ပရီးမီးယားလိဂ်ဖလားရယူဖို့အတွက် မျှော်လင့်နိုင်မယ့်ပွဲလို့ ပြောခဲ့တာပါ။

လီဗာပူးကြယ်ပွင့်နောက်ခံကစားသမား ဗန်ဒိုက်ဟာ မန်ချက်စတာယူနိုက်တက်အသင်းနဲ့ ယှဉ်ပြိုင်ကစားရမယ့်ပွဲစဉ်ဟာ လီဗာပူးအသင်းရဲ့ရာသီမှာ အရေးအကြီးဆုံးပွဲစဉ် မဟုတ်တော့ဘူးလို့ ပြောကြားခဲ့ကြောင်း Sportskeeda ရဲ့ဖော်ပြချက်အရ သိရပါတယ်။

ပရီးမီးယားလိဂ်အမှတ်ပေးဇယားကို ဦးဆောင်နေတဲ့ လီဗာပူးအသင်းဟာ ယခုရာသီရှုံးပွဲမရှိ ၁၀၀ ရာခိုင်နှုန်း နိုင်ပွဲကို ဆက်လက်ထိန်းသိမ်းသွားဖို့ မျှော်လင့်နေတာဖြစ်ပြီး အိုးထရက်ဖို့ဒ်မှာ နောက်ထပ် အနိုင် ၃ မှတ်ရယူဖို့ ကြိုးပမ်းသွားမှာဖြစ်ပါတယ်။

ပရီးမီးယားလိဂ်ရာသီအစ ပွဲစဉ် ၈ ပွဲစလုံး အနိုင်ရရှိထားမှုက လီဗာပူးအသင်းကို အမှတ်ပေးဇယားထိပ်ဆုံးမှာ ၈ မှတ်ဖြတ် ဦးဆောင်နိုင်စေခဲ့ပြီး အမှတ်ပေးဇယားအဆင့် ၁၂ နေရာမှာ ရပ်တည်နေရတဲ့ ယူနိုက်တက်နဲ့ပွဲစဉ်မှာ အနိုင်ရရှိဖို့ ရေပန်းအစားဆုံးဖြစ်စေခဲ့တာဖြစ်ပါတယ်။

ခါးသီးတဲ့ပြိုင်ဘက် ၂ သင်းကြား ယခင်ကတွေ့ဆုံမှုတွေကြောင့် ယခုလာမယ့်ပွဲစဉ်ဟာ ပွဲကြီးပွဲကောင်းတစ်ပွဲဖြစ်လာမှာဖြစ်ပြီး ဥရောပချန်ပီယံလီဗာပူးအသင်းဟာ လက်ရှိအချိန်မှာ ဆုဖလားများစွာအတွက် စိန်ခေါ်နိုင်နေပြီဖြစ်ပါတယ်။

“ကြီးမားတဲ့ပွဲတစ်ပွဲပါ။ ဒါပေမယ့် ပရိသတ်တွေအတွက်တော့ ပိုကြီးမားတဲ့ပွဲပါ”



“ချန်ပီယံလိဂ်က ပွဲစဉ်တိုင်းက ဒီပွဲလောက်တော့ ကြီးမားတယ်လို့ ထင်ပါတယ်”

“ပတ်ဝန်းကျင်တစ်လုံးက ဒီပွဲစဉ်ကို တခြားပွဲစဉ်တွေထက် ပိုကြီးတယ်လို့ ထင်မြင်စေပေမယ့် ကျွန်တော်ကတော့ ဒီရာသီရဲ့အကြီးမားဆုံးပွဲစဉ်လို့ မထင်ပါဘူး”

“အကြီးမားဆုံးပွဲစဉ်က ချန်ပီယံလိဂ်ပွဲစဉ်ဖြစ်ပြီး ဒီပွဲကတော့ ပရီးမီးယားလိဂ်ဖလားကို ရယူနိုင်ဖို့ မျှော်လင့်နိုင်မယ့်ပွဲစဉ်ပါ”

“သူတို့က အကောင်းဆုံးပုံစံမှာမရှိပါဘူး။ သူတို့မှာ ယုံကြည်ချက်အပြည့်အဝမရှိပါဘူး။ သူတို့လိုချင်နေတဲ့ အခြေအနေမှာလည်း ရှိမနေပါဘူး”

“ဒါပေမယ့် ဘောလုံးနဲ့ပတ်သက်ပြီး ကောင်းမွန်တဲ့အရာက ခင်ဗျား ဘယ်ပွဲမှာမဆို ပြန်နိုင်နိုင်ပါတယ်။ သူတို့ကလည်း ဒီပွဲက အနိုင်ပြန်ရနိုင်မယ့် အခိုက်အတံ့လို့ တွေးကြပါလိမ့်မယ်။ ဒါပေမယ့် အဲဒါကို ကျွန်တော်တို့ သိထားပါတယ်”

“ကျွန်တော်တို့ ကွင်းထဲမှာ မီတာတိုင်းအတွက် တိုက်ပွဲဝင်သွားမှာဖြစ်ပြီး လီဗာပူးကို ၃ မှတ်ယူပြီး ပြန်ဖို့ ကြိုးစားသွားမှာပါ”လို့ Sky Sports ကို ပြောကြားခဲ့ပါတယ်။

Share

Loading Next Article...
က္က