ကြားရက်မှာ ကစားသွားကြမှာ ဖြစ်ပါတယ်။

ပရီးမီးယားလိဂ်ပွဲစဉ် (၂၈)ကိုတော့ အခုလာမယ့် ကြားရက်တွေမှာ ကစားသွားမှာ ဖြစ်ပါတယ်။ ဒီကြားပွဲစဉ်တွေအတွက် နာမည်ကျော် ဘောလုံးပွဲခန့်မှန်းသုံးသပ်သူ ပေါလ်မာဆွန်က Sky Sports မှာ အခုလိုပဲ သုံးသပ်သွားခဲ့ပါတယ်။

အာဆင်နယ် နဲ့ ဘုန်းမောက်

အာဆင်နယ်ကတော့ ပြီးခဲ့တဲ့ပွဲမှာ နိုင်ပွဲရပြီး လမ်းကြောင်းမှန်ပေါ် ပြန်ရောက်လာပါတယ်။ ဘုန်းမောက်က ဒဏ်ရာပြသနာတွေနဲ့ ရင်ဆိုင်နေရတဲ့ အသင်းပါ။ ဒီအတွက် အာဆင်နယ်အနိုင်ရဖို့ကလွဲပြီး ဘာမှမရှိပါဘူး။ အမှတ်ပေးဇယားရဲ့ ထိပ်ဆုံးလေးသင်းကို ဝင်ရောက်ဖို့အတွက် နောက်ထပ် ရလဒ်ကောင်းတစ်ခုကို သူတို့ ပိုင်ဆိုင်သွားမှာပါ။ ယူနိုက်တက်ထက် တစ်မှတ်အသာရနေပေမယ့် သူတို့ ချန်ပီယံလိဂ်ဝင်ခွင့်တော့ မသေချာသေးပါဘူး။ ရလဒ်ဆိုးတွေကို ရင်ဆိုင်ရနိုင်ပါသေးတယ်။ ဒီပွဲကိုတော့ အနိုင်ရသွားမှာပါ။ အာဆင်နယ် ၃-၁ ဘုန်းမောက်ပါ။

ချယ်လ်ဆီး နဲ့ တော့တင်ဟမ်

တော့တင်ဟမ် ဘယ်လိုဖြစ်သွားခဲ့လဲ ကျွန်တော် မသိဘူး။ တော့တင်ဟမ်ပရိသတ်တစ်ဦးဆို အခုချိန်မှာ ခင်ဗျား စိုးရိမ်နေရမှာပါ၊ ဝုလ်ဗ်နဲ့ ကစားခဲ့တဲ့ ဒီဇင်ဘာလအတွင်းက ပွဲစဉ်တုန်းကဆို ခင်ဗျားက စပါးပရိသတ်တစ်ယောက်အနေနဲ့ တွေးမိမှာပဲ၊ ငါတို့တော့ ဆုဖလားလမ်းကြောင်း

ပါ်ကို ရောက်နေပြီလို့ပေါ့၊ လူတွေက စပါးက ကြိုးစားနေတယ်လို့ ကျွန်တော့်ကို ပြောကြတယ်၊ ဒါပေမယ့် သူတို့ကိုယ်တိုင်ပဲ ဆုဖလားလမ်းကြောင်းကနေ နောက်ဆုတ်သွားခဲ့ပြီး ဘန်လေနဲ့ပွဲအပြီးမှာ ဖိအားတွေအများကြီး ရသွားပါတယ်၊ ဒီပွဲကိုတော့ သရေလို့ပဲ ကျွန်တော်က ထင်တယ်၊ ဒါပေမယ့်လည်း ပွဲပန်းနေတဲ့ ချယ်လ်ဆီးကြောင့် စပါးအနိုင်ရသွားမယ်ဆိုလည်း ကျွန်တော် အံ့သြမှာမဟုတ်ပါဘူး။ ချယ်လ်ဆီး ၂-၂ စပါးပါပဲ။

ပဲလေ့ နဲ့ ယူနိုက်တက်

ယူနိုက်တက်မှာ ဒဏ်ရာပြသနာတွေအများကြီး ရှိနေပါတယ်၊ ပဲလေ့က လက်စတာနဲ့ပွဲမှာ ကြီးမားတဲ့ နိုင်ပွဲရသွားပါတယ်၊ ဒီပွဲမှာလည်း ပဲလေ့နဲ့ အတူ နေဖို့ ကျွန်တော် ဆန္ဒရှိပါတယ်၊ ယူနိုက်တက်အနေနဲ့ ဒီပွဲကစားအပြီးမှာ ထိပ်ဆုံးလေးသင်းအဆင့်နဲ့ (၄)မှတ်အကွာကို ရောက်သွားနိုင်ပါတယ်၊ ယူနိုက်တက်နဲ့ အတူတူနေချင်ပေမယ့်လည်း သူတို့မှာ ဒဏ်ရာပြသနာတွေက အများကြီးရှိနေတာပါ၊ အဓိကကစားသမားတွေပဲ ဒဏ်ရာနေတာပါ၊ ယူနိုက်တက်အတွက်တော့ ဒီပွဲက မလွယ်ကူပါဘူး။ ပဲလေ့ ၂-၁ ယူနိုက်တက်ပါပဲ။

လီဗာပူးလ် နဲ့ ဝက်ဖို့ဒ်

လီဗာပူးလ်အတွက် အန္တရာယ်ရှိတဲ့ ပွဲပါ၊ ဖိအားတွေ ဝင်နေပြီးတော့ အနိုင်ရဖို့ လိုနေပါတယ်၊ ဝက်ဖို့ဒ်ကတော့ ဂိုးပြတ်နိုင်ပွဲနဲ့ ဒီကို ရောက်လာမှာပါ၊ လီဗာပူးလ်က ခက်ခဲတဲ့ပွဲတစ်ပွဲကို ကစားခဲ့ရပြီး ဖာမီနိုလည်း ဒဏ်ရာရသွားပါတယ်၊ ဝက်ဖို့ဒ်သာ ကာဒစ်ကို အရေးနိမ့်ခဲ့မယ်ဆိုရင် ဒီပွဲက လီဗာပူးလ်အတွက် ပန်းခြံထဲ လမ်းဆင်းလျှောက်ရသလို ဖြစ်နေမှာပါ၊ ဒါပေမယ့်လည်း ဝက်ဖို့ဒ်က အနိုင်ရခဲ့ပြီးတော့ ဒီကို ရောက်လာခဲ့ပါတယ်။ လီဗာပူးလ် ၂-၁ ဝက်ဖို့ဒ်လောက် ဖြစ်မယ်ထင်ပါတယ်။

မန်စီးတီး နဲ့ ဝက်စ်ဟမ်း

ပထမပိုင်း ၁၅မိနစ် နဲ့ မိနစ် ၂၀ အတွင်းမှာသာ မန်စီးတီးက ၁-ဝ၊ ၂-၀ ဖြစ်နေမယ်ဆိုရင် ခင်ဗျားအိမ်ပြန်တာ အကောင်းဆုံးပါပဲ။ သူတို့ပဲ အနိုင်ရသွားမှာပါ၊ ဝက်စ်ဟမ်းက မန်စီးတီးကို ပထမပိုင်းမှာ ဂိုးမသွင်းနိုင်အောင် ရပ်တန့်နီုင်မယ်လို့ ကျွန်တော်မမြင်မိဘူး။ မန်စီးတီး ၃-၀ ဝက်စ်ဟမ်းပါ။

Share

Loading Next Article...
က္က