မန်ချက်စတာယူနိုက်တက်နဲ့ ပြင်သစ်အသင်းကွင်းလယ်ကစားသမား ပေါလ်ပေါ့ဂ်ဘာက သူ့အနေနဲ့ ရီးရဲလ်မက်ဒရစ်မှာ ကစားဖို့ အိပ်မက်ရှိတယ်လို့ ထုတ်ဖော်ပြောကြားလိုက်ပါတယ်။ ဒါပေမယ့်လည်း လက်ရှိမှာ သူ့အနေနဲ့ အိုးထရက်ဖို့ဒ်မှာပဲ ပျော်ရွှင်နေတယ်လို့ ထပ်မံပြောကြားခဲ့ကြောင်း ESPN က ဖော်ပြသွားခဲ့ပါတယ်။
ရီးရဲလ်ကို နည်းပြသစ်အဖြစ် ဇီဒန်းပြန်လည်ရောက်ရှိလာခဲ့ပြီး လာမယ့်နွေရာသီမှာ အသင်းအတွက် ကစားသမားသစ်တွေ ခေါ်ယူဖို့ ပြင်ဆင်နေခဲ့ပါတယ်။ ရီးရဲလ်က အလိုရှိနေတဲ့ကစားသမားစာရင်းမှာ ပေါ့ဂ်ဘာလည်း ပါဝင်နေခဲ့ပြီး ပေါ့ဂ်ဘာရဲ့ အခုလိုပြောဆိုခဲ့မှုဟာ မန်ချက်စတာယူနိုက်တက်အသင်းအတွက်တော့ စိုးရိမ်စရာ ဖြစ်လာခဲ့ရပါတယ်။
အသက်အရွယ်အရ အကျပိုင်းရောက်လာတဲ့ မိုဒရစ်နဲ့ စွမ်းဆောင်ရည်နိမ့်ကျနေတဲ့ တိုနီခရူးစ်တို့ရဲ့ နေရာမှာ ပေါ့ဂ်ဘာကို အစားထိုးဖို့ ဇီဒန်းက စိတ်ဝင်စားနေတယ်လို့ ESPN က ရေးသားခဲ့ပြီး ပေါ့ဂ်ဘာကိုယ်တိုင်ကလည်း ရီးရဲလ်မှာ ကစားချင်တယ်လို့ ဝန်ခံပြောကြားခဲ့လို့ လာမယ့်နွေရာသီအပြောင်းအရွှေ့ဈေးကွက်ဟာ တော်တော်လေး စိတ်ဝင်စားစရာ ဖြစ်လာခဲ့ပါပြီ။
"ကျွန်တော် အမြဲတမ်းပြောခဲ့ဖူးပါတယ်၊ ရီးရဲလ်မက်ဒရစ်က ကစားသမားတိုင်းရဲ့ အိပ်မက်ဆိုတာပါ၊ ရီးရဲလ်က ကမ္ဘာ့အကြီးကျယ်ဆုံးကလပ်အသင်းတစ်ခုဖြစ်ပြီး ဇီဒန်းက အဲဒီမှာ နည်းပြအဖြစ် ကိုင်တွယ်နေပါတယ်၊ ကလေးတိုင်းနဲ့ ကစားသမားတိုင်းအတွက် ဒါက အိပ်မက်တစ်ခုပါပဲ" လို့ ပြင်သစ်အသင်းရဲ့ လေ့ကျင့်ရေးကွင်းမှာ ပြုလုပ်ခဲ့တဲ့ သတင်းစာရှင်းလင်းပွဲမှာ ပေါ့ဂ်ဘာက ပြောကြားခဲ့ပါတယ်။
"အခုကတော့ ကျွန်တော်မန်ချက်စတာမှာ ပျော်ရွှင်နေပါတယ်၊ ယူနိုက်တက်မှာ ကစားနေပြီး နည်းပြအသစ်တစ်ယောက်လည်း ကျွန်တော်တို့မှာ ရှိပါတယ်၊ လက်ရှိမှာ ကျွန်တော်က ယူနိုက်တက်အသင်းသားပါပဲ၊ အနာဂတ်မှာ ဘာဖြစ်လာမလဲဆိုတာကိုတော့ ဘယ်သူကမှ မသိနိုင်ဘူးလေ" လို့ ပေါ့ဂ်ဘာက ထပ်မံပြောကြားသွားခဲ့ပါတယ်။
ဆုံးရှုံးရဦးမှာလားဆိုတာ တွေးပူစရာပါပဲ။ ရီးရဲလ်ကလည်း ယူနိုက်တက်ကစားသမားတွေကို အရခေါ်ယူလေ့ရှိတဲ့ အသင်းအဖြစ်လည်း ရှိနေခဲ့လို့ ပိုပြီးစိတ်ဝင်စားစရာ ဖြစ်လာခဲ့ပါတယ်။