ဝေးလ်တို့ ကမ္ဘာ့ဖလားကို ဝင်ရောက်ကစားခွင့်ရရှိခဲ့ပါပြီ။

နှစ်ပေါင်း ၆၄ နှစ်အကြာမှာတော့ ပထမဆုံးအကြိမ်အဖြစ် ဝေးလ်တို့ ကမ္ဘာ့ဖလားကို ဝင်ရောက်ယှဉ်ပြိုင်ခွင့်ရရှိသွားခဲ့ပါပြီ။ ယူကရိန်းနဲ့ ကစားခဲ့တဲ့ အဆုံးအဖြတ်ပွဲစဉ်မှာ ယာမိုလန်ကိုရဲ့ ကိုယ့်ဂိုးကိုယ်သွင်းယူခဲ့တဲ့ ဂိုးတဂိုးတည်းနဲ့ ဝေးလ်တို့ အနိုင်ရရှိခဲ့ပြီး ကာတာကိုသွားခွင့်လက်မှတ်ကို အရယူသွားနိုင်ခဲ့ပါတယ်။

ယူကရိန်းသားတွေကတော့ ကွင်းအတွင်းမှာ ငိုပွဲဆင်ခဲ့ရပြီး အကောင်းဆုံးကြိုးစားခဲ့ပေမယ့် သူတို့ရဲ့ ရည်မှန်းချက်ကို အကောင်အထည်မဖော်နိုင်ခဲ့ဘဲ ရှိနေခဲ့ပါတယ်။ ယူကရိန်းအတွက် တောက်လျှောက်ခြေစွမ်းပြနေတဲ့ ယာမိုလန်ကိုကတော့ တော်တော်လေးကို ကံဆိုးခဲ့ပြီး အသင်းအရေးနိမ့်ခဲ့မှုမှာ သူ့ရဲ့ ကိုယ့်ဂိုးကိုယ်သွင်းမှုအတွက် တရားခံသဖွယ်ဖြစ်နေခဲ့ရပါတယ်။ 

ဒါပေမယ့်လည်း ဒီပွဲကို လာရောက်ကြည့်ရှုခဲ့တဲ့ ယူကရိန်းစစ်ဘေးရှောင်ပြည်သူတွေကတော့ သူတို့အသင်းကို တခဲနက်အားပေးခဲ့ပြီး ပွဲအပြီးမှာလည်း အသင်းသားတွေနဲ့ နှုတ်ဆက်ခဲ့ကာ အပြန်အလှန်အားပေးမှုတွေကို ပြုလုပ်ခဲ့ကြပါတယ်။ ယူကရိန်းကစားသမားတွေကို ကွင်းလယ်ဒိုင်လူကြီးကအစ အားပေးနှစ်သိမ့်ခဲ့လို့လည်း တနည်းတဖုံအားဖြင့်တော့ စိတ်ကြည်နူးစရာဖြစ်ခဲ့ရပါတယ်။ 

ဂါရတ်ဘေးလ်ကတော့ သူ့ရဲ့ ကစားသမားဘ၀ကို အဆုံးမသတ်ခင်မှာ အဓိကပြိုင်ပွဲကြီးတခုမှာ အသင်းကို ဦးဆောင်ခွင့်ရရှိဦးမှာဖြစ်ပါတယ်။ ကမ္ဘာ့ဖလားအတွက် ယူကရိန်းကို အလျှော့ပေးမှာမဟုတ်ဘူးလို့ ပြောဆိုထားခဲ့တဲ့ ဘေးလ်ဟာ ဂိုးမသွင်းယူနိုင်ခဲ့ပေမယ့်လည်း အသင်းနိုင်ပွဲရဖို့အတွက်တော့ ကွင်းအတွင်းမှာ ဦးဆောင်ပေးနိုင်ခဲ့တာလည်းဖြစ်ပါတယ်။ 


Share

Loading Next Article...
က္က