ဒဏ်ရာပြဿနာတွေ ဆက်ရှိနေမယ်ဆိုရင် ပြဿနာတက်လိမ့်မယ်လို့ ပြောခဲ့တာပါ။

အင်္ဂလန်လက်ရွေးစင်နည်းပြဟောင်း ဆမ်အလာဒွိုက်စ်က မန်ချက်စတာယူနိုက်တက်အသင်းအနေနဲ့ ယုံကြည်ချက်နဲ့ ဒဏ်ရာပြဿနာတွေဆက်ရှိနေမယ်ဆိုရင် ပြဿနာအကြီးကြီးတက်သွားနိုင်တယ်လို့ ယုံကြည်နေပြီး တန်းဆင်းနိုင်တဲ့အခြေအနေရှိတယ်လို့ ထင်မြင်နေကြောင်း Sportbible ရဲ့ဖော်ပြချက်အရ သိရပါတယ်။

မန်ချက်စတာယူနိုက်တက်အသင်းဟာ ပြီးခဲ့တဲ့တနင်္ဂနွေနေ့ညနေခင်းမှာ နယူးကာဆယ်အသင်းအတွက် ပထမဦးဆုံး ပွဲဦးထွက်ပါဝင်ကစားပေးခဲ့တဲ့ မတ်လောင်းစတက်ရဲ့ သွင်းဂိုးနဲ့ နယူးကာဆယ်အသင်းကို ၁-၀ နဲ့ စိတ်ပျက်ဖွယ်ရှုံးနိမ့်ခဲ့တာဖြစ်ပါတယ်။

မန်ချက်စတာယူနိုက်တက်အသင်းဟာ နယူးကာဆယ်ကို ရှုံးနိမ့်ခဲ့ပြီးနောက် ရမှတ် ၉ မှတ်နဲ့ အဆင့် ၁၂ နေရာမှာသာ ရပ်တည်နေရပြီး တန်းဆင်းဇုန်နဲ့ ၂ မှတ်သာ ကွာဟတော့တဲ့အခြေအနေကို ရောက်ရှိလာခဲ့တာဖြစ်ပါတယ်။

မန်ချက်စတာယူနိုက်တက်ဟာ ရာသီအဖွင့်ပွဲစဉ်မှာ ချယ်ဆီးအသင်းကို ၄-၀ နဲ့ ဂိုးပြတ် အနိုင်ရရှိခဲ့ပြီးကတည်းက ၈ ပွဲကစားပြီး ၂ ပွဲနိုင် ၃ ပွဲသရေ ၃ ပွဲရှုံးရလဒ်နဲ့ နှစ်ပေါင်း ၃၀ အတွင်း အဆိုးရွားဆုံးရာသီအစကို ကြုံတွေ့နေရတာဖြစ်ပါတယ်။



ဆမ်အလာဒိုက်စ်က ယခုရာသီမှာ မန်ချက်စတာယူနိုက်တက်အသင်းအနေနဲ့ တန်းဆင်းသွားနိုင်တဲ့ အခြေအနေရှိနေတယ်လို့ ထင်မြင်နေကြောင်း talkSPORT ကို ပြောကြားခဲ့ပါတယ်။

“သူတို့တွေ ၁၉၇၄ မှာ ဆိုးရွားတဲ့အသင်းနဲ့အတူ တန်းဆင်းသွားခဲ့ပါတယ်”

“အဲဒီတော့ သူတို့တွေ ယုံကြည်မှုပျောက်ပြီး အခုဖြစ်နေတဲ့ဒဏ်ရာပြဿနာတွေသာ ဆက်ရှိနေမယ်ဆိုရင် နောက်ထပ်ပြဿနာတွေ ထပ်ကျရောက်လာနိုင်ပါတယ်”

“ကစာသမားတွေက မြန်နိုင်သမျှမြန်မြန် ကြံ့ခိုင်လာချင်စိတ်မရှိကြပါဘူး။ သူတို့တွေက အသင်းအခြေအနေကောင်းရင်တော့ လုပ်ချင်လုပ်ကြလိမ့်မယ်။ အဲဒီလိုကို လုံးဝဖြစ်နေတာပါ”လို့ ပြောကြားခဲ့ပါတယ်။

Share

Loading Next Article...
က္က