ဖေဖော်ဝါရီလ (၂၄)ရက်နေ့မှာ ကစားရမှာပါ။

အမှတ်ပေးဇယားထိပ်ဆုံးမှာ ဦးဆောင်နေတဲ့ လီဗာပူးလ်ဟာ ယူနိုက်တက်ကို အဝေးကွင်းမှာ သွားရောက်ကစားရမှာလည်း ဖြစ်ပါတယ်။

လီဗာပူးလ်အသင်းရဲ့ နောက်ခံကစားသမား အန်ဒရူးရောဘတ်ဆန်က လာမယ့် တနင်္ဂနွေနေ့မှာ ကစားရမယ့် မန်ချက်စတာယူနိုက်တက်နဲ့ပွဲဟာ နှစ်သင်းစလုံးသတိထား ကစားရမယ့်ပွဲဖြစ်တယ်လို့ ပြောဆိုသွားခဲ့ပါတယ်။ အမှတ်ပေးဇယားထိပ်ဆုံးမှာ ဦးဆောင်နေတဲ့ လီဗာပူးလ်ဟာ ယူနိုက်တက်ကို အဝေးကွင်းမှာ သွားရောက်ကစားရမှာလည်း ဖြစ်ပါတယ်။



လီဗာပူးလ်အနေနဲ့ ပထမအကျော့ အိမ်ကွင်းအန်ဖီးလ်မှာ ကစားခဲ့တုန်း ၃-၁ နဲ့ အနိုင်ရရှိခဲ့ပေမယ့် ယာယီနည်းပြဆိုးလ်ရှားလက်ထက်မှာ ခြေစွမ်းကောင်းနေတဲ့ ယူနိုက်တက်ကို ရင်ဆိုင်ရမှာမို့ သတိထားကစားရမှာလည်း ဖြစ်ပါတယ်။ အမှတ်ပေးဇယားရဲ့ ဒုတိယနေရာက မန်စီးတီးကလည်း လီဗာပူးလ်ကို ဖိအားပေးနေတာမို့ လီဗာပူးလ်အတွက် အမှားခံလို့မရတဲ့ ပွဲလည်း ဖြစ်ပါတယ်။

"မန်ချက်စတာယူနိုက်တက်နဲ့ ကစားရမှာက ပွဲကြီးပွဲကောင်းပါပဲ၊ သူတို့နဲ့ရင်ဆိုင်ရတိုင်းမှာ အကြိတ်အနယ်ရှိနေခဲ့ပါတယ်၊ ယူနိုက်တက်က ဘောုံးကို မတူကွဲပြားတဲ့ ကစားဟန်နဲ့ ကောင်းကောင်းကစားနိုင်တဲ့ အသင်းဖြစ်ပါတယ်၊ သူတို့ကို ကျွန်တော်တို့ သတိကြီးကြီးထားရမှာ ဖြစ်သလို သူတို့ကလည်းပဲ ကျွန်တော်တို့ကို သတိကြီးကြီးထားရမှာပါ"

"ပွဲကောင်းတစ်ပွဲဖြစ်လာမှာဖြစ်ပြီးတော့ ဒီပွဲအပြီးမှာ ကျွန်တော်တို့ အမှတ်ပေးဇယားထိပ်ဆုံးမှာဆက်ရှိမယ်လို့ မျှော်လင့်ပါတယ်၊ ခင်ဗျားအနေနဲ့ သူတို့အသင်းလူစာရင်းကို ကြည့်မယ်ဆိုရင် ကြယ်ပွင့်ကစားသမားတွေနဲ့ ပြည့်နှက်နေတာကို တွေ့ရမှာပါ၊ သူတို့က အသင်းကောင်း တစ်သင်းပါ၊ ဒဏ်ရာရကစားသမားတွေလည်း ပြန်သက်သာလာမှာဖြစ်လို့ ပိုပြီးတောင့်တင်းသွားမှာပါ"

"သူတို့ဘက်က အန္တရာယ်ပေးနိုင်တဲ့ ကစားသမားကို ရပ်တန့်သွားအောင် ကျွန်တော်တို့ ကြိုးစားရမှာပါ၊ ကျွန်တော်တို့ လိုချင်တဲ့ ရလဒ်ရရှိမယ်လို့ မျှော်လင့်ပါတယ်" လို့ ရောဘတ်ဆန်က ပြောခဲ့ပါတယ်။ မန်ချက်စတာယူနိုက်တက် နဲ့ လီဗာပူူးလ်တို့ရဲ့ ပွဲကိုတော့ ဖေဖော်ဝါရီလ (၂၄)ရက်နေ့၊ ည (၈း၃၅)နာရီမှာ ကစားသွားမှာလည်း ဖြစ်ပါတယ်။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က