ယူနိုက်တက်နဲ့အတူ ယူရိုပါလိဂ်ဖလားကို ဆွတ်ခူးခဲ့ဖူးသူဖြစ်ပါတယ်။

မော်ရင်ဟိုရဲ့ ခေါ်ယူမှုနဲ့အတူ ပီအက်စ်ဂျီကနေ အလွတ်ပြောင်းရွှေ့လာခဲ့တဲ့ မိုဗစ်ဟာ ပရီးမီးယားလိဂ်ကစားသမားဘ၀ ပထမဆုံးရာသီမှာပဲ သွင်းဂိုး ၂၂ဂိုးအထိ ရရှိခဲ့သူဖြစ်ပါတယ်။


အယ်လ်အေဂလက်ဇီအသင်းရဲ့ တိုက်စစ်မှူးအီဘရာဟီမိုဗစ်က ယူနိုက်တက်ကသာ သူ့ကိုအလိုရှိတယ်ဆိုပါက လာရောက်ကစားပေးဖို့ အသင့်ရှိတယ်လို့ ထုတ်ဖော်ပြောဆိုသွားခဲ့ပါတယ်။ The Sun ရဲ့ ရေးသားဖော်ပြမှုအရ မိုဗစ်က သူ့အနေနဲ့ ပရီးမီးယားလိဂ်မှာ သက်တောင့်သက်သာကစားနိုင်ဆဲဖြစ်တယ်လို့ ပြောဆိုခဲ့တယ်လို့လည်း သိရပါတယ်။

ယူနိုက်တက်ဟာ ဈေးကွက်အတွင်းမှာ လူကာကူကို ပြန်လည်ရောင်းထုတ်ခဲ့သလို ဆန်းချက်ဇ်ကိုလည်း အင်တာမီလန်ဆီ အငှားချဖို့ သဘောတူညီမှုရရှိခဲ့ပြီဖြစ်ပါတယ်။ ဒီအတွက် အသင်းတိုက်စစ်ပိုင်းမှာ မာရှယ် နဲ့ ရက်ရှ်ဖို့ဒ်တို့နှစ်ဦးတည်းသာ ရှိတော့ပြီး လူငယ်ကစားသမားဂရင်းဝုဒ်က အရန်တိုက်စစ်မှူးအဖြစ်နဲ့သာ ရှိနေလို့ တိုက်စစ်အင်အားနည်းပါးနေတာဖြစ်ပါတယ်။

ယူနိုက်တက်မှာ တစ်နှစ်ကျော်ကြာကစားခဲ့ဖူးတဲ့ မိုဗစ်က တတိယအကြိမ်လာရောက်ကစားဖို့လည်း အသင့်ဖြစ်နေတာဖြစ်ပါတယ်။ "ပရီးမီးယားလိဂ်မှာ ကျွန်တော်အေးအေးဆေးဆေးကစားနိုင်ပါသေးတယ်၊ တကယ်လိ့ု ယူနိုက်တက်က ကျွန်တော့်ကို အလိုရှိတယ်ဆိုရင် ကျွန်တော့်ဘက်က အသင့်ပါပဲ၊ ဥရောပမှာ ကျွန်တော်ကောင်းကောင်းကစားနိုင်ခဲ့ပါတယ်၊ ဒီအတွက်လည်း ပျော်ရွှင်ခဲ့ရပါတယ်"

"ဆုဖလား ၃၃လုံးကို ကျွန်တော်ဆွတ်ခူးထားပြီးတော့ ဂလက်ဇီနဲ့လည်း ကျွန်တော်တစ်စုံတစ်ရာအောင်မြင်မှုရနိုင်ဖို့ မျှော်လင့်ထားပါတယ်၊ ကျွန်တော့်ရဲ့ ကစားသမားဘဝစွန့်စားခန့်က ဘယ်လိုတွေအဆုံးသတ်မလဲဆိုတာကို စောင့်ကြည့်ရဦးမှာပါ" လို့ မိုဗစ်က ပြောဆိုခဲ့ပါတယ်။ အသက် ၃၇နှစ်အရွယ်တိုက်စစ်မှူးကြီးဟာ ယူနိုက်တက်အတွက် ၅၃ပွဲကစားပေးခဲ့ဖူးပြီး ၂၉ ဂိုးသွင်းယူနိုင်ခဲ့သူဖြစ်ပါတယ်။

မော်ရင်ဟိုရဲ့ ခေါ်ယူမှုနဲ့အတူ ပီအက်စ်ဂျီကနေ အလွတ်ပြောင်းရွှေ့လာခဲ့တဲ့ မိုဗစ်ဟာ ပရီးမီးယားလိဂ်ကစားသမားဘ၀ ပထမဆုံးရာသီမှာပဲ သွင်းဂိုး ၂၂ဂိုးအထိ ရရှိခဲ့သူဖြစ်ပါတယ်။ ဒါပေမယ့် ဒုတိယရာသီမှာတော့ ဒဏ်ရာရရှိမှုနဲ့အတူ ရုန်းကန်ခဲ့ရပြီး စုစုပေါင်း ၇ ပွဲသာကစားခဲ့ရပြီး မေဂျာလိဂ်ကလပ် ဂလက်ဇီကို ပြောင်းရွှေ့သွားခဲ့တာဖြစ်ပါတယ်။

Share

က္က