ချယ်လ်ဆီးကို ဂိုးပြတ်အနိုင်ရရှိခဲ့ပြီးနောက်ပိုင်း ကစားခဲ့တဲ့ပွဲတိုင်းမှာ ယူနိုက်တက်ဟာ တစ်ပွဲကို တစ်ဂိုးသာသွင်းယူနိုင်ခဲ့ပြီး တိုက်စစ်ပိုင်းအခက်အခဲတွေနဲ့လည်း ရင်ဆိုင်ခဲ့ရပါတယ်။
မန်ချက်စတာယူနိုက်တက်အသင်းကတော့ နယူးကာဆယ်ကို အရေးနိမ့်ခဲ့အပြီးမှာ အမှတ်ပေးဇယားရဲ့ အဆင့် (၁၂)နေရာမှာ ရပ်တည်ခဲ့ရပြီဖြစ်ပါတယ်။ ရာသီအဖွင့်ပွဲမှာ ချယ်လ်ဆီးကို ဂိုးပြတ်အနိုင်ရရှိခဲ့ပြီးနောက်ပိုင်း ကစားခဲ့တဲ့ပွဲတိုင်းမှာ ယူနိုက်တက်ဟာ တစ်ပွဲကို တစ်ဂိုးသာသွင်းယူနိုင်ခဲ့ပြီး တိုက်စစ်ပိုင်းအခက်အခဲတွေနဲ့လည်း ရင်ဆိုင်ခဲ့ရပါတယ်။
နောက်ဆုံးကစားခဲ့တဲ့ ၃ပွဲမှာလည်း သွင်းဂိုးတစ်ဂိုးသာ ရရှိခဲ့ပြီး အဆိုပါသွင်းဂိုးကိုလည်း ကွင်းလယ်လူ တော်မီနေးက အာဆင်နယ်နဲ့ပွဲမှာ သွင်းယူခဲ့တာဖြစ်ပါတယ်။ မနေ့က ကစားခဲ့တဲ့ နယူးကာဆယ်နဲ့ပွဲမှာလည်း ယူနိုက်တက်က ဂိုးမသွင်းယူနိုင်ခဲ့ပဲ အဝေးကွင်းမှာ ၁-၀ နဲ့ အရေးနိမ့်ခဲ့ကာ အဝေးကွင်းနိုင်ပွဲပျောက်ဆုံးမှုကို အဆုံးမသတ်နိုင်သေးပဲ ရှိခဲ့ပါတယ်။
ရက်ရှ်ဖို့ဒ်နဲ့ ဒန်နီရယ်ဂျိမ်းစ်တို့က ဒီရာသီမှာ အသင်းရဲ့ ဂိုးသွင်းအများဆုံးကစားသမားတွေအဖြစ် ၃ဂိုးစီ သွင်းယူကာ ရပ်တည်နေကြပြီး ယူနိုက်တက်က စုစုပေါင်းသွင်းဂိုး ၉ ဂိုးသာ ရရှိထားခဲ့ပါတယ်။ လီဗာပူးလ်က သွင်းဂိုး ၂၀၊ မန်စီးတီးက ၂၇ ဂိုးနဲ့ ချယ်လ်ဆီးက ၁၈ ဂိုးအထိ ရရှိနေချိန်မှာ ယူနိုက်တက်ရရှိထားတဲ့ ဂိုးအရေအတွက်က အရှက်ရဖွယ်အဖြစ်လည်း ရှိနေခဲ့ပါတယ်။
ဒီရာသီမှာ ဂိုးသွင်းအများဆုံးကစားသမားတွေအဖြစ် ဆာဂျီယိုအဂူရိုနဲ့ အေဘရာဟမ်တို့က ၈ ဂိုးစီ သွင်းယူထားကြပြီး သူတို့တစ်ဦးချင်းစီရဲ့သွင်းဂိုးက ယူနိုက်တက်တစ်သင်းလုံးရရှိထားတဲ့ သွင်းဂိုးထက် တစ်ဂိုးသာ လျော့နည်းနေခဲ့ပါတယ်။ အာဆင်နယ်တိုက်စစ်မှူးအော်ဘာမီယန်က ၇ ဂိုး၊ ပူကီ နဲ့ စတာလင်တို့က ၆ ဂိုးစီသွင်းယူထားပြီး ယူနိုက်တက်စုစုပေါင်းရရှိထားတဲ့ ဂိုးအရေအတွက်ထက် အနည်းငယ်သာ လျော့နည်းနေခဲ့ပါတယ်။