ဂိမ်းကစားမှုနဲ့ လူမှုကွန်ရက် သုံးမှုလည်း မြင့်လာနေပါတယ်

Ofcom ရဲ့ အစီရင်ခံစာအရ ၂၀၁၉ ခုနှစ်အတွင်းမှာ အသက် ၁၀ နှစ်အရွယ် ယူကေကလေးငယ်အားလုံးရဲ့ တစ်ဝက်ခန့်ဟာ စမတ်ဖုန်းတစ်လုံးစီ ပိုင်ဆိုင်ထားကြတယ်လို့ ဆိုပါတယ်။

အသက် ၉ နှစ်နဲ့ ၁၀ နှစ်အကြား ကလေးငယ်တွေကို လေ့လာခဲ့တဲ့ ဒီအစီရင်ခံစာကို “ဒီဂျစ်တယ်အမှီအခိုကင်းမှု ခေတ်” လို့ နာမည်ပေးထားပြီး စမတ်ဖုန်းကိုင်သူ ကလေးငယ်တွေအကြောင်း လေ့လာစစ်တမ်းထုတ်ခဲ့တာပါ။



စစ်တမ်းအရ အသက် ၃ နှစ်နဲ့ ၄ နှစ်အရွယ် ကလေးငယ်တွေရဲ့ ၂၄ % ဟာ တက်ဘလက်ပိုင်ဆိုင်ပြီး ဒီထဲက ၁၅ %သော ကလေးငယ်ဟာ တက်ဘလက်ကို အိပ်ရာထဲထိ ယူခွင့် ပေးထားတယ်လို့ ဖော်ပြထားပါတယ်။အသက် ၁၂ နှစ်နဲ့ ၁၅ နှစ်အကြား ဆယ်ကျော်သက်တွေရဲ့ ၈၃% ဟာ စမတ်ဖုန်းတစ်လုံးစီ ပိုင်ဆိုင်ကြတယ်လို့ ဆိုပါတယ်။


Photo: BBC


အသက်အရွယ်ပိုကြီးလာတဲ့ ကလေးတွေဟာ Social media နဲ့ ဂိမ်းအသုံးပြုမှု မြင့်တက်လာနေပြီး အသက် ၁၂ နှစ်နဲ့ ၁၅ နှစ်အကြား ဆယ်ကျော်သက်များရဲ့ ၁၈ % ဟာ Greata Effect ကြောင့် လူမှုကွန်ရက်သုံးလာတယ်လို့ အစီရင်ခံစာက ဖော်ပြထားပါတယ်။ Greata Effect ဆိုတာကတော့ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး ကမ်ပိန်းကို စတင်ခဲ့တဲ့ အသက် ၁၇ နှစ်အရွယ် ဂရီတာသွန်းဘာ့ဂ်ရဲ့ လူမှုကွန်ရက်ပေါ် ဩဇာသက်ရောက်မှုကို ပြောတာ ဖြစ်ပါတယ်။

၂၀၁၉ ခုနှစ် Ofcom ရဲ့ ဒီဂျစ်တယ် အစီရင်ခံစာ အနှစ်ချုပ်အနေနဲ့ အသက် ၅ နှစ်မှ ၁၅ နှစ်အတွင်း မိန်းကလေးငယ်တွေရဲ့ ၄၈ %နဲ့ ယောင်္ကျားလေးတွေရဲ့ ၇၁% ဟာ အွန်လိုင်းဂိမ်းကစားကြပြီး ကစားချိန် နာရီမှာလည်း ယောင်္ကျားလေးတွေဟာ တစ်ပတ်ကို ၁၄ နာရီခွဲနှုန်းနဲ့ မိန်းကလေးတွေထက် နှစ်ဆပို ကစားကြတယ်လို့ ဖော်ပြထားပါတယ်။

Photo: Research Live

ကလေးများ ဂိမ်းကစားခြင်းနဲ့ ဂိမ်းအတွက် ငွေကုန်ခံခြင်းကို မိဘတွေရဲ့ ၄၇% က စိုးရိမ်မှု ရှိကြတယ်လို့လည်း ဆိုပါတယ်။ လူမှုကွန်ရက်အနေနဲ့ Snapchat နဲ့ Facebook တို့ဟာ ကလေးတွေအကြားမှာ ရေပန်းအစားဆုံး လူမှုကွန်ရက် ပလက်ဖောင်းတွေ ဖြစ်ပြီး ၅ နှစ်မှ ၁၅ နှစ်အတွင်း ကလေးအားလုံးရဲ့ ၉၉ % ဟာ တီဗွီကြည့်ကြတယ်လို့ ဆိုပါတယ်။

ကလေးနဲ့ မိဘပေါင်း ၃၂၀၀ ကျော်ကို တွေ့ဆုံမေးမြန်းမှုအပေါ် အခြေခံထားတဲ့ Ofcom ရဲ့ အစီရင်ခံစာဟာ အသက် ၁၅ နှစ်အောက် ကလေးငယ်တွေရဲ့ မီဒီယာသုံးစွဲမှု အလေ့အထနဲ့ သူတို့ သုံးနေတဲ့ ထုတ်ကုန်တွေကို လေ့လာခဲ့တာပါ။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က