ဆန်ချိုကတော့ ဒေါ့မွန်ကို ၂၀၁၇ ခုနှစ်မှာ မန်စီးတီးအသင်းကနေ ပြောင်းရွှေ့ခဲ့သူဖြစ်ပြီး အသက် (၁၈)နှစ်အရွယ်သာ ရှီသေးသူလည်း ဖြစ်ပါတယ်။
မန်ချက်စတာယူနိုက်တက်အသင်းက ပေါင်သန်း (၁၀၀)အထိ ပေးချေပြီး ဝယ်ယူဖို့အတွက် ပြင်ဆင်နေတဲ့ ဒေါ့မွန်လူငယ်ကစားသမား ဆန်ချိုဟာ မနေ့ညက ယူနိုက်တက်က ပီအက်စ်ဂျီကို အနိုင်ရရှိခဲ့တဲ့ပွဲမှာ ယူနိုက်တက်ရဲ့ နီုင်ပွဲအတွက် အောင်ပွဲခံဂုဏ်ပြုသွားခဲ့တယ်လို့ သိရပါတယ်။ မားကပ်စ်ရက်ရှ်ဖို့ဒ်ရဲ့ ပယ်နယ်တီသွင်းယူနေတဲ့ ပုံကို ဆန်ချိုက သူ့ရဲ့ အင်စတာဂရမ်မှာ တင်ထားခဲ့တာ ဖြစ်ပါတယ်။
နာကျင်အချိန်ပိုမှာ ရရှိခဲ့တဲ့ ပယ်နယ်တီကို ရက်ရှ်ဖို့ဒ်က ဂိုးအဖြစ် ပြောင်းလဲနိုင်ခဲ့ပြီးနောက် ဆန်ချိုက ရက်ရှ်ဒ်ဖို့ဒ် ကန်သွင်းဖို့ ပြုလုပ်နေတဲ့ ပုံပေါ်မှာ မားကပ်ရက်ရှ်ဖို့ဒ်ဆိုတဲ့ နာမည်ကို ရေးသားပြီးတော့ သူ့ရဲ့ အင်စတာဂရမ်မှာ တင်ထားခဲ့တာ ဖြစ်ပါတယ်။ အင်္ဂလန်အသင်းဖော် ကစားသမားအတွက် ဆန်ချိုက အောင်ပွဲခံခဲ့တာလား၊ ယူနိုက်တက်အတွက် အောင်ပွဲခံခဲ့တာလားဆိုတာကတော့ မသဲကွဲခဲ့ပါဘူး။
ဆန်ချိုကို ယူနိုက်တက်က ဈေးနှုန်းမြင့်မားစွာ ပေးချေပြီး ခေါ်ယူမယ်လို့ သတင်းတွေ ထွက်ပေါ်နေချိန်မှာ ဆန်ချိုက အခုလိုအားပေးခဲ့တာဖြစ်လို့ ပရိသတ်များအတွက်လည်း ရင်ခုန်စရာ ဖြစ်လာခဲ့ပါတယ်။ ဒါဟာ ဆန်ချိုအနေနဲ့ လာမယ့်ရာသီမှာ ယူနိုက်တက်ကို ရောက်ရှိနိုင်မယ့် အလားအလာကောင်းတစ်ခုလည်း ဖြစ်တယ်လို့ ယူနိုက်တက်ပရိသတ်တွေက ရှုမြင်နေခဲ့ကြပါတယ်။
ဒီရာသီမှာ ဒေါ့မွန်အတွက် သွင်းဂိုး (၉)ဂိုး နဲ့ (၁၄)ကြိမ်အထိ ဂိုးဖန်တီးမှု ပြုလုပ်ပေးထားတဲ့ ဆန်ချိုကို ပီအက်စ်ဂျီအသင်းကလည်း စိတ်ဝင်စားနေတယ်လို့ သိရပါတယ်။ ဒါကြောင့် ယူနိုက်တက်ဘက်က ပြိုင်ဘက်အသင်းထက် လက်ဦးမှုရယူဖို့ အပြင်းအထန်အားထုတ်နေတယ်လို့လည်း
သတင်းဌာနအများအပြားက ဖော်ပြခဲ့ကြပါတယ်။
(၁၆)သင်းအဆင့် ရှုံးထွက်အဆင့်ပွဲစဉ်မှာ ပီအက်စ်ဂျီကို နောက်ကောက်ချနိုင်ခဲ့တဲ့ ယူနိုက်တက်ဟာ ဆန်ချိုအတွက် လုယူရမယ့် တိုက်ပွဲမှာလည်း ပီအက်စ်ဂျီကို အလဲထိုးနိုင်ဦးမှာလားဆိုတာ စိတ်ဝင်စားစရာပါပဲ။ ဆန်ချိုကတော့ ဒေါ့မွန်ကို ၂၀၁၇ ခုနှစ်မှာ မန်စီးတီးအသင်းကနေ
ပြောင်းရွှေ့ခဲ့သူဖြစ်ပြီး အသက် (၁၈)နှစ်အရွယ်သာ ရှိသေးသူလည်း ဖြစ်ပါတယ်။