ယခုရာသီကုန်မှာ စာချုပ်သက်တမ်းကုန်ဆုံးတော့မှာပါ။

မန်ချက်စတာယူနိုက်တက်ကြယ်ပွင့်ဂိုးသမား ဒီဂီယာဟာ မန်ချက်စတာယူနိုက်တက်အသင်းရဲ့ စာချုပ်သစ် ကမ်းလှမ်းမှုကို ငြင်းပယ်ပြီး လာမယ့်နွေရာသီမှာ အလွတ်ပြောင်းရွှေ့ကြေးနဲ့ အိုးထရက်ဖို့ဒ်ကနေ ထွက်ခွာဖို့ အနီးစပ်ဆုံးအခြေအနေကို ရောက်ရှိနေတယ်လို့ Metro ရဲ့ဖော်ပြချက်အရ သိရပါတယ်။

စပိန်လက်ရွေးစင်ကြယ်ပွင့် ဒီဂီယာရဲ့လက်ရှိစာချုပ်သက်တမ်းဟာ ယခုရာသီကုန်မှာ ပြည့်မြောက်တော့မှာဖြစ်ပြီး မန်ချက်စတာယူနိုက်တက်အသင်းနဲ့ ပြောဆိုဆွေးနွေးမှုတွေ ဆက်လက်ပြုလုပ်နေပေမယ့် စာချုပ်သစ်ချုပ်ဖို့ သဘောတူညီမှုမရရှိသေးဘူးလို့ သိရပါတယ်။

မန်ချက်စတာယူနိုက်တက်အသင်းက ဒေးဗစ်ဒီဂီယာကို ကမ္ဘာပေါ်မှာ လစာအများဆုံးဂိုးသမားဖြစ်စေမယ့် တစ်ပတ်လုပ်ခ ပေါင် ၃၅၀၀၀၀ နဲ့ ကမ်းလှမ်းခဲ့တယ်လို့ သိရပြီး The Sun ရဲ့သတင်းအရ ဒီဂီယာက ယူနိုက်တက်ရဲ့ကမ်းလှမ်းမှုကို ငြင်းပယ်လိုတဲ့ဆန္ဒရှိကြောင်း သူငယ်ချင်းဖြစ်သူကို ပြောကြားခဲ့တယ်လို့ သိရပါတယ်။

အသက် ၂၈ နှစ်အရွယ်ရှိပြီဖြစ်တဲ့ ဒီဂီယာဟာ လာမယ့်ဇန်နဝါရီအပြောင်းအရွှေ့မတိုင်မီ စာချုပ်သစ်ချုပ်ဆိုဖို့ ပြောဆိုမှုတွေ ရပ်ဆိုင်းလိမ့်မယ်လို့ ၎င်းရဲ့စပိန်အသင်းဖော်တွေက ခံစားနေရပြီး အဲဒီလို ပြုလုပ်မှသာ ဒီဂီယာအနေနဲ့ ပရီးမီးယားလိဂ်အပြင်ဘက်က အသင်းတွေနဲ့ လွတ်လပ်စွာ ဆွေးနွေးခွင့်ရရှိမှာဖြစ်ပါတယ်။

မန်ချက်စတာယူနိုက်တက်အသင်းဟာ ယခုနွေရာသီမှာ ဒီဂီယာနဲ့ မူအားဖြင့် သဘောတူညီမှုရရှိခဲ့ပေမယ့် ဒီဂီယာက စာချုပ်သစ်မှာ လက်မှတ်ရေးထိုးခြင်းမရှိသေးတာဖြစ်ပါတယ်။ မန်ချက်စတာယူနိုက်တက်အသင်းဟာ လာမယ့်ဇန်နဝါရီလမှာ ဒီဂီယာအနေနဲ့ ကမ်းလှမ်းမှုတွေကို နားထောင်သွားလိမ့်မယ်လို့ ခံစားနေရပြီဖြစ်ကြောင်း သိရပါတယ်။

Share

Loading Next Article...
က္က