အမြင့်ဆုံးအပူချိန် ၃၉ ဒီဂရီစင်တီဂရိတ်အထိရှိနေပါတယ်။
နေပြည်တော်နဲ့ မုံရွာတို့မှာ အမြင့်ဆုံးအပူချိန် ၃၉ ဒီဂရီစင်တီဂရိတ်အထိရှိနေတယ်လို့ မိုးလေဝသနဲ့ ဇလဗေဒဦးစီးဌာနက နေ မတ်လ ၂၆ ရက်နေ့ နေ့လယ် ၂ နာရီခန့်က သတင်းထုတ်ပြန်ထားပါတယ်။

ဓါတ်ပုံ- asia news network

“ အပူချိန်က ၃၉ ဒီဂရီစင်တီထက်ပိုများတာတွေလည်းရှိခဲ့ပါတယ်။အပူဆုံးစံချိန်တော့ မချိုးသေးပါဘူး။ပုံမှန်ထက် ၁ဒသမ ၅ လောက်ပိုမှ ပုံမှန်ထက်ပိုတယ်လို့ ယူဆတာပါ။ရန်ကုန်က ကမ္ဘာအေးမှာ တော့ ဒီနေ့မှာ ၃၉ ဒီဂရီဖြစ်သွားပါတယ်။ပုံမှန်ထက် ၁ ဒီဂရီလောက်ပဲပိုတာဆိုတော့ ၁.၅ လောက်ပိုမှ ပိုတယ်ယူတာဆိုတော့ အပူချိန် အမြင့်ဆုံးမရောက်သေးပါဘူး။ ” လို့ မိုးလေဝသနဲ့ ဇလဗေဒညွှန်ကြားမှုဦးစီးဌာနက ညွှန်ကြားရေးမှုးချုပ် ဦးကျော်မိုးဦးက Duwun ကိုပြောပါတယ်။

ယမန်နှစ်က အပူချိန်မှာ ယခုနှစ်ထက်ပိုမိုများသည့်အပူချိန်ကိုရောက်ရှိခဲ့ပြီးတော့ စတုထ္ထအပူဆုံးနှစ်အဖြစ် စံချိန်တင်ခဲ့တယ်လို့ သူက ဆက်ပြောပါတယ်။

ါ့အပြင် ၂၀၁၆ ခုနှစ်အတွင်းကလည်း အယ်နီညိုရာသီဥတုကို ရောက်ရှိခဲ့တာဖြစ်ပြီး အပူဆုံးနှစ်ဖြစ်ခဲ့တယ်လို့ သိရပါတယ် ။

ဟားခါးမှာတော့ ၂၆ ဒီဂရီစင်တီစင်တီဂရိတ်ရှိနေတာဖြစ်ပြီးတော့ နေပြည်တော်၊ မန္တလေး၊မကွေး၊ကမ္ဘာအေးတို့မှာ အမြင့်ဆုံး အပူချိန် အထိရှိနေတာဖြစ်ပါတယ်။

Share

Loading Next Article...
က္က