အီဗရာအနေနဲ့ ယူနိုက်တက်ယူ၁၈အသင်းကို စတင်တာဝန်ယူနေခဲ့ပြီဖြစ်ပါတယ်။

မန်ချက်စတာယူနိုက်တက်အသင်းအနေနဲ့ လူငယ်စီမံကိန်းများတွင် ကစားသမားဟောင်းအချို့ကို တာဝန်ပေးဖို့ရှိနေတာလည်းဖြစ်ပါတယ်။

ပရီးမီးယားလိဂ်ကလပ်မန်ချက်စတာယူနိုက်တက်အသင်းအနေနဲ့ လူငယ်စီမံကိန်းများတိုးတက်စေရေး အတွက် ဂန္ထဝင်ကစားသမားဟောင်းဖြစ်တဲ့ အီဗရာကို ယူ-၁၈အသင်းနည်းပြအဖွဲ့ဝင်အဖြစ်ခန့်အပ်တာ ဝန်ပေးခဲ့ပြီဖြစ်တယ်လို့ အသင်းရဲ့အတည်ပြုမှုကို TheSun က ဖော်ပြလာပါတယ်။

မန်ချက်စတာယူနိုက်တက်အသင်းတွင် ၈နှစ်ကြာကစားခဲ့ပြီး ပရီးမီးယားလိဂ်ချန်ပီယံဆု ၂ကြိမ်အပြင် အောင်မြင်မှုများစွာရရှိခဲ့တဲ့ အီဗရာအနေနဲ့ ပြီးခဲ့တဲ့ဘောလုံးရာသီကုန်ဆုံးချိန်တွင် ကစားသမားအြ ဖစ် ကနေ အနားယူခဲ့သူလည်းဖြစ်ပါတယ်။



“ယူနိုက်တက်နဲ့ ပြန်ပူးပေါင်းခွင့်ရတဲ့အခိုက်အတံ့ ဖော်မပြတတ်လောက်အောင်ပါပဲ။ အသင်းရဲ့နည်း ပြ ဂျာစီကိုဝတ်ဆင်ခွင့်ရဲ့အချိန်က တကယ်ကိုကျေနပ်စရာပါ။ အသင်းအတွက်ပေးဆပ်ဖို့အသင့်ရှိနေ ဆဲပါပဲ ” လို့ အီဗရာက ဆိုလိုက်ပါတယ်။

အီဗရာအနေနဲ့ ယူနိုက်တက်အသင်းရဲ့ယူ-၁၈အသင်းနည်းပြနေးလ်ရွိုင်ယန်န့အတူ လက်တွဲလုပ်ဆော င်ရမှာဖြစ်ပြီး လာမယ့်ပြည်တွင်းယူ-၁၈ပြိုင်ပွဲတွေအတွက် လေ့ကျင့်ပြင်ဆင်ရမှာဖြစ်တယ်လို့လည်း သိ ရပါတယ်။

ယူနိုက်တက်အသင်းရဲ့ နည်းပြအဖွဲ့ဝင်ဖြစ်လာတဲ့ အီဗရာအတွက် အသင်းဖော်ဟောင်းအများစုက ကြို ဆိုခဲ့ပြီး ကွင်းလယ်ကစားသမားမာတာကိုယ်တိုင်ကလည်း “ အိုးထရက်ဖို့ဒ်ကနေ ကြိုဆိုပါတယ် နည်းပြပတ် ” လို့ ဂုဏ်ပြုဖော်ပြခဲ့ပါတယ်။

Share

Loading Next Article...
က္က