နည်းပြဆိုးလ်ရှားရဲ့အနာဂတ်ဟာ တဖြည်းဖြည်း မှေးမှိန်လာနေပါတယ်။

မန်ချက်စတာယူနိုက်တက်ဂန္တဝင်ဂိုးသမားကြီး ဗန်ဒါဆားက မန်ချက်စတာယူနိုက်တက်အသင်းမှာ စိတ်ဓာတ်ပြင်းထန်သူတွေ မရှိတော့ဘူးလို့ ယုံကြည်နေပြီး အဲဒါကြောင့်ပဲ ကွဲပြားခြားနားမှုတွေ မလုပ်နိုင်တော့တာလို့ ပြောကြားခဲ့ကြောင်း Metro က ဖော်ပြခဲ့ပါတယ်။

မန်ချက်စတာယူနိုက်တက်အသင်းရဲ့ နယူးကာဆယ်ကို ရှုံးနိမ့်မှုက ဆိုးလ်ရှားကို ဖိအားတွေ တိုးမြင့်စေခဲ့ပြီး စွမ်းဆောင်ရည်ကျဆင်းနေတဲ့အသင်းလူစာရင်းကို ၎င်းရဲ့ ကစားကွက်ကို သွတ်သွင်းဖို့ ရုန်းကန်နေရပုံ ရပါတယ်။

ဆိုးလ်ရှားဟာ ပြီးခဲ့တဲ့နွေရာသီအပြောင်းအရွှေ့ကာလမှာ ဝမ်ဘစ်စ်ကာ၊ မက်ဂွိုင်းယားတို့ကို ကြီးမားတဲ့ပမာဏပေးချေပြီး ခေါ်ယူခဲ့တာဖြစ်ပေမယ့် ဗန်ဒါဆားက အိုးထရက်ဖို့ဒ်မှာ ခေါင်းဆောင်တွေမရှိတော့ဘူးလို့ ညည်းတွားခဲ့ပါတယ်။

“ကျွန်တော် အဝတ်လဲခန်းထဲကို ဝင်ခဲ့တဲ့အချိန်တုန်းက ကျွန်တော်တို့မှာ ရိုင်ယန်ဂစ်ရှိတယ်။ ပေါလ်စခိုးရှိတယ်။ ဖာဒီနန်ရှိတယ်။ ဂယ်ရီနဗီးရှိတယ်။ အဲဒီအချိန်တုန်းက ရွိုင်ကိန်းတောင် ရှိသေးတယ်”



“အမြဲတမ်း စိတ်ဓာတ်ပြင်းထန်တဲ့သူတွေရှိခဲ့တယ်။ ပြီးခဲ့တဲ့နှစ်တွေမှာတော့ အဲဒီလို စိတ်ဓာတ်ပြင်းထန်သူတွေ ပျောက်ကွယ်ခဲ့ပြီး ဘာမှ ကွဲပြားခြားနားမှုတွေ မလုပ်နိုင်တော့ပါဘူး”လို့ ESPN ကို ပြောကြားခဲ့ပါတယ်။

ဗန်ဒါဆားဟာ မန်ချက်စတာယူနိုက်တက်အသင်းနဲ့အတူ ပရီးမီးယားလိဂ်ဖလား ၄ ကြိမ်အထိ ကိုင်မြှောက်နိုင်ခဲ့သူဖြစ်ပြီး ပြီးခဲ့တဲ့လအနည်းငယ်က ယူနိုက်တက်ရဲ့ ဘောလုံးဒါရိုက်တာရာထူးကို တာဝန်ယူဖို့ သတင်းတွေထွက်ပေါ်ခဲ့ဖူးသူဖြစ်ပါတယ်။

Share

Loading Next Article...
က္က