မနှစ်က နည်းပြမော်ရင်ဟိုကို ခရစ္စမတ်မတိုင်မီ ထုတ်ပယ်ခဲ့သလို ယခုနည်းပြ ဆိုးလ်ရှားကိုလည်း အလားတူ ကာလအပိုင်းအခြားမှာပဲ ထုတ်ပယ်ဖို့ များနေတာပါ။
Daily Mail သတင်းဌာနရဲ့ ဖော်ပြချက်အရ ဂျူဗင်တပ်နည်းပြဟောင်း မက်ဆီမီလိယာနို အယ်လီဂရီနီအနေနဲ့ ယူနိုက်တက်အသင်းရဲ့ နည်းပြသစ်ဖြစ်လာဖို့ အင်မတန်နီးစပ်နေပြီလို့ သိရပါတယ်။
လက်ရှိနည်းပြဆိုးလ်ရှားအနေနဲ့ ယူနိုက်တက်အသင်းကို ပရီးမီးယားလိဂ်မှာ အခြေအနေကောင်းတစ်ရပ် ရရှိအောင် မစွမ်းဆောင်ပေးထားနိုင်ပဲ အဆင့် ၁၂ ထိ နိမ့်ကျစွာ ရပ်တည်နေရပါတယ်။
ဒါကြောင့်ပဲ နည်းပြ ဆိုးလ်ရှားနေရာကို အခြားနည်းပြတစ်ဦးနဲ့ အစားထိုးဖို့ ပြင်ဆင်နေပြီလို့ သတင်းတွေထွက် ပေါ်လာခဲ့ပြီးထိပ်ဆုံးက ရေပန်းစားနေတဲ့ အယ်လီဂရီအနေနဲ့ တစ်နှစ်လုပ်ခ ပေါင် ၆.၅ သန်းနဲ့ ရောက်ရှိတော့ မယ်လို့ ယခုအခါ သတင်းထွက်ပေါ်လာတာပါ။
အခုထွက်လာတဲ့သတင်းကတော့ အီတလီရပ်ဝန်းကဖြစ်ပြီး အီတလီသတင်းဌာနတစ်ခုဖြစ်တဲ့ TUTTOSPORT သတင်းဌာနက ဖော်ပြလာတာလို့သိရပါတယ်။
တဆက်တည်းမှာပဲ နည်းပြ အယ်လီဂရီရောက်လာပြီဆိုရင် သူ့ရဲ့ တပည့်ဟောင်းတွေဖြစ်တဲ့ အမ်မရီချမ်နဲ့မန်ဇူ ကစ်တို့ကိုပါ တပါတည်း ယူနိုက်တက်ကို ခေါ်ဆောင်လာဖို့ရှိတယ်လို့ သိရပါသေးတယ်။
မနှစ်က နည်းပြမော်ရင်ဟိုကို ယူနိုက်တက်က ခရစ္စမတ်မတိုင်ခင် ထုတ်ပယ်ခဲ့တာဖြစ်ပြီး ယခု နည်းပြ ဆိုးလ်ရှား ကိုလည်း ခရစ္စမတ်မတိုင်မီ တူညီတဲ့ကာလတစ်ခုမှာ ထုတ်ပယ်ဖို့ များနေတာပါ။