောင်းတစ်ဦးပါ၊ မန်စီးတီးအတွက် ဖာနန်ဒင်ဟို စွမ်းဆောင်ပေးခဲ့သလိုမျိုး ဟာရဲရားကလည်း ယူနိုက်တက်အတွက် စွမ်းဆောင်ပေးနေတာပါ၊ သူက စစ်မှန်တဲ့ ခေါင်းဆောင်ကောင်းတစ်ယောက်လည်း ဖြစ်ပါတယ်" လို့ ဒစ်ကော့ဗ်က Sky Sports က ပြုလုပ်ခဲ့တဲ့ The Debate အစီအစဉ်မှာ ပြောကြားခဲ့ပါတယ်။

"ယူနိုက်တက်အနေနဲ့ ဒီလိုကစားသမားကို စာချုပ်သစ်ချုပ်ဖို့ အချိန်အကြာကြီးဆွဲနေတာကို ကျွန်တော် တကယ်အံ့အားသင့်မိပါတယ်၊ ဒါပေမယ့် သိပ်မကြာခင်မှာတော့ ဟာရဲရားနဲ့ ယူနိုက်တက်တို့ကြားမှာ စာချုပ်သစ်ချုပ်ဆိုနိုင်မယ်လို့ ကျွန်တော်ထင်ပါတယ်၊ ဆိုးလ်ရှားအတွက်တော့ ဟာရဲရားက စစ်မှန်တဲ့ ခေါင်းဆောင်တစ်ယောက်ပါပဲ" လို့ ဒစ်ကော့ဗ်က ထပ်မံပြောဆိုသွားခဲ့ပါတယ်။

အသင်းကွင်းလယ်မှာ မခိုမကပ်နဲ့ ကစားတတ်ပြီး အသင်းဖော်တွေကို အချိန်တိုင်းမှာ ကူညီပေးလေ့ရှိတဲ့ ဟာရဲရားရဲ့ ကစားဟန်ကိုလည်း ယူနိုက်တက်ပရိသတ်တွေက သဘောကျနေခဲ့တာပါ။ ဒါ့အပြင် ချယ်လ်ဆီးနဲ့ ကစားခဲ့တဲ့ ပွဲအပြီးမှာလည်း အသင်းဖော်ဆန်းချက်ဇ်ကို ဟာရဲရားက စိတ်အားတက်ကြွစွာနဲ့ အားပေးစကားပြောဆိုနေတဲ့ မြင်ကွင်းတွေ ထွက်ပေးလာခဲ့ပြီးနောက်မှာ ဟာရဲရားရဲ့ အသင်းဖော်တွေအပေါ်ထားရှိတဲ့ စိတ်ဓာတ်ကိုလည်း ပရိသတ်တွေက ဝိုင်းဝန်းချီးကျူးခဲ့ကြပါတယ်။

Share

Loading Next Article...
က္က