ဒေးဗစ်ဒီဂီယာ၊ အဲရစ်ဘိုင်ယီ နဲ့ နီမန်ဂျာမာတစ်တို့ကို ခေါ်ယူနိုင်ဖို့ ဂျူဗင်တပ်စ်က ပစ်မှတ်ထားနေတာဖြစ်ပြီး အားထုတ်မှုတွေ စတင်ဖို့ စီစဉ်နေတယ်လို့ Sportskeeda က ဖော်ပြခဲ့ပါတယ်။
နာမည်ကျော်ကစားသမားတွေကို အလွတ်ခေါ်ယူရာမှာ နာမည်ကျော်ကြားနေတဲ့ ဂျူဗင်တပ်စ်အသင်းဟာ မန်ချက်စတာယူနိုက်တက်အသင်းရဲ့ ကစားသမား ၃ဦးကို အဆိုပါနည်းလမ်းအတိုင်း ခေါ်ယူဖို့အတွက် ကြံရွယ်နေပြိဖြစ်ပါတယ်။ ဒေးဗစ်ဒီဂီယာ၊ အဲရစ်ဘိုင်ယီ နဲ့ နီမန်ဂျာမာတစ်တို့ကို ခေါ်ယူနိုင်ဖို့ ဂျူဗင်တပ်စ်က ပစ်မှတ်ထားနေတာဖြစ်ပြီး အားထုတ်မှုတွေ စတင်ဖို့ စီစဉ်နေတယ်လို့ Sportskeeda က ဖော်ပြခဲ့ပါတယ်။
ပီယာလို၊ ပေါ့ဂ်ဘာ၊ အမ်မရီချန်၊ ဒန်နီအဲဗက်စ်၊ ရမ်ဆေး၊ ရာဘီယော့တို့လို နာမည်ကျော်ကစားသမားတွေကို ပြောင်းရွှေ့ကြေးလုံးဝပေးချေရခြင်းမရှိပဲနဲ့ ခေါ်ယူထားဖူးတဲ့ ဂျူဗင်တပ်စ်က ယူနိုက်တက်ရဲ့ ထိပ်တန်းကစားသမား ၃ဦးကို ပစ်မှတ်ထားလာတာဖြစ်ပါတယ်။ အဆိုပါကစားသမားတွေရဲ့ လက်ရှိအသင်းတွင်း အခြေအနေတွေကို အခွင့်ကောင်းယူဖို့ ဂျူဗီက ကြိုးစားလာတာပါ။
ဒီဂီယာကတော့ အသင်းနဲ့ စာချုပ်သက်တမ်းနောက်ဆုံးနှစ်ကို ရောက်ရှိနေသူဖြစ်ပြီး လက်ရှိအချိန်ထိ စာချုပ်သစ်မချုပ်ဆိုရသေးသူဖြစ်ပါတယ်။ တကယ်လို့သာ စာချုပ်သစ်မချုပ်ဆိုခဲ့ပါက ဒီဂီယာက ဇန်နဝါရီမှာ အင်္ဂလန်ပြင်ပကနှစ်သက်ရာအသင်းတစ်သင်းနဲ့ ကြိုတင်သဘောတူညီမှု ရယူနိုင်မှာလည်းဖြစ်လို့ ယူနိုက်တက်အတွက် ဘေးကျပ်နံကျပ်အခြေအနေဖြစ်ပါတယ်။
မက်ဂွိုင်းယားရောက်ရှိလာပြီးနောက် စမောလင်းနဲ့ ဒါမီယန်တို့ကို ယူနိုက်တက်က အသင်းကနေထွက်ခွာစေခဲ့ပေမယ့် ဘိုင်ယီကတော့ ပုံမှန်နေရာရဖို့ မလွယ်ကူတဲ့သူဖြစ်ပါတယ်။ လက်ရှိမှာလည်း ဒူးဒဏ်ရာကြောင့် အနားယူနေရပြီး ဒဏ်ရာကပြန်လည်သက်သာလာပါကလည်း ပုံမှန်ကစားခွင့်ရဖို့ မလွယ်ကူတဲ့ အနေအထားမှာ ရှိနေပါတယ်။
မာတစ်ကလည်း အသင်းအတွက် ပုံမှန်ကစားခွင့်နည်းပါးနေပြီး ဒီရာသီမှာ မိနစ် ၂၀ခန့်သာ ကစားပေးထားရပါသေးတယ်။ သူ့ရဲ့အနာဂတ်နဲ့ပတ်သက်ပြိး ဆိုးလ်ရှားနဲ့ ပြောဆိုသွားမယ်လို့ မာတစ်က ပြောဆိုခဲ့ဖူးပြီး လိပ်ခဲတည်းလည်းဖြစ်နေတဲ့ အနေအထားမှာ ဂျူဗင်တပ်စ်ဘက်က စောင့်ကြည့်မှုတွေ ပြုလုပ်နေတာဖြစ်ပါတယ်။