ဒီနေ့မှာ ကမ္ဘာ့ဖလားဝင်ခွင့်အတွက် အဆုံးအဖြတ်ပွဲကစားရတော့မှာပါ။

ဒီနေ့ညက ကစားမယ့် ယူကရိန်းနဲ့ ကမ္ဘာ့ဖလားခြေစစ်ပွဲမှာ အနိုင်ရရှိခဲ့မယ်ဆိုရင် ပြိုင်ဘက်အသင်းကို တောင်းပန်မှာမဟုတ်ဘူးလို့ ဘေးလ်က ပြောဆိုလိုက်ပါတယ်။ ကာတာကမ္ဘာ့ဖလားဆီကို အရောက်သွားဖို့ အဆုံးအဖြတ်ပွဲကို ကစားရတော့မှာဖြစ်ပြီး ယူကရိန်းကို အနိုင်ယူခဲ့ပါက တောင်းပန်မှာလားဆိုတဲ့ မေးခွန်းကို ဘေးလ်က ပြန်လည်ဖြေဆိုခဲ့တာပါ။ 

စစ်ဘေးဒဏ်ကိုရင်ဆိုင်နေရတဲ့ ယူကရိန်းဟာ ကမ္ဘာ့ဖလားခြေစစ်ပွဲအောင်မြင်ဖို့အတွက် နောက်ဆုံးသောပွဲစဉ်ကို ကစားရမှာလည်းဖြစ်ပါတယ်။ တကယ်လို့သာ ဝေးလ်က အနိုင်ရခဲ့မယ်ဆိုရင် ယူကရိန်းအတွက် နာကျင်စရာတွေဖြစ်လာနိုင်မှာဖြစ်ပြီး ဒိလိုနာကျင်စေမှုအတွက် သူ တောင်းပန်မှာမဟုတ်ဘူးလို့ ဘေးလ်က ပြောခဲ့ပါတယ်။ 

"မတောင်းပန်ဘူး၊ ယူကရိန်းကို အနိုင်ရခဲ့တဲ့အပေါ်မှာ ကျနော်တောင်းပန်မှာမဟုတ်ပါဘူး၊ ဘာလို့လဲဆိုတော့ ဒါက ဘောလုံးလောကရဲ့ ကစားပွဲတခုပါ၊ ပြိုင်ပွဲတခုလည်းဖြစ်ပြီးတော့ ကျနော်တို့လည်း ဝင်ခွင့်ရချင်တာပေါ့၊ လူတိုင်းက ယူကရိန်းအပေါ်ကို စာနာမှုတွေရှိပါတယ်၊ ဘောလုံးက လူတိုင်းကို ညီညွှတ်စေတဲ့ အားကစားတခုပါ၊ ဒါကို ယူကရိန်းက ပေးစွမ်းနိုင်တယ်ဆိုတာလည်း နားလည်ပါတယ်"

"ဒါပေမယ့် ကျနော်တို့လည်း ကမ္ဘာ့ဖလားကို ဝင်ပြိုင်ချင်တယ်၊ ယူကရိန်းပြည်သူတွေကို ကျနော်တို့လည်း စာနာပါတယ်၊ ဒါပမေယ့် ဒီနေ့မှာ ကျနော်တို့ ပွဲကစားဖို့ရှိနေပြီး အနိုင်လည်းလိုချင်ပါတယ်၊ ကမ္ဘာ့ဖလားတခုတည်းအတွက် ကျနော်တို့ကစားရမှာပါ၊ ကမ္ဘာ့ဖလားပါ" လို့ ဘေးလ်က ထပ်ပြောခဲ့ပါတယ်။ 


ယူကရိန်းကတော့ သူတို့ရဲ့ ပြည်သူတွေအတွက် ကမ္ဘာ့ဖလားခြေစစ်ပွဲကိုအောင်မြင်အောင် ကစားပေးမယ်လို့ ပြောဆိုထားပါတယ်။ 

Share

က္က