အားကစားဒါရိုက်တာရာထူးနေရာအတွက် အငြင်းပွားနေကြတာပါ။

မန်ချက်စတာယူနိုက်တက်အသင်းရဲ့ နည်းပြဆာအဲလက်စ်ဖာဂူဆန် နဲ့ အသင်းဒုဥက္ကဌ ဝုဒ်ဝက်ဒ်တို့ဟာ အသင်းကို ပြုပြင်ပြောင်းလဲဖို့အတွက် စီစဉ်မှုတွေမှာ ဆန့်ကျင်ဖက်အမြင်တွေနဲ့ ထိပ်တိုက်တွေ့ဆုံနေကြပြီ ဖြစ်ပါတယ်။


မန်ချက်စတာယူနိုက်တက်အသင်းရဲ့ နည်းပြဆာအဲလက်စ်ဖာဂူဆန် နဲ့ အသင်းဒုဥက္ကဌ ဝုဒ်ဝက်ဒ်တို့ဟာ အသင်းကို ပြုပြင်ပြောင်းလဲဖို့အတွက် စီစဉ်မှုတွေမှာ ဆန့်ကျင်ဖက်အမြင်တွေနဲ့ ထိပ်တိုက်တွေ့ဆုံနေကြပြီ ဖြစ်ပါတယ်။ ဆိုးလ်ရှားကို နည်းပြသစ်အဖြစ် ခန့်အပ်ခဲ့မှုမှာလည်း ဆာအဲလက်စ်ဖာဂူဆန်ရဲ့ အကြံဉာဏ်မပါဝင်ပဲ ဝုဒ်ဝက်ဒ်က ခန့်အပ်ခဲ့တာဖြစ်တယ်လို့ သတင်းတွေ ထွက်ပေါ်နေခဲ့ပါတယ်။

Daily Mail ရဲ့ ဖော်ပြချက်အရ အခုအခါမှာလည်း အားကစားဒါရိုက်တာတစ်ဦး ခန့်အပ်ဖို့ စီစဉ်ရာမှာ အမြင်ကွဲလွဲမှုတွေ ရှိနေကြပြန်ပြီလို့ သိရပါတယ်။ ယူနိုက်တက်အတွက် ပရီးမီးယားလိဂ်ဖလား (၁၃)လုံး ဆွတ်ခူးပေးခဲ့တဲ့ ဂန္ထဝင်နည်းပြကြီးက လက်စတာနဲ့ အဲဗာတန်တို့မှာ တာဝန်ထမ်းဆောင်ခဲ့ဖူးတဲ့ စတိဗ်ဝေးစ်ကို မှတ်ချက်ပြုထောက်ခံခဲ့ပါတယ်။

ဒါပေမယ့်လည်း ဝုဒ်ဝက်ဒ်က ရီယိုဖာဒီနန်၊ ဒါရင်းဖလက်ချာတို့လို အသင်းကစားသမားဟောင်းတွေကိုသာ အဆိုပါရာထူးပေးအပ်ဖို့ စီစဉ်နေပြီး သူတို့နှစ်ဦးကြားမှာ အငြင်းပွားမှုတွေ ရှိနေတယ်လို့ သိရပါတယ်။ ဖာဂူဆန် ထောက်ခံပေးခဲ့တဲ့ စတိဗ်ဝေးစ်ဟာ လက်စတာစီးတီးအသင်းကို မာရက်ဇ်၊ အန်ဂိုလိုကန်တေ နဲ့ ဂျင်မီဗာဒီတို့ ရောက်ရှိလာအောင် စွမ်းဆောင်ပေးခဲ့သူဖြစ်ပြီး လက်စတာအသင်း ပရီးမီးယားလိဂ်ဖလားရရှိအောင် စွမ်းဆောင်ပေးခဲ့တဲ့ နောက်ကွယ်က သူရဲကောင်းတစ်ဦး ဖြစ်ခဲ့ပါတယ်။

အဲဒီနောက်မှာတော့ သူဟာ အားကစားဒါရိုက်တာရာထူးနဲ့ အဲဗာတန်ကို ပြောင်းရွှေ့ခဲ့ပြီး ရော်နယ်ကိုးမန်း နဲ့ ဆမ်အလာဒိုက်တို့လက်အောက်မှာ တာဝန်ယူခဲ့ပါတယ်။ ဒါပေမယ့်လည်း အဲဗာတန်မှာတော့ သူ့ရဲ့ စွမ်းဆောင်ရည်နဲ့ ပတ်သက်ပြီး ဝေဖန်မှုတွေ ခံခဲ့ရကာ ပေါင်သန်း (၁၅၀)အထိ သုံးစွဲခဲ့ပေမယ့်လည်း အသင်းက တိုးတက်မလာခဲ့လို့ အဲဗာတန်ကနေ ထွက်ခွာခဲ့ရသူ ဖြစ်ပါတယ်။

ဆာအဲလက်စ်ဖာဂူဆန်အနားယူပြီးနောက်ပိုင်း ယူနိုက်တက်ရဲ့ အပြောင်းအရွှေ့လှုပ်ရှားမှုအများစုဟာ လွဲမှားမှုတွေနဲ့ ပြည့်နှက်နေခဲ့ပါတယ်။ နာမည်ကျော်ကစားသမားတွေကို ခေါ်ယူအားဖြည့်ခဲ့ပေမယ့် အသင်းက ဆုတ်ယုတ်မှုတွေသာ ရှိနေခဲ့ပြီး တိုးတက်မလာခဲ့ပဲ ဝုဒ်ဝက်ဒ်ကိုယ်တိုင်ဝေဖန်ပြစ်တင်ခံနေခဲ့ရပါတယ်။ ဒီအတွက် အားကစားဒါရိုက်တာတစ်ဦးခန့်အပ်ပြိး ကစားသမားသစ်ခေါ်ယူဖို့ တာဝန်ကို အပ်နှင်းဖို့ ကြိုးစားနေရာမှာ ဖာဂူဆန် နဲ့ ဝုဒ်ဝက်ဒ်တို့ ထိပ်တိုက်တွေ့နေကြပြီး အသင်းတွင်းအားပြိုင်မှုတစ်ခုအဖြစ် ရှိနေခဲ့ပါတယ်။

Share

Loading Next Article...
က္က