ဗိုလ်လုပွဲမှသာ တွေ့ချင်တယ်လို့ ပြောခဲ့တာပါ။
ချယ်ဆီးအသင်းနည်းပြဆာရီဟာ ယနေ့ ပြုလုပ်မယ့် ယူရိုပါလိဂ်မဲခွဲမှုမှာ မတွေ့ဆုံချင်တဲ့ အသင်းတစ်သင်းကို ထုတ်ဖော်ပြောကြားခ့ဲပါတယ်။ ချယ်ဆီးအသင်းဟာ ယမန်နေ့ညက ဒိုင်နမိုကိဗ်ကို ၅ ဂိုး ဂိုးမရှိနဲ့ ဂိုးပြတ်အနိုင်ရရှိခဲ့ပြီး ၂ ကျော့ပေါင်း ၈ ဂိုး ဂိုးမရှိနဲ့ ကွာတားဖိုင်နယ်အဆင့်ကို တက်ရောက်နိုင်ခဲ့တာဖြစ်ပါတယ်။
အာဆင်နယ်၊ ဘင်ဖီကာ၊ နာပိုလီနဲ့ ဗလင်စီယာအသင်းတို့ဟာ ယူရိုပါလိဂ်ကွာတားဖိုင်နယ်အဆင့်ကို တက်ရောက်နိုင်ခဲ့တဲ့အသင်းတွေထဲမှာ ပါဝင်နေပြီး အင်တာမီလန်အသင်းကတော့ ဖရန့်ဖတ်အသင်းကို ရှုံးနိမ့်ပြီး ပြိုင်ပွဲကနေ ထွက်ခွာခဲ့ရပြီဖြစ်ပါတယ်။

Metro ရဲ့သတင်းအရ ဆာရီဟာ ၎င်းရဲ့အသင်းဟောင်း နာပိုလီအသင်းနဲ့ တွေ့ဆုံမှုကို ရှောင်လွှဲလိုနေပြီး စီးရီးအေထိပ်သီးနာပိုလီအသင်းဟာ ၎င်းရဲ့နောက်ဆုံးပြိုင်ဘက်ဖြစ်လာဖို့ မျှော်လင့်နေတယ်လို့ သိရပါတယ်။



ပြီးခဲ့တဲ့နွေရာသီက ချယ်ဆီးအသင်းကို နည်းပြအဖြစ် မကိုင်တွယ်မီ နာပိုလီအသင်းကနေ ထုတ်ပယ်ခြင်းခံခဲ့ရတဲ့ ဆာရီဟာ လာမယ့်မေလ ဘာကူမှာ ယှဉ်ပြိုင်ကစားမယ့် ဗိုလ်လုပွဲမှာ နာပိုလီအသင်းကို လက်စားချေချင်နေတယ်လို့ သိရပါတယ်။

“သူတို့နဲ့ ဗိုလ်လုပွဲမှာပဲ ပိုပြီးတွေ့ချင်ပါတယ်။ အဲဒါက ကျွန်တော်တို့ ဗိုလ်လုပွဲမှာရှိနေမယ်လို့ ဆိုလိုတာဖြစ်ပြီး အဲဒါက ကျွန်တော့်ကို ပျော်ရွှင်စေမှာပါ။ နာပိုလီကလည်း ဗိုလ်လုပွဲမှာဆိုရင် အဲဒါကလည်း ကျွန်တော့်ကို ပျော်ရွှင်စေမှာပါ။ အသင်းနဲ့အတူရှိတဲ့ ကျွန်တော့်ရဲ့သမိုင်းကြောင်းနဲ့ဆိုရင် သူတို့ကို ကစားဖို့အတွက် ခက်ခဲပါလိမ့်မယ်” လို့ Metro ကို ပြောကြားခဲ့ပါတယ်။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က