တာဟစ်ချောင်ကို စောင့်ကြည့်မှုတွေ ပြုလုပ်နေတာပါ။

စတုတ်စီးတီး ယူ-၂၃ အသင်းနဲ့ကစားခဲ့တဲ့ပွဲကို ဂျူဗင်တပ်စ်အသင်းတာဝန်ရှိသူတွေ လာရောက်ကြည့်ရှုခဲ့ကြပြီး တာဟစ်ချောင်က ယူ-၂၃ အသင်းအတွက် တစ်ဂိုးသွင်းယူပေးပြီး ခြေစွမ်းပြခဲ့ပါတယ်။


ဂျူဗင်တပ်စ်အသင်းဟာ ယူနိုက်တက်အသင်းရဲ့ လူငယ်ကစားသမားတာဟစ်ချောင်ကို ခေါ်ယူဖို့အတွက် စောင့်ကြည့်နေတယ်လို့ သိရပါတယ်။ ရာသီကုန်မှာ ယူနိုက်တက်နဲ့ စာချုပ်သက်တမ်းကုန်ဆုံးမယ့် တာဟစ်ချောင်ကို လက်ရှိအချိန်ထိ အသင်းဘက်က သက်တမ်းတိုးဖို့ ဆောင်ရွက်ရခြင်းမရှိသေးဘူးလို့လည်း Daily Mail က ဖော်ပြခဲ့ပါတယ်။

တာဟစ်ချောင်ရဲ့ လက်ရှိအနေအထားဟာ ပေါ့ဂ်ဘာကို ဂျူဗင်တပ်စ်အသင်းခေါ်ယူသွားခဲ့စဉ်က အနေအထားနဲ့ တူညီနေတာလည်းဖြစ်ပါတယ်။ ၂၀၁၂ ခုနှစ်မှာ ပေါ့ဂ်ဘာကို ဂျူဗီက အလွတ်ပြောင်းရွှေ့ကြေးနဲ့ ခေါ်ယူသွားခဲ့ပြီးနောက် ယူနိုက်တက်က လွန်ခဲ့တဲ့ လေးနှစ်က ပြန်လည်ဝယ်ယူခဲ့ရမှာ ပေါင် ၈၉သန်းအထိ ပေးချေခဲ့ရပါတယ်။

စတုတ်စီးတီး ယူ-၂၃ အသင်းနဲ့ကစားခဲ့တဲ့ပွဲကို ဂျူဗင်တပ်စ်အသင်းတာဝန်ရှိသူတွေ လာရောက်ကြည့်ရှုခဲ့ကြပြီး တာဟစ်ချောင်က ယူ-၂၃ အသင်းအတွက် တစ်ဂိုးသွင်းယူပေးပြီး ခြေစွမ်းပြခဲ့ပါတယ်။ ဒီရာသီမှာ အသင်းကြီးအတွက် ၃ပွဲကစားပေးထားတဲ့ အသက် ၁၉နှစ်အရွယ် ကစားသမားရဲ့ ခြေစွမ်းကို ဂျူဗီက သဘောကျနေခဲ့ပါတယ်။

ဒီရာသီမှာ တာဟစ်ချောင်ကို အသင်းကြီးနဲ့ မကြာခဏဆိုသလို ဆိုးလ်ရှားက ပူးပေါင်းစေခဲ့ပေမယ့်လည်း ပါဝင်ကစားခွင့်ကတော့ အကန့်အသတ်နဲ့သာ ရှိနေခဲ့ပါတယ်။ တောင်ပံတိုက်စစ်ကစားရာမှာ ကောင်းမွန်ပြီး ပြိုင်ဘက်တွေကို တစ်ဦးချင်းဖြတ်ကျော်နိုင်မှုမှာ တာဟစ်ချောင်က ထူးချွန်သူဖြစ်ပါတယ်။ ယူနိုက်တက်အနေနဲ့ တာဟစ်ချောင်ကို အမြန်ဆုံးစာချုပ်ချုပ်ဆိုဖို့လည်း လိုအပ်နေပြီဖြစ်ပါတယ်။

စာချုပ်မချုပ်ဆိုနိုင်ခဲ့ဘူးဆိုရင်တော့ အရည်အသွေးရှိ လူငယ်ကစားသမားတစ်ဦးကို လက်လွှတ်ဆုံးရှုံးရမယ့် အခြေအနေနဲ့ ရင်ဆိုင်ရဖွယ်လည်း ရှိနေပါတယ်။ အပြောင်းအရွှေ့လှုပ်ရှားမှုတွေမှာ ဖျံကျတဲ့ အသင်းလို့သတ်မှတ်ခံထားရတဲ့ ဂျူဗီရဲ့ ကစားသမားခေါ်ယူပုံ အရညအသွေးတွေကြောင့်လည်း စိုးရိမ်စရာဖြစ်လာခဲ့ရပါတယ်။

Share

က္က