လီဗာပူးအသင်းက ယခုရာသီအစကတည်းက စောင့်ကြည့််နေတာပါ။

မန်ချက်စတာယူနိုက်တက်၊ လီဗာပူးနဲ့ ဆီဗီလာအသင်းတို့ရဲ့ ကင်းထောက်တွေဟာ ယနေ့ညမှာ ယူရိုပါလိဂ်ပွဲစဉ်အဖြစ် ယှဉ်ပြိုင်ကစားကြမယ့် ထရက်ဇွန်စပေါ်နဲ့ ခရက်စ်နိုဒါတို့ရဲ့ပွဲစဉ်မှာ ထရက်ဇွန်စပေါ်လူငယ်ဂိုးသမားကို စောင့်ကြည့်သွားမယ်လို့ Fanatik ရဲ့ ဖော်ပြချက်အရ သိရပါတယ်။

လီဗာပူးအသင်းဟာ ပြီးခဲ့တဲ့လတွေကတည်းက အသက် ၂၃ နှစ်အရွယ် ဂိုးသမားကို ခေါ်ယူဖို့ သတင်းတွေ ထွက်ပေါ်နေခဲ့တာဖြစ်ပြီး လက်ရှိအချိန်မှာတော့ မန်ချက်စတာယူနိုက်တက်နဲ့ ဆီဗီလာတို့ကလည်း တူရကီလက်ရွေးစင်ကြယ်ပွင့်ကို ယှဉ်ပြိုင်ခေါ်ယူမယ့်အသင်းတွေအဖြစ် ထွက်ပေါ်လာခဲ့ပြီလို့ သိရပါတယ်။

ယခုရာသီတလျှောက်လုံးမှာ လီဗာပူးအသင်းက အူဂါကန်ကာကီရာကို စောင့်ကြည့်ဖို့အတွက် တူရကီကို ကင်းထောက်တွေ စေလွှတ်ခဲ့တယ်လို့ သိရပြီး Fanatik ရဲ့ ဖော်ပြချက််အရ မန်ချက်စတာယူနိုက်တက်ကလည်း ယနေ့ညမှာ ကာကီရာကို စောင့်ကြည့်ဖို့ ကင်းထောက်စေလွှတ်တော့မယ်လို့ သိရပါတယ်။

ထရက်ဇွန်စပေါ်အသင်းရဲ့ဘုတ်အဖွဲ့တွေဟာ အူဂါကန်ကာကီရာအတွက် မြင့်မားတဲ့မျှော်လင့်ချက် ထားရှိထားတယ်လို့ သိရပြီး ထရက်ဇွန်စပေါ်အသင်းဥက္ကဌ အာမက်အာဂါဂလူက ယူရိုသန်း ၂၀ အောက် ကမ်းလှမ်းမှုတွေကို နားထောင်သွားမှာမဟုတ်ဘူးလို့ သိရပါတယ်။



အူဂါကန်ကာကီရာဟာ မကြာသေးမီက ၎င်းရဲ့ကစားသမားဘဝရဲ့ အချို့ကာလတွေမှာ ယခုထက် ပိုမိုမြင့်မားတဲ့လိဂ်မှာ ကစားချင်ကြောင်း ထုတ်ဖော်ပြောကြားခဲ့ပေမယ့် ၎င်းရဲ့ဇာတိမြေအသင်းဖြစ်တဲ့ ထရက်ဇွန်စပေါ်နဲ့ အရင်ဆုံးအမှတ်ပေးဖလားကို ရယူချင်တယ်လို့ ပြောကြားခဲ့တာဖြစ််ပါတယ်။

ကာကီရာဟာ ထရက်ဇွန်စပေါ်အသင်းမှာ ၂၀၂၅ ခုနှစ်အထိ ဆက်ရှိနေစေမယ့် စာချုပ်သစ်ကို ချုပ်ဆိုခဲ့သူဖြစ်ပြီး မန်ချက်စတာယူနိုက်တက်ရဲ့ စိတ်ဝင်စားမှုက ကြီးကြီးမားမားဖြစ်လာဖွယ်မရှိဘူးလို့ သိရပါတယ်။

Share

က္က