ရှုံးပွဲနဲ့ ရင်ဆိုင်ရနိုင်တယ်လို့ ပြောသွားခဲ့တာပါ။

ရာနီရေးနီက ယူနိုက်တက်ရဲ့ လက်ရှိခြေစွမ်းနဲ့ နည်းပြဆိုးလ်ရှားရဲ့ စွမ်းဆောင်ရည်အပေါ်မှာ ချီးကျူးပြောကြားခဲ့ပေမယ့်လည်း ရှုံးပွဲနဲ့ ရင်ဆိုင်ရနိုင်တယ်လို့ သတိပေးသွားခဲ့တာ ဖြစ်ပါတယ်။

စနေနေ့မှာ ကစားရမယ့် မန်ချက်စတာယူနိုက်တက်အသင်းနဲ့ ပွဲမတိုင်မီမှာ ဖူလ်ဟမ်နည်းပြ ရာနီရေးနီက ယူနိုက်တက်အနေနဲ့ သူတို့အသင်းနဲ့အတွေ့မှာ ရှုံးပွဲကြုံတွေ့နိုင်တယ်လို့ သတိပေးစကားပြောဆိုလိုက်ပါတယ်။ ယူနိုက်တက်ဟာ ဆိုးလ်ရှားလက်ထက်မှာ (၁၀)ပွဲဆက်တိုက် ရှုံးပွဲမရှိတဲ့ အသင်းဖြစ်နေပြီး မနက်ဖြန်ည (ရး၀၀)နာရီမှာ ဖူလ်ဟမ်ကို အဝေးကွင်းမှာ သွားရောက်ရင်ဆိုင်ရမှာ ဖြစ်ပါတယ်။

တန်းဆင်းဇုန်အတွင်းကျရောက်နေတဲ့ ဖူလ်ဟမ်နဲ့ ရင်ဆိုင်ရမှာဖြစ်ပြီး ချန်ပီယံလိဂ်ဝင်ခွင့်အဆင့် (၄)နေရာအတွက် ချယ်လ်ဆီးနဲ့ (၂)မှတ်ကွာဟနေတာမို့ ယူနိုက်တက်ဟာ ဒီပွဲကို မဖြစ်မနေ အနိုင်ကစားထားရမှာဖြစ်ပါတယ်။ ဒီပွဲပြီးပါက ပီအက်စ်ဂျီ၊ လီဗာပူးလ်တို့နဲ့ ဆက်တိုက်ဆိုသလို ရင်ဆိုင်ရမှာလည်း ဖြစ်ပါတယ်။ ဖူလ်ဟမ်ကတော့ နောက်ဆုံးငါးပွဲမှာ တစ်ပွဲသာ အနိုင်ရထားတဲ့ အသင်းဖြစ်ပေမယ့် ရာနီရေးနီက သူ့အသင်းဟာ ယူနိုက်တက်ကို အကောင်းဆုံးရင်ဆိုင်နိုင်မယ်လို့ ယုံကြည်နေပါတယ်။

"ဒီပွဲကို အကောင်းဆုံးပုံစံနဲ့ ကျွန်တော်တို့ ကစားသွားမှာပါ၊ တိုက်ပွဲဝင်လိုစိတ်အပြည့်နဲ့သာ မကစားခဲ့ဘူးဆိုရင်တော့ ပွဲမတိုင်ခင်ကတည်းက ကျွန်တော်တို့ အရေးနိမ့်နေမှာပါ၊ ဒါက ပြဇာတ်တစ်ခုမဟုတ်ပါဘူး၊ ဘောလုံးပွဲပါ၊ ကျွန်တော့်ကစားသမားတွေ နောက်ဆုံးအချိန်ထိ တိုက်ပွဲဝင်တာကို မြင်ချင်ပါတယ်၊ ပရိသတ်တွေကလည်း ကစားသမားတွေ ဒီလိုကစားတာကို မြင်ရင် ပျော်ရွှင်နေမှာပါ"

"ယူနိုက်တက်က အနှေးနဲ့အမြန် ရှုံးပွဲကြုံတွေ့နိုင်တဲ့ အသင်းပါ၊ ကျွန်တော်တို့နဲ့အတွေ့မှာ သူတို့ဘာလို့များ မရှုံးနိုင်ရမှာလဲ?၊ လက်ရှိမှာ ဆိုးလ်ရှားက ယူနိုက်တက်ရဲ့ အမြဲတမ်းနည်းပြထိုက်တန်တဲ့ အရည်အသွေးကို ပြသထားပါတယ်၊ ယူနိုက်တက်က စိတ်ဓာတ်ပိုင်းဆိုင်ရာမှာပါ ပြောင်းလဲသွားခဲ့ပါပြီ၊ သူဘာလို့ အမြဲတမ်းနည်းပြမဖြစ်နိုင်ရမှာလဲ" လို့ ရာနီရေးနီက ပြောဆိုသွားခဲ့ပါတယ်။

ဖူလ်ဟမ်ကတော့ အမှတ်ပေးဇယးာရဲ့ အဆင့် (၁၉)နေရာမှာ ရပ်တည်နေပြီး ရမှတ် (၁၇)မှတ်သာ ရရှိထားကာ အဆင့် (၁၇)က ဘန်လေအသင်းနဲ့ (၇)မှတ်အထိ ကွာဟနေတာမို့ ရမှတ်လိုအပ်နေတဲ့ အသင်းဖြစ်ပါတယ်။ ဒါကြောင့် လက်ကျန်ပွဲစဉ်တိုင်းကို အမှတ်ရအောင် ကစားရမယ့် အသင်းဖြစ်နေတာမို့ ယူနိုက်တက်အတွက်တော့ ကရာဗင်ကော့တေ့ချ်မှာ သတိကြီးကြီးထား ကစားသွားရဖွယ် ရှိနေပါတယ်။

Share

Loading Next Article...
က္က