ဘာစီလိုနာမှာ နေရာမရလို့ ထွက်ခွာချင်နေတာပါ။

ခရိုအေးရှားကွင်းလယ်ကစားသမားက ယူနိုက်တက်ကို ပြောင်းရွှေ့ဖို့ စိတ်ဝင်စားနေပေမယ့်လည်း မိသားစုကြောင့် အခက်တွေ့နေရတယ်လို့ Daily Mail က ဖော်ပြခဲ့ပါတယ်။


ဒီရာသီမှာ ရလဒ်ဆိုးတွေနဲ့ ရင်ဆိုင်နေရပြီးနောက် ထိပ်တန်းကစားသမားတွေကို ခေါ်ယူအားဖြည့်ဖို့ မန်ချက်စတာယူနိုက်တက်အသင်းက ကြံရွယ်နေရာမှာ ဘာစီလိုနာကွင်းလယ်လူ ရာကီတစ်ကလည်း တစ်ဦးအပါအဝင်ဖြစ်ပါတယ်။ ရာကီတစ်ဟာ ဘာစီလိုနာမှာ ပုံမှန်ကစားခွင့်ဆုံးရှုံးနေသူဖြစ်ပြီး သူ့အနာဂတ်အတွက် စဉ်းစားသွားမယ်လို့ ဖွင့်ပြောခဲ့သူလည်းဖြစ်ပါတယ်။

ဒါပေမယ့်လည်း Daily Mail ရဲ့ ဖော်ပြချက်အရ ရာကီတစ်ရဲ့ မိသားစုက မန်ချက်စတာယူနိုက်တက်ကို မပြောင်းရွှေ့ဖို့ ကစားသမားကို ပိတ်ပင်တားဆီးခဲ့ကြတယ်လို့ သိရပါတယ်။ ခရိုအေးရှားကွင်းလယ်ကစားသမားက ယူနိုက်တက်ကို ပြောင်းရွှေ့ဖို့ စိတ်ဝင်စားနေပေမယ့်လည်း မိသားစုကြောင့် အခက်တွေ့နေရတယ်လို့ Daily Mail က ဖော်ပြခဲ့ပါတယ်။

နည်းပြဗယ်လ်ဗာဒီက ဘာစီလိုနာမှာ ကွင်းလယ်လူဒီဂျောင် နဲ့ အာသာတို့ကိုသာ အဓိကအသုံးပြုနေတာဖြစ်ပြီး ရာကီတစ်ကတော့ အရန်ကစားသမားအဖြစ်နဲ့သာ ရှိနေခဲ့ပါတယ်။ ယူနိုက်တက်ကလည်း ပရီးမီးယားလိဂ်မှာ အခြေအနေဆိုးရွားနေခဲ့လို့ ကစားသမားအင်အားကို ဖြည့်တင်းပြီး အသင်းကို ပြန်လည်တည်ဆောက်ဖို့ ရည်ရွယ်နေခဲ့တာဖြစ်ပါတယ်။

ကွင်းလယ်ပိုင်းမှာ ဖန်တီးပေးနိုင်တဲ့ ကစားသမားရှားပါးနေတဲ့အတွက် ယူနိုက်တက်က ရာကီတစ်ကို ပစ်မှတ်ထားနေခဲ့တာလည်းဖြစ်ပါတယ်။ မာတစ်ကို ပြန်လည်ရောင်းထုတ်နိုင်ဖွယ်ရှိသလို မာတာကလည်း ခြေစွမ်းပြနိုင်ဖို့ ရုန်းကန်နေရတာကြောင့် ရာကီတစ်က ယူနိုက်တက်ရဲ့ အဓိကပစ်မှတ်တစ်ခုအဖြစ်နဲ့လည်း ရှိနေခဲ့တာဖြစ်ပါတယ်။

Share

Loading Next Article...
က္က