ကစားသမားဘဝတိုးတက်ဖို့ ငြင်းဆန်သင့်တယ်လို့ ပြောခဲ့တာပါ။

လက်စတာစီးတီးအသင်းမှာ ခြေစွမ်းပြကစားနေခဲ့တဲ့ အသက် ၂၂နှစ်အရွယ် အင်္ဂလန်ကွင်းလယ်ကစားသမားကို ဇန်နဝါရီမှာ ခေါ်ယူဖို့အတွက် ယူနိုက်တက်က ပစ်မှတ်ထားနေတာလည်းဖြစ်ပါတယ်။


အင်္ဂလန်လူငယ်အသင်း နဲ့ အင်္ဂလန်လက်ရွေးစင်အသင်းယာယီနည်းပြအဖြစ် တာဝန်ယူဖူးခဲ့တဲ့ စတူးဝပ်ပီယော့က လက်စတာကွင်းလယ်လူ မက်ဒီဆန်အနေနဲ့ ယူနိုက်တက်ကိုမပြောင်းရွှေ့သင့်ဘူးလို့ သတိပေးပြောဆိုလိုက်ပါတယ်။ ကစားသမားဘဝမှာ အောင်မြင်မှုရယူဖို့အတွက် မက်ဒီဆန်ဟာ လက်စတာမှာပဲ ဆက်ကစားသင့်တယ်လို့ ပီယော့က တိုက်တွန်းခဲ့တာဖြစ်ပါတယ်။

လက်စတာစီးတီးအသင်းမှာ ခြေစွမ်းပြကစားနေခဲ့တဲ့ အသက် ၂၂နှစ်အရွယ် အင်္ဂလန်ကွင်းလယ်ကစားသမားကို ဇန်နဝါရီမှာ ခေါ်ယူဖို့အတွက် ယူနိုက်တက်က ပစ်မှတ်ထားနေတာလည်းဖြစ်ပါတယ်။ လက်စတာရဲ့ အဓိကကစားသမားအဖြစ် မက်ဒီဆန်က ရပ်တည်နေသူဖြစ်ပြီး ယူနိုက်တက်က မြင့်မားတဲ့ ငွေကြေးကို အသုံးပြုသွားဖို့လည်း ဆုံးဖြတ်ထားပြီးဖြစ်ပါတယ်။



ဒီရာသီပရီးမီးယားလိဂ်မှာ လက်စတာအတွက် ဂိုးဖန်တီးမှု ၃ကြိမ်အထိ မက်ဒီဆန်က ပြုလုပ်ပေးထားသူဖြစ်ပါတယ်။ ဟယ်ရီမက်ဂွိုင်းယားနဲ့ ရင်းနှီးတဲ့ ဆက်ဆံရေးရှိတဲ့ မက်ဒီဆန်ကို ယူနိုက်တက်က ကွင်းလယ်တိုက်စစ်ပိုင်းလိုအပ်ချက်အတွက် ခေါ်ယူဖို့ စောင့်ကြည့်နေတာလည်းဖြစ်ပါတယ်။

"မက်ဒီဆန်က ဘရန်ဒန်ရော်ဂျာနဲ့အတူလက်တွဲပြီး အံ့အားသင့်ဖွယ်တွေ လုပ်ပြနေတာပါ၊ ဒီအခြေအနေမှာ သူ လက်စတာကနေ မထွက်ခွာသင့်ဘူးလို့ ကျွန်တော်ကတော့ ပြောချင်ပါတယ်၊ ရာသီသစ်မှာ သူက ပုံစံကောင်းပြနေပြီး ကောင်းမွန်တဲ့ ကစားသမားတစ်ဦးဖြစ်လာဦးမှာပါ"

" ကျွန်တော့်အမြင်အရင်တော့ သူ လက်စတာမှာ ဆက်ရှိနေတာက ပိုကောင်းပါလိမ့်မယ်၊ သူ့ခြေစွမ်းတိုးတက်လာမှုက အခြားအသင်းတွေအတွက်လည်း အကျိုးအမြတ်ရှိလာမှာပါ၊ ဒါပေမယ့် အခုချိန်မှာ သူ အသင်းပြောင်းခဲ့မယ်ဆိုရင် လက်စတာမှာလို ခြေစွမ်းပြနိုင်မှာမဟုတ်ပါဘူး" လို့ စတူးဝပ်ပီယော့က ပြောဆိုခဲ့တယ်လို့ Metro က ဖော်ပြခဲ့ပါတယ်။

Share

Loading Next Article...
က္က