ယူနိုက်တက်ထိပ်တန်းတာဝန်ရှိသူတစ်ဦးနဲ့ တွေ့ဆုံနိုင်ခဲ့တာပါ။

ဘင်ဆယ်လ်မန်ကတော့ အသက် ၃၄နှစ်အရွယ်ရှိနေပြီဖြစ်ပြီး ပေါင် ၇ ဘီလီယံလောက် ကြွယ်ဝချမ်းသာသူဖြစ်ပါတယ်။ ဆော်ဒီမင်းသားတစ်ပါးအနေနဲ့ ရာထူးအရှိန်အဝါလည်း ကြီးမားသူလည်းဖြစ်ပါတယ်။


မန်ချက်စတာယူနိုက်တက်အသင်းရဲ့ မန်နေဂျင်းဒါရိုက်တာ ရစ်ချတ်အာနိုးလ်ဟာ ဆော်ဒီမင်းသားဘင်ဆယ်မန်ရဲ့ ကိုယ်စားလှယ်တွေနဲ့ တွေ့ဆုံမှုတွေ ရှိခဲ့တယ်လို့ The Sun က ဖော်ပြခဲ့ပါတယ်။ ဆော်ဒီမင်းသားမိုဟာမက်ဘင်ဆယ်လ်မန်ကတော့ ယူနိုက်တက်အသင်းကို ဝယ်ယူဖို့အတွက် ပေါင် ၃ ဘီလီယံအထိ သုံးစွဲဖို့ ရည်ရွယ်ထားသူဖြစ်ပါတယ်။

အာနိုးလ်ကတော့ ဆော်ဒီမှာ တွေ့ဆုံခဲ့တာဖြစ်ပြီး ယူနိုက်တက်အသင်းကို လက်လွှဲဝယ်ယူမယ့်ကိစ္စနဲ့ ပတ်သက်ပြီး ပြောဆိုဆွေးနွေးမှုတွေ ပြုလုပ်ခဲ့သလားဆိုတာကိုတော့ မသိရသေးဘူးဖြစ်နေပါတယ်။ အာနိုးလ်နဲ့ ဘင်ဆယ်လ်မန်ရဲ့ ကိုယ်စားလှယ်အဖွဲ့ တွေ့ဆုံခဲ့တဲ့နေရာဟာ ဖိုင်ဆယ်လ်အဘူဆာရဲ့ နေအိမ်မှာဖြစ်ပြီး ဘင်ဆယ်လ်မန်ရဲ့ သူငယ်ချင်းတစ်ဦးလို့လည်း သိရပါတယ်။



အာနိုးလ်အတွက်ကတော့ ဒီခရီးစဉ်ဟာ ဆော်ဒီကို ပထမဆုံးအကြိမ် သွားရောက်ခဲ့တာမဟုတ်ဘူးလို့လည်း သိရပါတယ်။ ၂၀၁၉ အတွင်းမှာ အကြိမ်ပေါင်းများစွာ အာနိုးလ်က ဆော်ဒီကို သွားရောက်ခဲ့တယ်လို့ သိရပါတယ်။ ဒီလိုတွေ့ဆုံခဲ့မှုမှာတော့ အာနိုးလ်က ယူနိုက်တက်အသင်းရဲ့ အခြေအနေတွေအကြောင်းကို ပြောပြမှုတွေ ရှိခဲ့ပါတယ်။

"ကမ္ဘာတဝှမ်းမှာ ကျွန်တော်တို့ပရိသတ်တွေ တစ်ဘီလီယံကျော်လောက် ရှိပါတယ်၊ ကမ္ဘာတဝှမ်းက ရုပ်သံလိုင်းတွေရဲ့ ၈၀%လောက်က ကျွန်တော်တို့အသင်းပွဲစဉ်တွေကို ပြသနေတာပါ၊ ပရိသတ်ပေါင်း သန်း၂၀၀နဲ့ ကျွန်တော်တို့ တိုက်ရိုက်ဆက်သွယ်မှုတွေရှိနေပါတယ်" လို့ အာနိုးလ်က ပြောဆိုခဲ့ပါတယ်။

ဘင်ဆယ်လ်မန်ကတော့ အသက် ၃၄နှစ်အရွယ်ရှိနေပြီဖြစ်ပြီး ပေါင် ၇ ဘီလီယံလောက် ကြွယ်ဝချမ်းသာသူဖြစ်ပါတယ်။ ဆော်ဒီမင်းသားတစ်ပါးအနေနဲ့ ရာထူးအရှိန်အဝါလည်း ကြီးမားသူလည်းဖြစ်ပါတယ်။ ဂလေဇာမိသားစုကတော့ ယူနိုက်တက်ရဲ့ ရှယ်ယာ ၉၁%ကို ပိုင်ဆိုင်ထားသူတွေဖြစ်ပြီး အသင်းကိုလက်လွှဲရောင်းချမှာမဟုတ်ဘူးလို့ တုံ့ပြန်ထားပါတယ်။

Share

က္က