ဘယ်လ်ဂျီယံလက်ရွေးစင်တိုက်စစ်မှူးလူကာကူအနေနဲ့ ယူနိုက်တက်ကနေ အင်တာမီလန်အသင်းဆီ ပြောင်းရွှေ့ခဲ့ပြီးတဲ့နောက် ခြေစွမ်းပြကစားနေခဲ့တာလည်းဖြစ်ပါတယ်။
မန်ချက်စတာယူနိုက်တက်အသင်းကနေ အင်တာမီလန်အသင်းဆီပြောင်းရွှေ့ခဲ့ပြီးတဲ့နောက် ခြေစွမ် းပြ နေခဲ့တဲ့ တိုက်စစ်မှူးလူကာကူအနေနဲ့ အသင်းဟောင်းကို ထပ်မံဝေဖန်ခဲ့ပြီး အစားအသောက်အ ဆင်မပြေမှုများကြောင့် ကိုယ်အလေးချိန်မြင့်တက်လာတာဖြစ်တယ်လို့ ပြောဆိုခဲ့မှုကို thesun ကဖော် ပြလာပါတယ်။
ယူနိုက်တက်တွင်ရှိစဉ်က ဒဏ်ရာပြဿနာများနဲ့ရင်ဆိုင်ခဲ့ရတဲ့အပြင် ပုံမှန်ခြေစွမ်းပျောက်ဆုံးမှု များက ကိုယ်အလေးချိန်မြင့်တက်နေတဲ့ ကစားသမားဖြစ်သူကြောင့်ဟု ဝေဖန်မှုများရှိခဲ့တဲ့အတွက် လူကာကူ က အခုလိုပြန်လည်ဖြေရှင်းခဲ့တာပါ။
“ ပရော်ဖက်ရှင်နယ်ကစားသမားတစ်ဦးအနေနဲ့ ပုံမှန်စားသောက်မှုပုံစံကိုနားလည်ပါတယ်။ ဒါပေမဲ့ ယူနိုက်တက်မှာရှိစဉ်က စားသောက်မှုပုံစံအချို့ လွဲမှားခဲ့တယ်လို့ပဲဆိုရမှာပါ။စွမ်းဆောင်နိုင်ရေအား လုံးကျဆင်းခဲ့ တာလည်း အဓိကပြဿနာတစ်ခုပါပဲ” လို့ လူကာကူက ဆိုခဲ့ပါတယ်။
လူကာကူအနေနဲ့ယူနိုက်တက်ကမထွက်ခွာမီတွင် ကိုယ်အလေးချိန်အဆမတန်မြင့်တက်ခဲ့တာဖြစ်ပြီး ရာသီကြိုခြေစမ်းပွဲစဉ်တွေမတိုင်မီမှာတင် ပေါင် ၁၀ပေါင်နီးပါးမြင့်တက်နေခဲ့တဲ့အတွက်ဝေဖန်မှု တွေကို ရင်ဆိုင်ခဲ့ရတာလည်းဖြစ်ပါတယ်။
ယူနိုက်တက်ကနေ ပြောင်းရွှေ့ခါနီးတွင် နည်းပြဆိုးလ်ရှားနဲ့အဆင်မပြေမှုများရှိခဲ့တဲ့အပြင် ပရိသတ် အချို့ရဲ့ဝေဖန်မှုကိုရင်ဆိုင်ခဲ့ရတဲ့ လူကာကူအနေနဲ့ အင်တာမီလန်အသင်းမှာတော့ ခြေစွမ်းြ ပကစား နိုင်တဲ့အပြင် လက်ရှိမှာ ပွဲစဉ် ၂အပြီး အသင်းအတွက် ၂ဂိုးသွင်းယူပေးထားနိုင်ခဲ့ပြီဖြစ်ပါတယ်။